Monthly Archives: February 2018

သတင်း

ရွှေတိဂုံ စေတိယင်္ဂဏ ရာပြည့်ပွဲ နေ့ဆွမ်းအလှူတော်

17.2.2018 ရက်နေ့ မနက်ပိုင်း စာအောင်ဆုနှင်းသဘင်အခမ်းအနားအပြီးမှာ နေ့ဆွမ်း ဆက်ကပ်ပါတယ်။ ပြည်တွင်းပြည်ပမှ စေတိယင်္ဂဏ အဘိဝံသဘွဲ့ရဆရာတော်များ ဂဏဝါစက ဓမ္မာစရိယဘွဲ့ရဆရာတော်များ ဝဋံသကာဘွဲ့ရဆရာတော်များ စုံလင်ကြပါတယ်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဂါရဝပြု ဖူးမြော် နှုတ်ဆက်ဖြစ်ပါတယ်။ ဆရာတော်ကြီးများက စာရေးသူအား မေတ္တာပို့ ဆုတောင်းပေးကြပါတယ်။ မန္တလေး ချမ်းအေးသာစံမြို့နယ် မိုးကောင်းကျောင်းတိုက် ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ (သ.စ.အ ဓမ္မာစရိယ ဝဋံသကာ) ဆွမ်းစားအပြန်မှာ နှုတ်ဆက်ခွင့်ရပါတယ်။ ဆရာတော်ကြီးက လှိုက်လှိုက်လှဲလှဲ ပြန်လည်နှုတ်ဆက်ပါတယ်။ ဝီရသူ ကောင်လေး တောက်တီးတောက်တဲ့တွေ လျှောက်လုပ်နေပေမဲ့ စာကျ ရသားပဲဟု မိန့်တော်မူဖူးသော ဆရာတော်ကြီးဖြစ်ပါတယ်။ ဆရာတော်ကြီးက ကြုံတုန်းကြုံခိုက် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ၁။ မြိတ်မြို့ ဝက်တိုက်ကျောင်းဆရာတော် ဦးတေဇိန္ဒမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၂။ မြိတ်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မဝံသာနုရက္ခိတအဖွဲ့မှ အလှူငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ်၊ ၃။ မြိတ်မြို့၊ ပါရမီရပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၄။ မြိတ်မြို့ ဝံသာနုရက္ခိတအဖွဲ့ ဇေယျာသီရိ(၄)ရပ်ကွက်မှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ ၅။ မြိတ်မြို့ ကျွဲကူးရွာ ဦးတင့်ဂွမ်+ဒေါ်သန်းညို(ဓမ္မဝံသာနုရက္ခိတအဖွဲ့)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၆။ မြိတ်မြို့ ...
သတင်း

ရွာမဆရာတော်ကြီးမွေးနေ့ပွဲ- ၃

18.2.2018 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာပါ။ ဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်သော ရွှေရတုတိပိဋက မော်ကျွန်းဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် အပါအဝင် တပည့်ကြီးငယ်များ မဘသ(ဗဟို)ဦးဆောင်ဆရာတော်များ အမျိုးသားရေးအင်အားစုများ ဧည့်ပရိသတ်များ အလှူရှင်များ တက်ရောက်ကြပါတယ်။ ရွာမဆရာတော်ကြီး ရွှေရတုတိပိဋကဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့က အသီးအသီး သြဝါဒပေးကြပါတယ်။ ပထမကျော် ဆရာကြီး ဦးစံသင်းလှိုင်က အခန်းအနားမှူးအဖြစ်လည်းကောင်း၊ ကျေးဇူးဆပ် ကဗျာများ ရွတ်ဖတ်ပူဇော် ဆောင်ရွက်ပါတယ်။ ပအို့ဝ်တိုင်းရင်းသူ တိုင်းရင်းသားများက အခမ်းအနားအပြီးမှာ ဆရာတော်ကြီးအား သီးသန့် ဘုရားစာများရွတ်ဖတ်ပြီး မေတ္တာပို့ ဆုတောင်း ပူဇော်ကြပါတယ်။ ရွာမဆရာတော်ကြီး၏ သက်တော်(၇၉)နှစ်ပြည့် မွေးနေ့ပွဲပါ။ စည်ကားသိုက်မြိုက်စွာ တွေ့ရပါတယ်။ ရွာမဆရာတော်ကြီး ...
သတင်း

