Monthly Archives: May 2020

သတင်း

“ဆရပ်ကွက် နဂါးနီစုဘူးအသင်း ဆန်း/ဆီ အလှူတော်”

31.5.2020 ရက်နေ့၊ မနက် ၁၀း၀၀နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆရပ်ကွက်၊ ကန်ဝန်မင်းကြီး(ဂျပန်)ကျောင်းတိုက်မှာ လှူဒါန်းပါတယ်။ အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်တဲ့ နဂါးနီစုဘူး(အမှတ်-၁) အသင်းဝင် (၂၁၇)ဦးတို့အား အသင်းမှ ဆန်(၄)ပြည်နှင့် ဆီ(၁)ပိဿာစီ လှူဒါန်းထောက်ပံ့တာ ဖြစ်ပါတယ်။အသင်းတာဝန်ရှိသူများဖြစ်ကြတဲ့ နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်းနှင့် ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ၊ ဆရပ်ကွက်တာဝန်ခံ(အီးစီ) ကိုလှိုင်ထွန်းတို့က ကြီးကြပ်စီမံ လှူဒါန်းကြတာဖြစ်ပါတယ်။ ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်နဂါးနီစုဘူးအသင်းများကို ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၁၀)

မြတ်စွာဘုရားလက်ထက်တော်၌ အရိဋ္ဌ အမည်ရှိသည့် ရဟန်းတစ်ပါး ရှိခဲ့ဖူးသည်။ ၎င်း၏အမျိုးက လင်းတသတ် (လင်းတမုဆိုး) ဖြစ်သဖြင့် ဂဒ္ဓဗာဓိပုဗ္ဗ ဟုခေါ်သည်။ လင်းတမုဆိုးမျိုးရှိးမှ လာသူဟူလို။ရှင်အရိဋ္ဌသည် ဘုရားတရားတော်အပေါ် အကောက်အယူလွဲမှားစွာ ယူဆနေ၏။ ရဟန်းကောင်းတို့ကြားသည့်အခါ သွားရောက်တားမြစ်ကြ၏။ ရှင်အရိဋ္ဌကား အယူမှားကို လုံးဝမစွန့်။ဘုရားထံမှောက်ရောက်သောအခါ ဘုရားက ပစ်ပစ်ခါခါ ဆုံးမ၏။“အလကားကောင်၊ငါ ဒီလောက်ဟောပြောနေတာတောင် တစ်လွဲယူသေးတယ်။မိမိကိုယ်တိုင် တစ်လွဲယူရုံတင်မကဘူး၊ ငါ့ကိုလည်း မဟုတ်မဟတ် စွပ်စွဲသေးတယ်။မိမိဘဝကိုလည်း မိမိကိုယ်တိုင် တူးဖြိုပစ်တယ်။အကုသိုလ်တိုးအောင်လည်း လုပ်တယ်။ဆင်းရဲတာရှည်မည့်အကောင်ပဲ။”ဤသို့ဆုံးမလျက် ကာမဂုဏ်၏ အပြစ်အနာအဆာများကို ဟောကြားကာ သိက္ခာပုဒ်ကို ပညတ်တော်မူပါသည်။ အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၉)

“မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေးမျိုးမဟူ၊ မည်သူမဆို၊ ချစ်ကြည်ညိုလော့” ဟူသော မဃဒေဝကဗျာသည် မန်လည်ဆရာတော်ကြီး၏ သြဝါဒဖြစ်ပါသည်။ ဘုရားဟောမဟုတ်ပါ။၎ကဗျာပါ ခြသေ့င် မြေခွေးတရား (ဂုဏဇာတ်)တော်၏ ဆိုလိုရင်းကလည်း ငမှောင်သား ထမိံခြုံပြောသလို မဟုတ်ပါ။ မိမိအောက် အစစအရာရာ နိမ့်ကျသူပင်ဖြစ်စေကာမူ မိတ်ဆွေကောင်းပီသမည်ဆိုလျှင် ဆွေမျိုးသားချင်း သွေးရင်းသားရင်းကဲ့သို့ ချစ်ခင်ကြည်ဖြူစွာ ပေါင်းသင်းရမည်။ အထင်မသေးရဟု ဆိုလိုပါသည်။မန်လည်သြဝါဒကို ဘုရားဟောတရားဟု ဟောပြောနေခြင်း၊ ဂုဏဇာတ်တော်ကို လိုရာဆွဲ၍ တစ်လွဲဟောပြောနေခြင်းသည် ဖထွေးကို ချီးမြှောက်လိုဇောဖြင့် ကုလားတရားကို ဘုရားတရားလုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။နာမည်ကျော်စာသင်တိုက်ကြီးမှာ တစ်သက်လုံး နေထိုင်လာခဲ့ပါလျက် ပရိယတ္တိအဆင့် ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၈)

ရှင်သုဒိန်ကား သူဌေးသားတည်း။မယားရှိသော်လည်း သားသမီးမထွန်းကားခဲ့ပေ။ရဟန်းဝတ်ခွင့်မရလျှင် အသက်အသေခံမည်ဟူသော ခံယူချက်ဖြင့် အစာမစားဘဲ ခုနစ်ရက်နေမှ ရဟန်းဝတ်ခွင့်ရခဲ့၏။နှစ်ပေါင်းများစွာ တရားကျင့်ပြီးမှ မိဘများနှင့် ပြန်ဆုံခဲ့ရ၏။ဖခင်က လူ့အရပ်ထက်မြင့်သော ရွှေပုံငွေပုံများပြ၍ လူထွက်ခိုင်းသော်လည်း မထွက်ခဲ့ပေ။အမွေခံမည့်သူမရှိလျှင် မင်းဘဏ္ဍာဖြစ်ကုန်လိမ့်မည်ဟု မိခင်က တောင်းပန်မှ မျိုးဗီဇချန်ထားခဲ့ဖို့ သတိရလေသည်။မိခင်က အချိန်အခါကောင်းကိုစောင့်၍ ချွေးမနှင့်ပေးတွေ့လိုက်၏။ရှင်သုဒိန်သည် စိတ်ပါ၍ ကျူးလွန်ခဲ့သူမဟုတ်ပေ။ သို့သော် သူ့လုပ်ရပ်သည် ဘုရားအဆုံးအမနှင့် ဆန့်ကျင်ဘက်ကြီးဖြစ်နေမှန်း တွေးမိတိုင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရာမှ အမှုမှန်ပေါ်ပေါက်သွားရာ သံဃာတော်မျာကဲ့ရဲ့ရှုတ်ချမှုကိုလည်းကောင်း၊ မြတ်စွာဘုရား၏ အပြင်းအထန်ဆုံး စကားလုံးများဖြင့် အပြစ်တင်ဆုံးမမှုကိုလည်းကောင်း မရှုမလှ ခံလိုက်ရပေသည်။ဤဝတ္ထု၌ လိင်ဆက်ဆံပုံ ဆက်ဆံနည်း ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၇)

