သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၂)

 

မေး – အရှင်ဘုရားရဲ့ အားအရ ဆုံးအောင်မြင်မှုလို့ဆိုတဲ့ ထေရဝါဒ တိုက်ပွဲနဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်နှစ်အုပ်လုံးဟာ ဈေးကွက်မှာ မတွေ့ရတော့ပါဘူးဘုရား။ စာအုပ်တွေ ပြန်ထုတ်ဖို့ ရှိပါသလားဘုရား။

ဖြေ – အဲဒီစာအုပ်တွေ ဦးဇင်း မော်စကိုက ပြန်လာကတည်းကိုက တမ်းတမ်းတတ တိုက်တွန်းတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်တဲ့သူက ဝင်သွားပြီ။ ဒီအချိန်ထိ ဆက်တိုက်နေရင် မကောင်းတော့ဘူးထင်တယ်။ ဒါကြောင့် ဆက်မထုတ်ဖြစ်တော့တာပါ။
မေး – လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကက အရှင်ဘုရားကို တရားဟောခွင့်ပိတ်ထားတယ်ပေါ့ဘုရား။ တရားဟောခွင့်ပိတ်ထားတဲ့အချိန်မှာ အရှင်ဘုရား ဘာတွေလုပ်နေသလဲ။ တရားဟောခွင့်ပြန်ရတဲ့အခါမှာရော ဘာတရားတွေဟောမလဲဆိုတာ သိချင်ပါ တယ်ဘုရား။
ဖြေ – နံပါတ်တစ်ကတော့ ဦးဇင်းမှာ အလုပ်ကြီးအကိုင်ကြီးတွေ မလုပ်ရဘဲနဲ့ ကားပေါ်မှာတင် အချိန်ကုန်နေရတဲ့ ဘဝမျိုးကြီးမှ လွတ်မြောက်လို့ သက်သာသွားတယ်ပေါ့နော်။
ခုတော့ အလုပ်ကြီးအကိုင်ကြီး လုပ်ရပြီး။Youtubeမှာ ဗီဒီယိုဖိုင် တွေတင်တယ်။ အဲဒီဗီဒီယိုဖိုင်က မြန် မာနိုင်ငံကိုသာမကဘူး တစ်ကမ္ဘာလုံးကိုပါ ကာကွယ်စောင့်ရှောက်နိုင်မည့် တပ်လှန့်နှိုးဆော်သံတွေဖြစ်တယ်။
နောက်- တခြားအမျိုးသားရေးနဲ့ပတ်သက်တဲ့ အကြံပြုစရာတွေ၊ အကြံပြုချက်တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက်အများကြီး လုပ်ဆောင်နိုင်သွားတာပေါ့နော်။
တကယ်လို့ တရားဟောခွင့်ရရင်တောင်မှ တရားဟောချင်စိတ်မရှိတော့ပါဘူး။ အမျိုးစောင့်ဥပဒေအောင်သွားရင် တရားမဟောတော့ဘူးလို့ ဆုံးဖြတ်ထားတာကိုး။
အဲဒါကြောင့်မို့ ဦးဇင်းကတော့ တရားမဟောချင်တော့ဘူးလို့ စိတ်ထဲမှာ ဖြစ်နေတာပေါ့လေ။