မင်းကွန်း တိ/နိ ညီတော်များနှင့်အတူ

20.2.2018 မွန်းလွဲပိုင်းမှာ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်း မဟော်မြေကွက်သို့ ရောက်ရှိပါတယ်။ မင်းကွန်း တိ/နိ ဆရာတော်လေးများ အလှူငွေ လာရောက်လှူဒါန်းကြလို့ပါပဲ။ စာရေးသူတို့မရောက်ခင် မြေကွက်နှစ်ခုလုံး လိုက်လံကြည့်ရှုကြတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်တောင်ခြေရှိ မဟော်သဓာမြေကွက်ထဲက သရက်ပင်ကြီးအောက်မှာ လေညှင်းလေးခံပြီး အေးအေးဆေးဆေး ရှိလှတာကို သဘောကျနေကြပါတယ်။ ကွပ်ပျစ်ကလေးလုပ်ထားတော့ နားနားနေနေ အပန်းဖြေလို့ရတာပေါ့။ ရှင်းလင်းဆောင်လေးမှာ အလှူငွေ ပေးအပ်ကြပါတယ်။ အလှူငွေပေးအပြီးမှာ ညီတော်မောင်များနှင့် ကြုံတုံးကြုံခိုက် သာသနာရေးများ ဆွေးနွေးကြပါတယ်။ လာရောက်လှူဒါန်းကြတဲ့ ဆရာတော်လေးတွေထဲမှာ နှစ်ပုံအောင်ပြီး အဘိဓမ္မာရှေ့ပိုင်း အာဂုံအောင်ထားသူတွေ နှစ်ပုံပြီးသူတွေ တစ်ပုံပြီးသူတွေ တစ်ပုံအာဂုံဆောင်သူတွေလည်း ပါပါတယ်။ နာမည်ကြီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမရပူရမြို့၊ ကျွန်းကျောင်း မခမာဉာဏီမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (22.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ လှိုင်သာယာနေ ကိုကြည်နိုင်+မကျင်ဌေး (ဆန်မြို့တော်-ဆန်ရောင်းဝယ်ရေး)မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (21.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၃၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမရပူရမြို့၊ စတုဘုမ္မိကကျွန်းကျောင်း ဒေါ်သုထေရီ အမှူးထား၍ မကေလာသီမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (22.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း

စေတိယင်္ဂဏ ရာပြည့်ပွဲအကြို ဆုပေးပွဲ

17.2.2018 ရက်နေ့ မနက်ပိုင်းမှာ စေတီတော်ရင်ပြင် ရာဟုထောင့် ဓမ္မာရုံမှာ ကျင်းပပါတယ်။ နံပါတ်သတ်မှတ်ထားသည့်အတိုင်း သံဃာတော်များ နေရာယူကြပါတယ်။ စေတိယင်္ဂဏဝဋံသကာဘွဲ့ရ ဆရာတော်များနှင့် ကျမ်းပြီးဘွဲ့ရ ဆရာတော်များက သက်သက်၊ စာသင်တန်းအောင် ဘိဝံသဘွဲ့ရ ဆရာတော်များကသက်သက် သီးခြားစီ နေရာပေးထားပါတယ်။ ယခုနှစ် စာအောင်သံဃာ ၇ ပါးကို ဘွဲ့တံဆိပ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပါတယ်။ စာချတန်းကျမ်းပြီးဘွဲ့ရ ဆရာတော် ၃ ပါး၊ စာသင်တန်း အဘိဝံသဘွဲ့ရ ဆရာတော် ၄ ပါးတို့ ဖြစ်ပါတယ်။ အင်မတန်ကံကောင်းတဲ့ ကံထူးရှင်ဆရာတော်လေးများပါ။ ပထမဆုရရှိသူကို ဆုငွေ သိန်း ၃၀ အထိ ...
မန်းမဟော်သဓာသတင်း

