သတင်း
ရှိစရာမလိုဘူး…။
ငဲ့ညှာစရာမလိုဘူး…။
ဒီမိုကရေစီစနစ်ကလည်း
ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး
ကိုယ်ဘာသာအတွက်တော့
အညာသား(ငါးဇွန်)
ပြိုင်ပွဲဝင်ကဗျာများ (၁၂)
“သွေးရဲရင် ဗီတိုအာဏာရှင်ပဲ”
ခြိမ်းခြောက်ခံ ပတ်ဝန်းကျင်တွေကြားမှာ
အဆိပ်ရှိတဲ့ ဗီတိုအာဏာက
ကိုယ့်အမျိုးသားရေးကို လာရောက်ရိုက်ခတ်တဲ့အခါ
ကိုယ့်နှလုံးသွေးဆိုတာကတော့
ကိုယ့်ရဲ့ မူပိုင်ဗီတိုအာဏာလို့ မှတ်ထားပါ…။
အမျိုးသားရေးနဲ့ပတ်သက်လာရင်
လူ့အခွင့်အရေးဆိုတာလည်း
ရှိစရာမလိုဘူး…။
အမျိုးသားရေးနဲ့ပတ်သက်လာရင်
လွတ်လပ်ခွင့်ဆိုတာနဲ့လည်း
ငဲ့ညှာစရာမလိုဘူး…။
အမျိုးသားရေးနဲ့ပတ်သက်လာရင်
ဒီမိုကရေစီစနစ်ကလည်း
ဒီမိုကရေစီဆန်စရာမလိုဘူး…။
တိုတိုပဲပြောလိုက်မယ်
ကိုယ့်အမျိုး ကိုယ့်အသွေးအတွက်
နှလုံးသားနဲ့ ရင်းပြီးပြောတဲ့စကားတိုင်းဟာ
ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး
ကိုယ်ဘာသာအတွက်တော့
ထာဝရကာကွယ်ပေးနိုင်မယ့်
သွေးရဲတဲ့ ဗီတိုအာဏာရှင်ပါပဲ….။ ။
အညာသား(ငါးဇွန်)