သတင္း

ရြာမဆရာေတာ္ႀကီးေမြးေန႔ပြဲ- ၃

18.2.2018 ရက္ေန႔ မနက္ပုိင္းမွာ က်င္းပပါတယ္။ အင္းစိန္ရြာမ ပရိယတၱိစာသင္တုိက္မွာပါ။ ဆရာေတာ္ႀကီး၏ တပည့္ႀကီးမ်ားျဖစ္ေသာ ေရႊရတုတိပိဋက ေမာ္ကၽြန္းဆရာေတာ္၊ မဇၥ်ိမဂုဏ္ရည္ဆရာေတာ္ အပါအဝင္ တပည့္ႀကီးငယ္မ်ား မဘသ(ဗဟုိ)ဦးေဆာင္ဆရာေတာ္မ်ား အမ်ဳိးသားေရးအင္အားစုမ်ား ဧည့္ပရိသတ္မ်ား အလွဴရွင္မ်ား တက္ေရာက္ၾကပါတယ္။ ရြာမဆရာေတာ္ႀကီး ေရႊရတုတိပိဋကဆရာေတာ္၊ မဇၥ်ိမဂုဏ္ရည္ဆရာေတာ္တုိ႔က အသီးအသီး ၾသဝါဒေပးၾကပါတယ္။

ပထမေက်ာ္ ဆရာႀကီး ဦးစံသင္းလႈိင္က အခန္းအနားမွဴးအျဖစ္လည္းေကာင္း၊ ေက်းဇူးဆပ္ ကဗ်ာမ်ား ရြတ္ဖတ္ပူေဇာ္ ေဆာင္ရြက္ပါတယ္။ ပအုိ႔ဝ္တုိင္းရင္းသူ တုိင္းရင္းသားမ်ားက အခမ္းအနားအၿပီးမွာ ဆရာေတာ္ႀကီးအား သီးသန္႔ ဘုရားစာမ်ားရြတ္ဖတ္ၿပီး ေမတၱာပုိ႔ ဆုေတာင္း ပူေဇာ္ၾကပါတယ္။

ရြာမဆရာေတာ္ႀကီး၏ သက္ေတာ္(၇၉)ႏွစ္ျပည့္ ေမြးေန႔ပြဲပါ။ စည္ကားသုိက္ၿမဳိက္စြာ ေတြ႕ရပါတယ္။ ရြာမဆရာေတာ္ႀကီး သက္ရွည္က်န္းမာ၍ ေဘးရန္အႏၲရာယ္ကင္းေဝးကာ သာသနာအက်ဳိး လူမ်ဳိးအတြက္ ဆထက္ထမ္းပုိးတုိး၍ ေပးဆပ္ေဆာင္ရြက္ႏုိင္ပါေစဘုရား။

 

“ရွာမဆရာတော်ကြီးမွေးနေ့ပွဲ- ၃”

18.2.2018 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာပါ။ ဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်သော ရွှေရတုတိပိဋက မော်ကျွန်းဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် အပါအဝင် တပည့်ကြီးငယ်များ မဘသ(ဗဟို)ဦးဆောင်ဆရာတော်များ အမျိုးသားရေးအင်အားစုများ ဧည့်ပရိသတ်များ အလှူရှင်များ တက်ရောက်ကြပါတယ်။
ရွာမဆရာတော်ကြီး ရွှေရတုတိပိဋကဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့က အသီးအသီး သြဝါဒပေးကြပါတယ်။
ပထမကျော် ဆရာကြီး ဦးစံသင်းလှိုင်က အခန်းအနားမှူးအဖြစ်လည်းကောင်း၊ ကျေးဇူးဆပ် ကဗျာများ ရွတ်ဖတ်ပူဇော် ဆောင်ရွက်ပါတယ်။

ပအို့ဝ်တိုင်းရင်းသူ တိုင်းရင်းသားများက အခမ်းအနားအပြီးမှာ ဆရာတော်ကြီးအား သီးသန့် ဘုရားစာများရွတ်ဖတ်ပြီး မေတ္တာပို့ ဆုတောင်း ပူဇော်ကြပါတယ်။ ရွာမဆရာတော်ကြီး၏ သက်တော်(၇၉)နှစ်ပြည့် မွေးနေ့ပွဲပါ။ စည်ကားသိုက်မြိုက်စွာ တွေ့ရပါတယ်။ ရွာမဆရာတော်ကြီး သက်ရှည်ကျန်းမာ၍ ဘေးရန်အန္တရာယ်ကင်းဝေးကာ သာသနာအကျိုး လူမျိုးအတွက် ဆထက်ထမ်းပိုးတိုး၍ ပေးဆပ်ဆောင်ရွက်နိုင်ပါစေဘုရား။