မဟော်သဓာလေးတွေနှင့် အတူ

တပေါင်းလဆန်း (၈)ရက် 22.2.2018 ရက်နေ့ ညနေပိုင်းမှာ မန်း မဟော်သဓာ ကျောင်းတော်ရာသို့ ရောက်ရှိခဲ့ပါတယ်။ အစည်းအဝေးကျင်းပဖို့ အလှူငွေပေးအပ်ပွဲတွေ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲတွေ ကျင်းပဖို့အတွက် ဆောင်လုပ်ထားတဲ့ ရှင်းလင်းဆောင်လေးမှာ ပူဇော်ကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ခဲ့ကြပါတယ်။ ၄င်းနောက် သစ်ပင်စိုက်ဖို့ နေရာများ မှတ်သားရင်း ကလေးငယ်လေးတွေရောက်လာလို့ ကလေးငယ်လေးတွေနဲ့ စကားပြောဖြစ်ပါတယ်။ ကလေးတွေကတော့ ဘုန်းကြီးလာရင် မုန့်ဖိုးပေးတတ်တယ်ဆိုတာပဲ သိကြတာပါ။ နမောတဿ သရဏဂုံ ငါးပါးသီလ ရှေ့မှတိုင်ပေးစရာမလိုပဲ ရွတ်ဆိုနိုင် ဆောင်တည်နိုင်ကြပါတယ်။ ဘုရား တရားကို အားကိုးတတ်ဖို့ နမောတဿ နာနာရွတ်ဖို့၊ အိပ်ယာဝင် အိပ်ယာထ အမြဲဘုရားရှိခိုးဖို့ ...
နဂါးနီစုဘူးသတင်း

မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (၂၄.၂.၂ဝ၁၈) မွန်းလွဲ(၂း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၇၀)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၂၀)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (၁၇.၁ဝ.၂ဝ၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၉၀)ဦးရှိပြီး ...
သတင်း

ရွာမဆရာတော်ကြီး မွေးနေ့ပွဲ ၂

17.2.2018 မွန်းလွဲပိုင်းမှာ ကျင်းပတာပါ။ ကျေးဇူးရှင် အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော် ၇၉ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နိုင်ငံရေးပါတီများ အမျိုးသားရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများအား အသီးသီး တွေ့ဆုံ သြဝါဒ ပေးတဲ့အခမ်းအနားလေးပါ။ အဲဒီအခမ်းအနားမှာ တိုင်းရင်းသား လူမျိုးစုများအား ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များကလည်း ဝမ်းမြောက်စကား လျှောက်ထားကြပါတယ်။ အဲဒီအထဲမှာ ပအို့ဝ်ခေါင်းဆောင် စိုင်းအောင်ခမ်းထီလည်း ပါပါတယ်။ အသက်အရွယ်ကြီးလို့ လမ်းမလျှောက်နိုင်တော့ပေမဲ့ ကျန်းမာရေးတော့ ကောင်းမွန်ပုံရပါတယ်။ အခမ်းအနားအပြီးမှာ တစ်ဖွဲ့ချင်းစီအလိုက် ဓာတ်ပုံရိုက်ကြပါတယ်။ ရိုးရာယဉ်ကျေးမှုဝတ်စုံများနှင့် တိုင်းရင်းသားများကို တွေ့မြင်ရတာ အင်မတန်ကျက်သရေရှိပါတယ်။ ဒီယဉ်ကျေးမှု ဒီအမွေအနှစ်တွေ ထိန်းသိမ်းနိုင်အောင် စာရေးသူလည်း တိုင်းရင်းသားများတရားပွဲတွေမှာ အမြဲတမ်း ဟောကြားခဲ့ပါတယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၃၈

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ပါရမီပျိုးခင် ပရဟိတအသင်းမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (20.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ဘဏ္ဍာရေးကော်မတီ အစည်းအဝေး