မေး – အရှင်ဘုရားYoutubeကိုတင်တဲ့ ဗီဒီယိုဖိုင်တွေနဲ့ပတ်သက်ပြီး တဖက်က တရားစွဲမယ်လို့ လေသံပစ် နေတာကြားရပါတယ်ဘုရား။ အဲဒါတွေ အတွက်ကော ဘာတွေများ ပြင်ဆင်ထားပါသလဲ။
ဖြေ – ဦးဇင်းက ဒီကျမ်းစာထဲမှာ ပါတဲ့အတိုင်း စာတွေကိုဖတ်ပြတာပေါ့နော်။ အဲဒီကျမ်းစာထဲကအတိုင်း အကောင်အထည်ဖော်နေတဲ့ ဂျီဟတ်ဝါဒီတွေရဲ့ သတင်းတွေ လုပ်ရပ်တွေကိုလည်း နှိုင်းယှဉ်ပြီး ပြတာပေါ့နော်။ ဦးဇင်းကို မကျေနပ်ကြရင်၊ စော်ကားတယ်လို့ ယူဆကြရင် တရားစွဲကြပေါ့။ ဦးဇင်းကတော့ ဥပဒေဘောင်ထဲကနေ အလုပ်လုပ်တဲ့ အတွက်ကြောင့် ဦးဇင်းခြေလှမ်းတွေကတော့ နောက်တွန့် သွားမှာမဟုတ်ဘူး၊ ကြောက်ရွံ့သွားမှာမဟုတ်ဘူး။
မေး – အရှင်ဘုရားအနေနဲ့ သဘာဝဘေးဒဏ်သင့်နေရာတွေမှာ သွားလှူတယ်။ ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ သွားလှူတယ်။ ဒါပေမယ့် ရခိုင် ပြည်နယ်ကို အများဆုံးသွားလှူတာ တွေ့ရပါတယ်ဘုရား။ အဲတော့ အရှင်ဘုရားအနေနဲ့ ဘာကြောင့်ရခိုင်ပြည်နယ်ကို ဦးစားပေးလှူဖြစ်တယ် ဆိုတာကို သိချင်ပါတယ်။
ဖြေ – တံခါးပေါက်တွေကတော့ မလုံတာတွေများတာပေါ့နော်။ အဲဒီထဲမှာမှ အန္တရာယ်အကြီးဆုံးဒုက္ခပေးနိုင်တာကတော့ အနောက်တံခါးကိုး။
အနောက်တံခါးမှူးတွေ ကြည့်လိုက်တဲ့အခါကျတော့ တော်တော် အင်အားချိနဲ့နေကြပြီပေါ့။ ဥပမာ အရှေ့တံခါးမှူးတို့၊ မြောက်တံခါးမှူးတို့ဆိုတာ ဖွံ့ဖြိုးတဲ့အရပ်ဒေသမှာရှိတော့ သူတို့တတွေက ကိုယ့်တံခါးကိုယ် နိုင်အောင်ထိန်းနိုင်တာပေါ့။ အနောက်တံခါးကျတော့ အင်အားချိနဲ့နေတဲ့အတွက်ကြောင့် သူတို့ချည်း မတတ်နိုင်တော့ဘူး။ နောက်က ပံ့ပိုးထောက်ပံ့မည့် တပ်ကူတွေ လိုအပ်နေပြီပေါ့။ အဲဒီအတွက် ဦးဇင်းက အနောက်တံခါး ကို ဦးစားပေးပြီးတော့သွားတာပါ။

မေး – မေလ ၂၉ ရက်နေ့က လုပ်တဲ့ မဘသ အထူးအသိပေးရှင်းလင်းပွဲမှာ အရှင်ဘုရားပြောခဲ့တာ တစ်ခုရှိပါတယ်ဘုရား။ အရှင်ဘုရားရဲ့ ဖေ့ဘွတ်ခ်က ပို့စ်တွေအားလုံးဟာ အရှင်ဘုရားကိုယ်တိုင်ရေးတာဖြစ်ပြီး အားလုံးကို တာဝန်ယူတယ်လို့ ပြောခဲ့တာ တွေ့ရပါတယ်ဘုရား။
အဲတော့ အရှင်ဘုရားကို အားကျ အတုယူနေတဲ့ ရဟန်းတွေရော လူတွေ ရောရှိပါတယ်ဘုရား။ အဲဒီအထဲမှာ ဒေါက်တာဘွဲ့တွေလည်းရပြီး၊ ဓမ္မာစရိယတွေလည်းရထားတဲ့ ရဟန်းတွေတောင် ပါဝင်တာကိုတွေ့ရပါတယ်။
အရှင်ဘုရားရေးသမျှစာတွေကို သူတို့အားလုံးက တပ်ထွက်မိန့်ခွန်းတွေ လိုပဲတရိုတသေ ဖတ်ကြမှတ်ကြပါ တယ်ဘုရား။
အဲဒီအချိန်မှာ အရှင်ဘုရားရေးတဲ့ မတင်ရွှေတို့၊ Live လွှင့်တာကိုတော့ တချို့က သဘောမတွေ့ကြပါဘူး။ ဆိုတော့ ဘာကြောင့် အဲဒီလိုဟာတွေလုပ်ဖြစ်လဲဆိုတာ သိချင်ပါတယ်ဘုရား။
ဖြေ – စာနာစိတ်ကလေးတွေ တစ်ဖက်သားတွေရဲ့ သန္တာန်မှာ ကိန်းသွားစေဖို့ပါ။ ဘယ်လိုလဲဆိုရင် အခု ရွာမဆရာတော်ကြီးကို သူတို့တွေ ပစ်ပစ်ခါခါဝေဖန်တယ်။ တချို့ဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းကို ပြစ်မှားတယ်ပေါ့နော်။
အဲဒီလို ပြစ်မှားတဲ့သူတွေဟာ တခြားဘာသာဝင်တွေဆိုရင်တော့ မပြောလိုဘူးပေါ့လေ။ ဒါပေမဲ့ အဲဒီထဲမှာ ဗုဒ္ဓဘာသာဝင်တွေပါနေတယ်။ ဗုဒ္ဓ ဘာသာဝင်တွေထဲမှာလည်း နိုင်ငံရေးသမားတွေ၊ ခေတ်ပညာတတ်တွေလည်း ပါဝင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ရဟန်းလို့ခံယူ ထားတဲ့နိုင်ငံရေး ဘုန်းကြီးတွေလည်း ပါဝင်နေပြန်သေးတယ်။ သူတို့တတွေက ရွာမဆရာတော်ကြီး သီတဂူဆရာတော်ကြီးတို့လို ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကို ပယ်ပယ်နယ်နယ် စော်ကားတဲ့အခါမှာ အဲဒီပို့စ်တွေဖတ်ရတဲ့ ရဟန်းရှင်လူပြည်သူတွေဟာ စိတ်နှလုံးထိခိုက်ရတယ်ပေါ့။
အဲတော့ သူတို့ခေါင်းဆောင်တစ် ဦးတစ်ယောက်အတွက်နဲ့ပဲ သာသနာတော်တစ်ရပ်လုံးကို သူတို့တတွေက စော်ကားတဲ့အခါ ဒီသာသနာကိုချစ် မြတ်နိုးတဲ့သူတွေရဲ့ ရင်ထဲမှာ အဲဒီိလို စူးနစ်ကြေကွဲကုန်ကြတာပေါ့။
ဒီလိုစော်ကားပြစ်မှားတာ၊ ဒီလိုပို့စ်တွေလောက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် တင်နိုင်တယ်။ အဲဒီလိုတင်တဲ့အခါကျရင်လည်းပဲ ဘယ်ဥပဒေ ဘယ်ပုဒ်မနဲ့မှ အရေးယူလို့မရအောင် ရေးတတ်တယ်။ အဲဒီလိုရေးလိုက်ရင်လည်းပဲ ဆဲစရာမလိုဘဲနဲ့ အသည်းနာအောင်ရေးတဲ့သဘောမျိုး ပညာသားပါတယ်။ အဲဒီလိုရေးတာတွေတွေ့လိုက်ရင်လည်း လုံးဝမခံမရပ်နိုင်အောင်ဖြစ်ကြမယ်။ အဲဒီလိုစိတ်မျိုး ပေါ်လာတဲ့အချိန်မှာ ငါ-ဆရာတော်သံဃာတော်ကြီးတွေကို ဒီလိုပြစ်မှားတဲ့အခါမှာ သူတို့တတွေလည်း ဒီလိုခံစားရမှာပဲဆိုတဲ့ စာနာစိတ်ကလေးပေါ်လာအောင် ရေးတာက အဓိကပါ။
ဦးဇင်းဖေ့ဘွတ်ခ်ကို တခြားလူတွေကကိုင်တယ်၊ ဦးဇင်းက နာမည်ခံရုံပဲလို့ ဝေဖန်နေတဲ့သူတွေများတယ်လေ။ နောက်ပြီးတော့ တရားပွဲအပိတ်ခံလိုက်ရလို့ မြေသျှိုးသွားတဲ့ပုံစံမျိုးတွေ သုံးသပ်နေကြတာပေါ။ ဒါတွေကြောင့် Live လွှင့်ပြီး ကိုယ်ထင်ပြတဲ့သဘောပါ။

