သတင်း

ဓမ္မအလင်း သြဝါဒ


 

“ဓမ္မအလင်း သြဝါဒ”

 

8.7.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းကျေးရွာ တရားပွဲသွားရင်း ဆိပ်ဖြူမှ နောင်တော်ကြီး ဦးဣန္ဒာသက္ကနှင့် မဘသဝိုင်းတော်သားများက လာရောက်ကြိုဆိုရင်း ဓမ္မအလင်းမှာ ခဏနားကြတာပါ။

ဆိပ်ဖြူမြို့ ဓမ္မအလင်းစာကြည့်တိုက်မှာ ခဏနားပါတယ်။ ဓမ္မအလင်းစာကြည့်တိုက် လူငယ်အဖွဲ့နှင့် ဓမ္မစကူးလ်ဆရာမများအား သြဝါဒပေးပါတယ်။

စာကြည့်တိုက်သမားတွေဖြစ်နေလို့ အန္ဓသုတ္တန်ကို နားလည်သလို ရှင်းပြပေးတာပါ။ လောကမျက်လုံးပွင့်ပြီး ဓမ္မမျက်လုံးပိတ်နေသူကို တစ်ဖက်ကန်းလို့ခေါ်တယ်။

ဓမ္မမျက်လုံးပွင့်ပြီး လောကမျက်လုံးပိတ်နေသူကိုလည်း တစ်ဖက်ကန်းလို့ခေါ်တယ်။ နှစ်လုံးစလုံး ပိတ်နေရင် စုံလုံးကန်း၊ နှစ်လုံးစလုံးပွင့်နေမှ နှစ်ဖက်မြင်လို့ ခေါ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားကတော့ နှစ်ဖက်မြင်သူကိုမှ မြင့်မြတ်သောပုဂ္ဂိုလ်လို့ ဂုဏ်ပြုဟောကြားခဲ့ပါတယ်။ ပရိသတ်အားလုံး နှစ်ဖက်မြင် ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ…။