တပေါင်လဆန်း(၈)ရက် 22.2.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ) မစိုးရိမ် နိရုတ္တိနယူပဒေသကျောင်းနာယကဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနှင့် သံဃာတော်များ တရားလွှတ်တော်ရှေ့နေ ဆရာကြီးဦးဇော်ဝိတ်နှင့် ဘဏ္ဍာရေးကော်မတီ စာရင်းစိစစ်ရေးကော်မတီတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေး တက်ရောက်သူအားလုံး တက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။ ဘဏ္ဍာရေးမှူးအဖြစ် အမရပူရမြို့မှ ဦးခင်မောင်ကျော်၊ တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် သဟာယကျောင်းမှ ကိုအေးကိုတို့ကို အဆိုပြု ရွေးချယ် တင်မြှောက် အတည်ပြုနိုင်ခဲ့ကြပါတယ်။ ဘဏ်စာအုပ် ငွေထုတ်ငွေသွင်း ...
သတင်း

မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး

ဒီနေ့ တပေါင်းလဆန်း(၉)ရက် 23.2.2018ရက်နေ့မှာ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆိုကြပါတယ်။ စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး မြေညီထပ်မှာ တာဝန်ကျပါတယ်။ စာရေးသူနှင့်အတူ မစိုးရိမ်တိုက်သစ် နာယကငယ်များဖြစ်ကြတဲ့ အရှင်ပညာဇောတာဘိဝံသ၊ အရှင်သူရိယာဘိဝံသ၊ အရှင်သောဘိတာဘိဝံသတို့လည်း ဓမ္မမဟိဒ္ဓိမြေညီထပ်မှာပဲ တာဝန်ကျတာပါ။ ဓမ္မစေတိယကျောင်း စာချဆရာတော် သာသနဓဇဓမ္မာစရိယ ဦးဇောတိကနှင့် စာချဆရာတော်လေးများလည်း ကြီးကြပ်ရေးတာဝန် ဆောင်ရွက်ကြပါတယ်။ စာရေးသူတို့အထပ်မှာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် စာချတန်းတို့ ဖြေဆိုကြပါတယ်။ ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး တစ်နှစ်သုံးကြိမ် ကျင်းပပါတယ်။ လေးလတစ်ကြိမ် ကျင်းပတာပါ။ ယခုအကြိမ်ကတော့ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။ မကြာခင် အစိုးရအတန်းတင်စာမေးပွဲကြီး ဖြေဆိုကြရပါတော့မယ်။ စာဖြေသံဃာအားလုံး ...
သတင်း

ရွာမဆရာတော်ကြီး မွေးနေ့ပွဲ

17.2.2018 မွန်းလွဲပိုင်းမှာ အင်းစိန်ရွာမ စာသင်တိုက်ကြီးသို့ ရောက်ရှိခဲ့ပါတယ်။ ကျေးဇူးရှင် ရွာမဆရာတော်ကြီး သက်တော် ၇၉ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနားပါ။ အခမ်းအနားမှာ နိုင်ငံရေးပါတီများ၊ အမျိုးသားရေးအင်အားစုများ၊ တိုင်းရင်းသူ တိုင်းရင်းသားများ အသီးအသီး သြဝါဒခံယူတဲ့အစီအစဉ်လည်း ပါပါတယ်။ စာရေးသူရောက်သွားတဲ့အချိန်မှာတော့ နိုင်ငံရေးပါတီများ အခန်းကဏ္ဍ ပြီးဆုံးသွားပါပြီ။ ဆရာတော်ကြီးက သြဝါဒပေးတာတွေ ပါတီခေါင်းဆောင်များက မိတ်ဆက်စကား လျှောက်ထားတာတွေ မမီလိုက်တော့ပါ။ အသိမိတ်ဆွေများဖြစ်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ချို့နဲ့ပဲ နှုတ်ဆက်စကား ပြောကြားလိုက်ရပါတယ်။ အမျိုးသားရေးအင်အားစုများ အစီအစဉ်မှာတော့ ဆရာတော်ကြီးနှင့် မြစေတီဆရာတော်ကြီးတို့ သြဝါဒပေးပါတယ်။ စာရေးသူက နိဂုံးချုပ် အမှာစကား ပြောကြားခွင့်ရပါတယ်။ အမျိုးသားရေးသမားတွေနဲ့ တွေ့တုံး ဆုံတုံး ထမင်းဝအောင်စားထားလို့ ...
သတင်း