မြတ်စွာဘုရားက ကာမာဒီနဝကထာ (ကာမဂုဏ်အပြစ်)ကိုပဲ ဟောကြားခဲ့တာပါ။ကာမဂုဏ်အပြစ်ပြ ဥပမာဆယ်ပါးကို ကြည့်လိုက်ပါ။၁။ အဋ္ဌိကင်္ကလူပမာ – အရိုးဆက်နှင့် တူတယ်။၂။ မံသပေသူပမာ – သားတစ်နှင့် တူတယ်။၃။ တိဏုက္ကူပမာ – မြက်မီးရှူးနှင့် တူတယ်။၎။ အင်္ဂါရကာသူပမာ – မီးကျီးစုနှင့် တူတယ်။၅။ သုပိနကူပမာ – အိပ်မက်နှင့် တူတယ်။၆။ ယာစိတကူပမာ – ငှားရမ်းအပ်သော ဥစ္စာနှင့် တူတယ်။၇။ ရုက္ခဖလူပမာ – သစ်သီးနှင့် တူတယ်။၈။ အသိသူနူပမာ – သန်လျက်သွားနှင့် တူတယ်။ (စင်းတည်တုံးနှင့် ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၉)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၉) “ဥပုသ်နေ့ တစ်နေ့တာ” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) ပုံမှန်အားဖြင့် ဥပုသ်နေ့များ၌ စာဝါနားကြပါသည်။ စာသင်သားများက အပတ်စဉ်စာမေးပွဲများ ဖြေဆိုကြပါသည်။ လဆန်း ၈ရက်၊ လဆုတ် ၈ရက် ဥပုသ်နေ့များ၌ အတန်းငယ်များ စာမေးပွဲဖြေကြရကာ လပြည့်လကွယ် ဥပုသ်နေ့များ၌ စာချတန်းများ စာမေးပွဲဖြေကြရပါသည်။ နာယကဆရာတော်များက မိမိတာဝန်ယူပို့ချရသည့် ဘာသာရပ်များအလိုက် မေးခွန်းထုတ်ရပါသည်။ စာရေးသူဆိုလျှင် စာချတန်းသံဃာများဖြေဆိုရန် လပြည့်(သို့မဟုတ်) လကွယ်နေ့အတွက် အဋ္ဌသာလိနီကျမ်းဆိုင်ရာ မေးခွန်းများထုတ်ပေးရပြီး လဆန်း ၈ရက် (သို့မဟုတ်) လဆုတ် ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၆)

မာ အာဝုသော သောဘိတ ဧဝံ အဝစ။မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ။န ဟိ ဘဂဝါ ဧဝံ ဝဒတိ။နနု အာဝုသော ဘဂဝတာ အနေကပရိယာယေန ဝိရာဂါယ ဓမ္မော ဒေသိတော နော သရာဂါယ၊ တတ္ထ နာမ တွံ အာဝုသော ဘဂဝတာ ဝိရာဂါယ ဓမ္မေ ဒေသိတေ သရာဂါယတိ လိခိဿသိ။တွမေဝ ထမိံသရဏံ ဂစ္ဆာဟိ၊န ယုတ္တံ ပန အညေ ထမိံသရဏံ မိစ္ဆာဓမ္မံ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၄၂၂”

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ ဦးကျော်ညွန့်+ဒေါ်ခင်မာအေးတို့အား မှူးထား၍ သမီး မချောစုလှိုင် မိသားစုမှ အလှူငွေ ၅၀၀၀၀ိ(ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (24.5.2020) အလှူရှင် မချောစုလှိုင် မိသားစုနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ မန်း မဟော်သဓာအတွက်၁။ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၅)

သာသနာတော်မှာ ရှင်သုဒိန်သည် ပွဲဦးထွက် အငေါက်ခံရသူဖြစ်ပါသည်။မောဃပုရိသ(အလကားကောင်)ဟု အခေါ်ခံရကာ မျက်နှာညှိုးငယ်ခဲ့ရပါသည်။ သူကျူးလွန်သောအမှုကို မေထုန်အမှုဟု ခေါ်ပါသည်။ ၎င်းမေထုန်ကို ဘုရားက ဤသို့သတ်မှတ်ခဲ့ပါသည်။အသဒ္ဓမ္မ – သူတော်မဟုတ် ယုတ်နိမ့်သူတို့၏ ဥစ္စာ၊ဂါမဓမ္မ – ရွာ၌နေသူ လူတို့၏အကျင့်၊ဝသလဓမ္မ – ကိလေသာရာဂ အယုတ်တရားတွေ ယိုထွက်စေသောအကျင့်။ဒုဋ္ဌုလ္လ – ရုန့်ရင်းကြမ်းတမ်းသောအကျင့်။သြဒကန္တိက – ရေဆေးခြင်းကိစ္စလျှင် အဆုံးရှိသောအကျင့်။ရဟဿ – မျက်မှောက်၌ဝယ် မတင့်တယ်၍ ဆိတ်ကွယ်ရာမှာ ပြုမူရသည့်အကျင့်။ဒွယံ ဒွယ သမာပတ္တိ – နှစ်ယောက်သဘောတူကျင့်ရသောအကျင့်။သို့ကလောက် ကြီးကျယ်များပြားသော အပြစ်ရှိပါလျက် သင်သည် ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း (၄)”

