သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၂)

12.7.2017 မနက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ် ခဏဝင်ပါတယ်။ အာင်သာယာဘုန်းတော်ကြီးကျောင်းလေး မိုရာမုန်တိုင်းထဲပါသွားတဲ့ကိစ္စ ကွပ်ကဲရေးမှူးကြီး သူရဦးစန်းလွင်က လျှောက်ထားပါတယ်။ အဲဒီနောက် လောင်းဒုံရွာကို ရောက်ပါတယ်။
ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးမရှိလို့ ကျောင်းဝင်းသော့ခတ်ထားပါတယ်။

စာသင်ကျောင်းလေးမှာ မိဘပြည်သူတွေနဲ့ တွေ့ဆုံပြီး ရိက္ခာတွေထောက်ပံ့ရင်း အားပေးနှစ်သိမ့်ကြပါတယ်။ ငပလီမြို့ ပုလဲရတနာဆရာတော်ကြီးက ဆုံးမသြဝါဒပေးပါတယ်။ ဒါက်တာအရှင်ဥတ္တမသီရိက အားပေးစကားပြောတဲ့အခါ ရခိုင်ပြည်သူများက အားရပါးရ လက်ခုပ်သြဘာတီးပြီး အားပေးကြတာတွေ့ရပါတယ်။

လာင်းဒုံရွာမှာ အသက် ၁၀၂ နှစ်အရွယ် အဖိုးတစ်ယောက်ရှိပါတယ်။ ၁၉၄၂ ခုနှစ် ရခိုင်ပြည် ဂျီဟတ်အလုပ်ခံရစဉ်တုန်းက သူဟာ ၂၀ကျော် အရွယ်ပါ။ အခုအချိန်ထိ ကောင်းကောင်းပြောပြနိုင်ပါသေးတယ်။ သူ့ကို မိုးကာအင်္ကျီတစ်ထည် အပိုဆုပေးခဲ့ပါတယ်။ လာင်းဒုံရွာသူရွာသားတွေကတော့ လူမျိုးအစုံအလင်ပါပဲ။