ရွှေတိဂုံစေတီတော် အနေကဇာတင် အခမ်းအနား

17.2.2018 မနက်အစော ရွှေတိဂုံစေတီတော်သို့ ရောက်ပါတယ်။ မန္တလေးသံဃာများအတွက် မြောက်ဘက်မုခ် သတ်မှတ်ထားသော်လည်းပဲ တောင်ဘတ်မုခ်သို့ ရောက်ရှိသွားပါတယ်။ တောင်ဘက်မုခ်တွင် ရောက်နှင့်နေသော မန္တလေး ဝိသုဒ္ဓါရုံ၊ စည်ရှင် ကျောင်းသားဟောင်း သူငယ်ချင်း အရှင်သာဂရာဘိဝံသနှင့် တွေ့ပါတယ်။ အရှင်သာဂရာဘိဝံသက စာရေးသူကို မြောက်ဘက်မုခ်သို့ သွားနိုင်အောင် အကူအညီပေးပါတယ်။ မြောက်ဘက်မုခ်မှာ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ ရောက်ရှိလို့နေပါပြီ။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသလည်း ရောက်ရှိနေပါပြီ။ ဆရာတော်များအား လိုက်လံ ဂါရဝပြုဖူးမြော်ပါတယ်။ စေတိယင်္ဂနဝဋံသကာဘွဲ့တံဆိပ်တော်ရ မိုးတားဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသက စာရေးသူအား ဝမ်းပန်းတသာ ရှိပါတယ်။ တရားစကားတွေလည်း မိန့်ကြားပါတယ်။ ဖြူးမြို့ ရွှေကျင်တောင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၃၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မင်းကွန်း၊ မိုးမိတ်ကုန်းမြေ၊ တိပိဋကနိကာယကျောင်းမြေ၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက် သံဃာတော်များမှ အလှူငွေ ၁,၂၀၀,၀၀၀(တစ်ဆယ့်နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (20.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်းအင်တာဗျူး

ဝီရသူပြောတဲ့ထဲမှာ မမှန်တာဘယ်နှလုံးပါလဲ၊ မဟုတ်တာ ဘယ်နှလုံးပါလဲ (အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ဘိဝံသဘွဲ့ရတဲ့အချိန်နဲ့ စေတိယင်္ဂ ဏဖြေတဲ့အချိန် ဘယ်လောက်ကွာလဲ ဘုရား။ ဖြေ- ဒီလိုလေ။ အတန်းက နှစ်တန်းရှိ တာပေါ့။ စာသင်တန်းနဲ့ စာချတန်းရှိတာ ပါ။ မန္တလေးမှာ စာသင်တန်းအောင်တဲ့ နှစ်နဲ့ ရန်ကုန်စာသင်တန်းအောင်တဲ့ နှစ် ကတော့ တစ်နှစ်တည်း။ နောက် ကျမ်းစွဲ တာကျတော့ ရန်ကုန်က တစ်ကျမ်းအရင် စွဲတာပေါ့။ မန္တလေးက နှစ်နှစ်ဝင်ဖြေတာ မစွဲဘူးပေါ့။ သုံးနှစ်မြောက်ကျမှ စွဲတာ။ မန္တလေးဘွဲ့ရတာကျတော့ ၁၉၉၉ ကျမှ ရတာပေါ့။ စေတိယင်္ဂဏကျတော့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၃၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြင်းခြံမြို့၊ ဦးဓမ္မာစာရာဘိဝံသ (စမ်းကျတောရ) ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (18.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၄၃,၃၆၀,၀၀၀ိ ...
နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (20.2.2018) မနက်(၁၀း၀၀)နာရီ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ အသင်းသား/သူ (၁၃၀)အတွက် တစ်ဦးလျှင် ၁၀၀၀၀၀(တစ်သိန်း)ကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် ...