မေး – ရခိုင်အရေးနဲ့ပတ်သက်လို့ မေယုတောင်တန်းမှာ ဘင်္ဂါလီတွေရဲ့ စစ်စခန်းတွေ တွေ့တယ်ဆိုတာမျိုးကို နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်ဘုရား။ ရခိုင်ဟာ ဖီလစ်ပိုင် မင်ဒါနာအိုလိုမျိုး အချိန်မရွေးဖြစ်နိုင်တယ်ဆို တဲ့သုံးသပ်ချက်တွေကလည်းပဲ ရှိနေပါတယ်ဘုရား။ ဘူးသီတောင်၊ မောင်တောဟာ ဘာသာခြား၊ လူမျိုးခြားတွေ ၉ဝ ရာခိုင်နှုန်းကျော်ရှိနေတော့ အကြမ်းဖက်အစွန်းရောက်တွေ အတွက် ရေခံ မြေခံကောင်းလို့ ဆိုရမှာပါဘုရား။ ဆိုတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုကာကွယ်မှု တွေလုပ်သင့်လဲဘုရား။
ဖြေ – နိုင်ငံတော်အတိုင်ပင်ခံရုံးက မြေအောက်လှိုဏ်ဂူတွေ၊ တောင်တွေမှာဖောက်ထားတဲ့ စစ်ရေးလေ့ကျင့် နိုင်တဲ့ဂူတွေကိုတွေ့တာ နောက်ကျတယ်လို့ ပြောရမယ်ထင်တယ်။ အဲဒီ လိုမျိုးတွေကို ၂ဝ၁၆ အောက်တိုဘာကတည်းက တွေ့ထားတာတွေရှိခဲ့တယ်။
အဲဒါတွေကို သူတို့တွေက ကမ္ဘာကြီးကို ချမပြဘဲ ဒီအတိုင်းထားတဲ့အတွက် ကမ္ဘာကြီးက သိတာနောက်ကျတာပေါ့။
မောင်တောမှာရှိတဲ့ ပြည်သူတွေကတော့ အချိန်မရွေး အကြမ်းဖက်အန္တရာယ်ကြုံလာနိုင်တဲ့ ဘဝမျိုးပါပဲ။ မောင်တောမြို့ကြီးဟာလည်း အချိန်မရွေး ကျဆုံးသွားနိုင်တဲ့ မြို့ကြီးပါပဲ။
အဲဒါတွေကို ၂ဝ၁၂ နောက်ပိုင်း အရင်အစိုးရကိုင်တွယ်တာတွေ ကာကွယ်ရေးစနစ်တွေ တော်တော်လေးကောင်းတယ်။
ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုရင် ဦးဇင်းတို့ရခိုင်ရောက်တဲ့အခါ ရခိုင်သူ ရခိုင်သား အကုန်လုံးနီးပါးကိုက ကျေနပ်မှုတွေရှိကြတယ်။ ချီးကျူးကြတယ်ပေါ့။
အဲဒီအစီအမံတွေဟာ လူ့အခွင့်အရေးဆိုတာတွေနဲ့၊ အန်ဂျီအိုဆိုတာ တွေက ဟိုဝေဖန် ဒီဝေဖန်လုပ်တာတွေ နဲ့ အစိုးရသစ်လက်ထက်မှာ တော်တော်များများ ပျက်သွားတာတွေ့ရတယ်။
ဥပမာ စစ်တပ်လုံခြုံရေးချထားတယ်။ အဲဒါကို ဘင်္ဂလားဒေ့ရှ်နဲ့ ဘယ်နှစ်မိုင်အတွင်းမချရဘူးလို့ အန်ဂျီအိုတွေက ဝေဖန်တယ်။ အဲတော့ စစ်တပ်က ဆုတ်သွားရတယ်။ အဲဒီအချိန်မှာ အကြမ်းဖက်သမားတွေ ဝင်တယ်ပေါ့။ အန်ဂျီအိုတွေက အကြမ်းဖက်သမားတွေဝင်လို့ရအောင် ဥပဒေဘောင်ထဲက နေလမ်းခင်းပေးနေသလားတောင် သံသယဖြစ်ရတယ်။
အဲဒါကြောင့်မို့ ဒီအစိုးရလည်း အရင်အစိုးရထက်မသာရင်တောင် အရင်အစိုးရလိုပဲ ရခိုင်ပြည်ကြီးကို ကာကွယ်ပါလို့ ပြောချင်တယ်။

(ဆက်လက်ဖော်ပြပါမည်)