မြတ်စွာဘုရားလက်ထက်တော်၌ သာတိအမည်ရှိ ရဟန်းတစ်ပါးသည် ဗြာဟ္မဏဝါဒကို ဘုရားဟောဟုဆိုကာ အယူမှားများ ဖြန့်ဖြူးနေလေသည်။ သတ္တဝါတစ်ဦးတစ်ယောက်သေဆုံးသည့်အခါ ရုပ်ခန္ဓာကိုယ်ကြီးသာ ပျက်စီးသွားခြင်းဖြစ်ပြီး အသက်ဝိညာဉ်ကောင်(လိပ်ပြာ)ကား လုံးဝမပျက်စီးဘဲ တစ်ဘဝပြီးတစ်ဘဝ ကူးပြောင်းသွားသည်ဟူသော ဗြာဟ္မဏဝါဒကို ဘုရားဟောအဖြစ် ဟောကြားနေခြင်းဖြစ်၏။ သံဃာတော်များက “မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ- ဘုရားကို မစွပ်စွဲပါနဲ့ ”ဟု တားမြစ်တော်မူကြလေသည်။သာတိရဟန်းကို မြတ်စွာဘုရားက“ငါ အဲဒီလိုဟောတယ်လို့ မင်းကို ဘယ်သူကပြောလဲ၊ ဝိညာဉ်ဟာ အကြောင်းတရားကြောင့်ဖြစ်သလို အကြောင်းတရားမရှိလျှင် ဝိညာဉ်မဖြစ်ဘူးလို့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ငါဟောကြားထားတာ မင်းမသိဘူးလား၊ မင်းဟာမင်း မဟုတ်မဟတ်တွေ လျှောက်ယူပြီး ငါ့ကိုလည်း ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၈)

“မဟာသမယမေတ္တာ” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) ပဋ္ဌာန်းရွတ်ပြီး ကျောင်းပေါ်ပြန်တက်ကာ လုပ်လက်စအလုပ်များကို ဆက်လုပ်ခြင်း၊ အလုပ်သစ်များ ရှာဖွေလုပ်ဆောင်ခြင်းဖြင့် ညစဉ် ညဥ့်နက်သည်အထိ အလုပ်များတတ်ပါသည်။ ကျန်းမာရေးအရ ညဥ့် ၁၂း၀၀နာရီမှ ၀၂း၀၀နာရီကို မဖြစ်မနေ အိပ်စက်ရမည့်အချိန် သတ်မှတ်ထားသော်လည်း စာရေးသူကား ၀၂း၀၀နာရီကျော်မှ အိပ်ရာဝင်ဖြစ်သည်က များပါသည်။ တစ်ခါတရံ အလုပ်စောစောပြီးသဖြင့် စောစောအိပ်ရသည်လည်း ရှိပါသည်။ ညစောစောအိပ်ရလျှင် ၁၂း၀၀နာရီ၊ ၎င်းထက်စောလျှင် ၁၁း၃၀နာရီဖြစ်ပါသည်။ သို့သော် ထိုသို့သောရက်များကား အလွန်တရာရှားပါးလှပါသည်။ ထိုသို့ စောစောအိပ်ရသည့် ညမျိုးနှင့်ကြုံလျှင် အင်မတန်ချမ်းသာပါသည်။ “ငါ ...
အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း (၃)”

ဗုဒ္ဓသည် လိင်ပိုင်းဆိုင်ရာကိစ္စရပ်များကို စက်ဆုပ်ရွံမုန်းတော်မူပါသည်။ငြိမ်းချမ်းရေးအစစ်အမှန်ဆိုသည်ကလည်း လိင်မှုကိစ္စနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိုလိုလားသဖြင့် ဗုဒ္ဓအရိပ်ခိုလှုံလာသူများအား မေထုန်အမှုကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ လူပရိသတ်ကိုတရားဟောလျှင်လည်း ကာမေသုကို အမြဲရှောင်ကြဉ်ဖို့ အခါအားလျော်စွာဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်ထိန်းဖို့ အမြဲဆုံးမတော်မူပါသည်။ ဘုရားတရားတော်ကား ရာဂကုန်ခမ်းရေးသာ ဖြစ်ပါသည်။ ရာဂတိုးပွားရေးမဟုတ်ပါ။ ရာဂတိုးပွားမည့်အလုပ်ကို စိတ်ဖြင့်ပင် ကြံစည်တွေးတောခွင့် မပြုပါ။ သို့ပါလျက် မြတ်စွာဘုရားကိုယ်တော်တိုင်ကပင် လိင်ပညာရပ်ကို သွန်သင်ပေးခဲ့သကဲ့သို့ ဝါဒဖြန့်နေခြင်းသည် တံငါသည်သား သာတိရဟန်းအလား လိင်အားပေးပုဂ္ဂိုလ်အဖြစ် ဘုရားရှင်ကို စွပ်စွဲရာရောက်သည်ကိုကား စာမသင်ဖူးသည့် ငှက်ရူးတစ်သိုက် သိလိုက်မည်မဟုတ်ပေ။ ...
အဆိုအမိန့်

အကန်းယုံ အကုန်ရမ်း (၂)

ဗုဒ္ဓ၏ သန္တိသုခ(စိတ်ငြိမ်းချမ်းမှု)ကျင့်စဉ်နှင့် တဏှာရာဂတို့သည် ရေနှင့်ဆီပမာ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ကြီး ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓသည် လိင်မှုကိစ္စများကို တင်းကြပ်စွာ တားမြစ်တော်မူခဲ့သည်။ တဏှာရာဂ ကုန်ကြောင်း ကင်းကြောင်းသာ ဘုရားဟောသည်။ တဏှာရာဂ တိုးပွားကြောင်းကို ဘုရားရှုတ်ချသည်။ ရှင်သုဒိန်အမှုပေါ်ပေါက်သည့်အခါ၌လည်း “မာတုဂါမနဲ့ လိင်ဆက်ဆံမည့်အစား အဆိပ်ပြင်းသည့် မြွေခံတွင်းထဲ ထည့်တာ၊ မီးကျီးခဲထဲထည့်တာကမှ မြတ်သေးတယ်။ ငါက ရာဂကင်းအောင် ဟောကြားတယ်။ မင်းက ရာဂတိုးပွားအောင် စေ့ဆော်တယ်။ မောဃပုရိသ (အလကားကောင်)”ဟု ပြင်းထန်စွာ ရှုတ်ချ၍ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့၏။လိင်မှုကိစ္စကို စိတ်ကူးနဲ့ ကျူးလွန်ခွင့်ပင် ...
သတင်း

ပြည်ချစ်သားဂျာနယ် ပရိသတ်များခင်ဗျား…

ပြည်ချစ်သားဂျာနယ် ပရိသတ်များခင်ဗျား…မေလဆန်းမှာ ဂျာနယ်လ်ပြန်လည်ထုတ်ဝေဖို့ စီစဉ်ထားသော်လည်း Lock Down ကာလ တိုးမြှင့်လိုက်ခြင်း၊ အချို့ဒေသများတွင် ကားလိုင်းများ ပြေးဆွဲမှုမရှိသေးခြင်း၊ ကားလိုင်းပြေးဆွဲနေသည့် ဒသများ၌ သယ်ယူစရိတ်တိုးမြင့်ထားခြင်း၊ နယ်ကိုယ်စားလှယ်များ ဖြန့်ချိရခက်ခဲခြင်းစသည့် များစွာသော အခက်အခဲများကြောင့် လက်ရှိအချိန်တွင် ဆက်လက်ထုတ်ဝေနိုင်ခြင်း မရှိသေးသည့်အပေါ် သည်းခံခွင့်လွှတ် ပေးစေလိုပါသည်။ ကိုဗစ်ကာလပြီးဆုံးသည့်အခါမှသာ ဆက်လက်ဖြန့်ချိနိုင်ပါတော့မည်။ ပြန်လည်ထုတ်ဝေသည့်အခါ၌လည်း ကြိုတင်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်ကာလပြီးဆုံးသည့်အချိန်ထိ စောင့်ဆိုင်းပေးရန်နှင့် ငွေလွှဲလိုသူများ ပုံမှန်အတိုင်း လွှဲပေးနိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ဖြန့်ချိရေးတာဝန်ခံ – 09-781 601 ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၇)

“ညစာဝါနှင့် ပဋ္ဌာန်းကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာရေးသူသည် တစ်နေ့လျှင် စာဝါနှစ်ကြိမ် ပို့ချတတ်ပါသည်။ စာချတန်း အဋ္ဌသာလိနီစာဝါကို ပင်တိုင်ထားကာ ဋီကာကျော်နှင့်ပဋ္ဌာန်း နှစ်ခုအနက် တစ်ခုခုကိုသာ ပို့ချပါသည်။ ပဋ္ဌာန်းစာဝါပြီးဆုံးပါမှ ဋီကာကျော်စာဝါ စတင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အဋ္ဌသာလိနီနှင့် ဋီကာကျော်၊ သို့မဟုတ် အဋ္ဌသာလိနီနှင့် ပဋ္ဌာန်း ဟူ၍ စာဝါနှစ်ကြိမ် နေ့စဉ်ပို့ချသည်ဟု မှတ်ယူရပေမည်။ ထိုသို့ ဋီကာကျော်စာဝါ မစတင်သေးသည့်အခါမျိုး၌ ပဋ္ဌာန်းစာဝါကို ညစဉ် စုပေါင်းဘုရားဝတ်တက်ပြီးချိန်မှာ ညဝါအဖြစ် ပို့ချရခြင်း ဖြစ်ပါသည်။ အကြီးတန်းသံဃာများအား ပို့ချရခြင်းဖြစ်ကာ ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၁၀)

စည်းမဲ့ကမ်းမဲ့ နေထိုင်ချင်ကြလို့မှ မဟုတ်တာ၊အခုလို ကပ်ဆိုက်နေတဲ့အခါမျိုးမှာ Simကဒ်မှတ်ပုံတင်တာလောက်တော့ ရပ်ဆိုင်းထားသင့်တယ်ထင်လို့ ပြောကြတာ။ ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေကို မယုံကြည်လို့မှ မဟုတ်တာ၊စောင့်ကြည့်လူနာတွေ ဒီလောက်သောက်သောက်လဲသေနေတာတောင် ဓာတ်ခွဲ အဖြေထုတ်ပေးတာမျိုး မလုပ်ကြလို့ ပြောကြတာ။ ပညာရေးဌာနကို မစာနာလို့ ပြောကြတာမှ မဟုတ်တာ၊စာစစ်၊ ဂေဇက်ထုတ်၊ ကျောင်းဖွင့် စတဲ့ ပညာရေးနဲ့ပတ်သက်ပြီး တိကျရေရာတဲ့လုပ်ငန်းစဉ်မျိုး ဘာတစ်ခုမှ ချမပြနိုင်လို့ ပြောကြတာ။ အရပ်သားအစိုးရကို တမင်တကာအပြစ်ရှာပြီး ပြောနေကြတာမှ မဟုတ်တာ၊တစ်ဦးတစ်ယောက်တည်း ဦးဆောင်နေတာဟာ ဒီမိုကရေစီမဆန်လို့ ပြောကြတာ။ အကြပ်အတည်းကာလကြီးမှန်း မသိကြလို့ ပြောနေကြတာမှ မဟုတ်တာ၊ပြည်သူကိုသာ တောင့်ခံခိုင်းနေပြီး ပြည်သူ့အတွက် ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၉)

Talk Show လုပ်နေတာတွေကို ဆီလိုအပေါက်ရှာနေကြတာမှ မဟုတ်တာ၊ရှေ့စကား နောက်စကား မညီကြလို့ ပြောကြတာ။ လိုင်းပေါ်မှာ ငြီးတွားစာတွေရေးနေတာကို မကြိုက်လို့မှ မဟုတ်တာ၊လိုင်းပေါ်ကနေ မြည်တွန်တောက်တီးပြရုံနဲ့ ကိုဗစ်လူနာ လျော့မသွားလို့ ပြောကြတာ။ ပုဂ္ဂိုလ်ရေးရာပြဿနာရှိကြလို့ ပြောကြတာမှ မဟုတ်တာ၊နိုင်ငံတော်ပိုင်မီဒီယာကို ပုဂ္ဂလိကပိုင်လို သဘောထားပြီး အာဏာအလွဲသုံးစားလုပ်နေလို့ ပြောကြတာ။ ပုဂ္ဂိုလ်အကျိုး မလိုလားလို့မှ မဟုတ်တာ၊ပြည်သူ့အကျိုးလုပ်ရမှာကို ပါတီအကျိုးလုပ်နေကြလို့ ပြောကြတာ။ အစိုးရလူကြီးတွေကို ကြည့်မရလို့ ပြောကြတာမှ မဟုတ်တာ၊ပြည်သူ့အလိုလိုက်ရမှာကို ပုဂ္ဂိုလ်အလိုပဲ လိုက်နေကြလို့ ပြောကြတာ။ ဒီဝေဖန်ချက်တွေကိုကြည့်ရင် ပြည်သူလူထုက ဒီမိုကရေစီကို လိုလားပြီး အစိုးရက ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၈)

ဗဟိုကော်မတီဥက္ကဋ္ဌရာထူး မယူစေချင်လို့မှ မဟုတ်တာ၊ဗဟိုကော်မတီဥက္ကဋ္ဌရာထူးယူထားပြီး အစည်းအဝေးထိုင်ခြင်းလည်း မရှိ၊ စီမံကွပ်ကဲမှုလည်း မလုပ်၊ ရေတိုရေရှည်စီမံကိန်းတွေလည်း ချမပြနိုင်ဘဲ လိုင်းပေါ်လော်ပိုင်းနေလို့ ပြောကြတာ။ Mask ချုပ်ပြိုင်ပွဲ မလိုအပ်လို့ ပြောကြတာမှ မဟုတ်တာ၊တာဝန်အကြီးကြီးယူထားပြီး မဖြစ်စလောက်အလုပ်ကလေးတွေနဲ့ပဲ လိုင်းပေါ်မှာ ပျော်မွေ့နေလို့ ပြောကြတာ။ အခန်းထဲမှာ ဇိမ်ခံနေတာ မနာလိုလို့မှ မဟုတ်တာ၊“ပြည်သူနှင့်အတူ”ဆိုင်းဘုတ်ကိုင်စွဲထားတဲ့ ပြည်သူ့အစိုးရခေါင်းဆောင်ကြီးကို ပြည်သူ့ဘဝထဲ ဝင်ကြည့်စေချင်လို့ ပြောကြတာ။ ရောဂါပိုးကူးစက်စေချင်လို့ ရပ်ထဲရွာထဲ ဆင်းခိုင်းနေတာမှ မဟုတ်တာ၊PPEဝတ်စုံပြည့်ဝတ်ဆင်ပြီး အကာအကွယ်ယူလို့ ရနိုင်ရဲ့သားနဲ့ လုံးဝထွက်မလာလို့ ပြောကြတာ။ အဖွားအိုတစ်ယောက်ကို မစာနာလို့ ပြောကြတာမှ မဟုတ်တာ၊သေနတ်ပြောင်းဝကို ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၆)

“ညနေစာဝါနှင့် အာဖရိကငါးခူစာအုပ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) နေ့လည် အိပ်ရာထပြီးသည့်အခါ ညနေစာဝါရှိလျှင် စာဝါချဖို့ စာကြည့်ပါသည်။ ညနေစာဝါမရှိဘဲ ညမှ စာဝါချရမည်ဆိုလျှင် အမျိုးသားရေးလုပ်ငန်းများ လုပ်ဆောင်ပါသည်။ ညနေစာဝါသည် စာသင်တန်းစာဝါဖြစ်ပြီး ညစာဝါသည် အကြီးတန်းစာဝါဖြစ်ပါသည်။ စာသင်တန်းသံဃာများအား ဋီကာကျော်စာဝါ ပို့ချရပြီး အကြီးတန်းသံဃာများအား ပဋ္ဌာန်းစာဝါ ပို့ချရပါသည်။ ဋီကာကျော်စာဝါပို့ချရာ၌ ကျမ်းရင်းဖြစ်သော သဂြုင်္ိဟ်သရုပ်ခွဲနှင့် အဓိပ္ပါယ်ကို အခြေခံကျစွာ ရှင်းပြပြီးမှ ဋီကာကျော် မဏိမဉ္ဇူ စသော အဖွင့်ကျမ်းများကို ဖတ်ပြ ရှင်းပြကာ စာလုပ်နည်းများလည်း စပ်မိလျှင် စပ်မိသလို ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၇)

အရေးပေါ်ကာလ အမိန့်အာဏာတွေ ထုတ်ပြန်တာကို မကြိုက်လို့မှ မဟုတ်တာ၊ကိုယ်ထုတ်တဲ့ဥပဒေ ကိုယ်မလေးစားဘဲ လုပ်ပိုင်ခွင့်ကို တလွဲသုံးတော့မယ်ဆိုတာ ကြိုသိနေလို့ ပြောကြတာ။ အလှူ့ဒါယကာမို့ အထူးအခွင့်အရေးပေးစေချင်လို့ ပြောကြတာမှ မဟုတ်တာ၊ရောဂါပိုးကူးစက်မှု လုံးဝမရှိတဲ့ အလှူပွဲဦးဆောင်သူကိုတော့ အရေးပေါ်ဥပဒေနဲ့ ချက်ချင်းထောင်ချပစ်ပြီး လူတစ်ရာနီးပါး ရောဂါပိုးကူးစက်အောင် ဖြန့်ဖြူးခဲ့တဲ့ တရားဟောဆရာအဖွဲ့ကျ ခုချိန်ထိ လုံးဝ မတို့ရဲ မထိရဲကြလို့ ပြောကြတာ။ တရားဟောဆရာအဖွဲ့ကို ထောင်ကျစေချင်လို့ ပြောကြတာမှ မဟုတ်တာ၊ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားကောင်းပါလျက် ခွဲခြားနေလို့ ပြောကြတာ။ တရာဟောဆရာကို တရားစွဲတဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်လွန်းလို့ ချီးကျူးနေတာမှ ...