သတင်း

စစ်တွေမှာ အပန်းဖြေစရာ

11.7.2017 မှ 15.7.2017 ထိ ရခိုင်ပြည်နယ် မောင်တောခရီးစဉ် နောက်ဆုံးနေ့ 15.7.2017 ညနေပိုင်းမှာ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မ.ဘ.သ နောင်တော်ညီတော်များနှင့်အတူ မျိုးချစ်များအားလုံး 2012 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နေရာများကို လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။

အဲ့ဒီနောက် ပင်လယ်ကမ်းစပ်မှာ ပင်လယ်လေကိုအဝရှူရင်း အပန်းဖြေကြပါတယ်။ ရာသီဥတုကသာယာ၊ လေကလေးက တဖြူးဖြူး အငံဓာတ်ပါတဲ့ ဆားငွေ့လေကိုရှူရတာ နှာခေါင်းထဲကို စူးရှသွားအောင် လေးနက်ပါတယ်။ ဝမ်းဗိုက်ထဲ ရှင်းသွားအောင် ထိရောက်ပါတယ်။

ပင်လယ်လေရှူလိုက် သက်သောင့်သက်သာနားလိုက် ရယ်စရာမောစရာပြောလိုက် စုပေါင်းဓာတ်ပုံရိုက်လိုက်နဲ့ ဘဝအမောတွေ ပြေသွားလောက်အောင်ကို အရသာရှိပါတယ်။ စစ်တွေသူစစ်တွေသား ရခိုင်သူရခိုင်သားအားလုံးကို ကျေးဇူးတင်မဆုံးပါ။

ထောင်ကလွတ်ပြီးကတည်းက အခုလို အေးချမ်းသာယာသော အပူအပင်ကင်းသော သက်သောင့်သက်သာရှိသော နားနေမှုများ မကြုံရသေးပါ။ ဒီတစ်ခါတော့ အတော်လေးကို အရသာတွေ့ခဲ့ပါတယ်။ အပန်းလည်းပြေခဲ့ပါတယ်။ ဆားငွေ့လေကို ထပ်မံရှူရှိုက်ချင်ပါသေးတယ်။