သတင်း

စည်းလုံးညီညာ အောင်ကြောင်းဖြာ

မန်း မ.ဘ.သ ဝိုင်းတော်သားများ ဒီကနေ့ 17.7.2017 ရက်နေ့ ညနေ ၅း၀၀ နာရီမှာ စည်းဝေးတိုင်ပင်ကြပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးအပါအဝင် ဆရာတော်သံဃာတော်များ မျိုးချစ်ဇာနည်မောင်မယ်များ အစုံအလင် တက်ရောက်ကြပါတယ်။

မ.ဘ.သ ရုံးကို လာရောက်စောင့်ရှောက်နေကြသည်မှာ တစ်ပတ်ပြည့်ပါပြီ။ အားလုံးဟာ ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ လာရောက်စောင့်ရှောက်နေကြခြင်း ဖြစ်ပါတယ်။

အကယ်၍ အစိုးရက အကြမ်းဖက်ဖြိုခွင်းလာရင်တောင် အကြမ်းဖက်တုန့်ပြန်ခြင်း လုံးဝမပြုဘဲ အနာခံပြီး ကာကွယ်စောင့်ရှောက်သွားကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ သံဃာတွေကိုထိရင် သည်းမခံနိုင်တဲ့လူငယ်တွေအတွက် ဆုံးမသြဝါဒတွေ တစ်ပါးချင်း ပေးကြပါတယ်။

ခံစစ်ကောင်းရင် တိုက်စစ်လန်ရတာပါပဲ။ ဒီနည်းဗျူဟာနဲ့ အမျိုးဘာသာ သာသနာအတွက် ရပ်တည်ဆောင်ရွက်သွားမှာပါ။