သတင္း

မင္းကြန္း တိ/နိ ညီေတာ္မ်ားႏွင့္အတူ

20.2.2018 မြန္းလြဲပုိင္းမွာ မႏၲေလး ပုသိမ္ႀကီးၿမဳိ႕နယ္ ေရႊစာရံအုပ္စု ေက်ာက္ေခ်ာေက်းရြာရွိ မန္း မေဟာ္ေျမကြက္သုိ႔ ေရာက္ရွိပါတယ္။ မင္းကြန္း တိ/နိ ဆရာေတာ္ေလးမ်ား အလွဴေငြ လာေရာက္လွဴဒါန္းၾကလုိ႔ပါပဲ။ စာေရးသူတုိ႔မေရာက္ခင္ ေျမကြက္ႏွစ္ခုလုံး လုိက္လံၾကည့္ရႈၾကတယ္လုိ႔ သိရပါတယ္။

ျပင္ဦးလြင္ေတာင္ေျခရွိ မေဟာ္သဓာေျမကြက္ထဲက သရက္ပင္ႀကီးေအာက္မွာ ေလညွင္းေလးခံၿပီး ေအးေအးေဆးေဆး ရွိလွတာကုိ သေဘာက်ေနၾကပါတယ္။ ကြပ္ပ်စ္ကေလးလုပ္ထားေတာ့ နားနားေနေန အပန္းေျဖလုိ႔ရတာေပါ့။ ရွင္းလင္းေဆာင္ေလးမွာ အလွဴေငြ ေပးအပ္ၾကပါတယ္။

အလွဴေငြေပးအၿပီးမွာ ညီေတာ္ေမာင္မ်ားႏွင့္ ႀကဳံတုံးႀကဳံခုိက္ သာသနာေရးမ်ား ေဆြးေႏြးၾကပါတယ္။ လာေရာက္လွဴဒါန္းၾကတဲ့ ဆရာေတာ္ေလးေတြထဲမွာ ႏွစ္ပုံေအာင္ၿပီး အဘိဓမၼာေရွ႕ပုိင္း အာဂုံေအာင္ထားသူေတြ ႏွစ္ပုံၿပီးသူေတြ တစ္ပုံၿပီးသူေတြ တစ္ပုံအာဂုံေဆာင္သူေတြလည္း ပါပါတယ္။ နာမည္ႀကီး အရွင္ေခမိႏၵ မင္းကြန္း တိ/နိ၊ အရွင္ပညိႏၵ မင္းကြန္း ေဖ့ဘုတ္အေကာင့္ပိုင္ရွင္ ဆရာေတာ္ေလးေတြလည္း ပါပါတယ္။

အဲဒီအထဲမွာ ႏွစ္ပုံေအာင္ၿပီးသူ အရွင္နရိႏၵကေတာ့ စာေရးသူရဲ႕ ဓမၼသဟာယေက်ာင္းမွာ ဓမၼာစရိယေအာင္သြားသူ ကုိရင္ဘဝကတည္းက စာေရးသူေက်ာင္းမွာ ပညာသင္ယူသြားသူ တပည့္ေလး ျဖစ္ပါတယ္။ အနာဂတ္ အမ်ဳိးဘာသာ သာသနာအတြက္ေတာ့ အားတက္စရာေတြပါပဲ။

မင္းကြန္း တိ/နိ ညီေတာ္ေမာင္ေလးမ်ား ေက်းဇူးပါ။ ေအာင္ပြဲအလီလီ ဆြတ္ခူးႏုိင္ၾကပါေစ။ မင္းကြန္းဆရာေတာ္ႀကီးလုိ သာသနာအက်ဳိး သယ္ပုိးႏုိင္ၾကပါေစ။

 

“မင်းကွန်း တိ/နိ ညီတော်များနှင့်အတူ”

20.2.2018 မွန်းလွဲပိုင်းမှာ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်း မဟော်မြေကွက်သို့ ရောက်ရှိပါတယ်။ မင်းကွန်း တိ/နိ ဆရာတော်လေးများ အလှူငွေ လာရောက်လှူဒါန်းကြလို့ပါပဲ။ စာရေးသူတို့မရောက်ခင် မြေကွက်နှစ်ခုလုံး လိုက်လံကြည့်ရှုကြတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်တောင်ခြေရှိ မဟော်သဓာမြေကွက်ထဲက သရက်ပင်ကြီးအောက်မှာ လေညှင်းလေးခံပြီး အေးအေးဆေးဆေး ရှိလှတာကို သဘောကျနေကြပါတယ်။ ကွပ်ပျစ်ကလေးလုပ်ထားတော့ နားနားနေနေ အပန်းဖြေလို့ရတာပေါ့။ ရှင်းလင်းဆောင်လေးမှာ အလှူငွေ ပေးအပ်ကြပါတယ်။

အလှူငွေပေးအပြီးမှာ ညီတော်မောင်များနှင့် ကြုံတုံးကြုံခိုက် သာသနာရေးများ ဆွေးနွေးကြပါတယ်။ လာရောက်လှူဒါန်းကြတဲ့ ဆရာတော်လေးတွေထဲမှာ နှစ်ပုံအောင်ပြီး အဘိဓမ္မာရှေ့ပိုင်း အာဂုံအောင်ထားသူတွေ နှစ်ပုံပြီးသူတွေ တစ်ပုံပြီးသူတွေ တစ်ပုံအာဂုံဆောင်သူတွေလည်း ပါပါတယ်။ နာမည်ကြီး အရှင်ခေမိန္ဒ မင်းကွန်း တိ/နိ၊ အရှင်ပညိန္ဒ မင်းကွန်း ဖေ့ဘုတ်အကောင့်ပိုင်ရှင် ဆရာတော်လေးတွေလည်း ပါပါတယ်။

အဲဒီအထဲမှာ နှစ်ပုံအောင်ပြီးသူ အရှင်နရိန္ဒကတော့ စာရေးသူရဲ့ ဓမ္မသဟာယကျောင်းမှာ ဓမ္မာစရိယအောင်သွားသူ ကိုရင်ဘဝကတည်းက စာရေးသူကျောင်းမှာ ပညာသင်ယူသွားသူ တပည့်လေး ဖြစ်ပါတယ်။ အနာဂတ် အမျိုးဘာသာ သာသနာအတွက်တော့ အားတက်စရာတွေပါပဲ။ မင်းကွန်း တိ/နိ ညီတော်မောင်လေးများ ကျေးဇူးပါ။ အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ကြပါစေ။ မင်းကွန်းဆရာတော်ကြီးလို သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေ။