အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း” (၁၀)

ျမတ္စြာဘုရားလက္ထက္ေတာ္၌ အရိ႒ အမည္ရွိသည့္ ရဟန္းတစ္ပါး ရွိခဲ့ဖူးသည္။ ၎၏အမ်ဳိးက လင္းတသတ္ (လင္းတမုဆိုး) ျဖစ္သျဖင့္ ဂဒၶဗာဓိပုဗၺ ဟုေခၚသည္။ လင္းတမုဆိုးမ်ဳိးရွိးမွ လာသူဟူလို။
ရွင္အရိ႒သည္ ဘုရားတရားေတာ္အေပၚ အေကာက္အယူလြဲမွားစြာ ယူဆေန၏။ ရဟန္းေကာင္းတုိ႔ၾကားသည့္အခါ သြားေရာက္တားျမစ္ၾက၏။ ရွင္အရိ႒ကား အယူမွားကို လံုးဝမစြန္႔။
ဘုရားထံေမွာက္ေရာက္ေသာအခါ ဘုရားက ပစ္ပစ္ခါခါ ဆံုးမ၏။
“အလကားေကာင္၊
ငါ ဒီေလာက္ေဟာေျပာေနတာေတာင္ တစ္လြဲယူေသးတယ္။
မိမိကိုယ္တုိင္ တစ္လြဲယူရုံတင္မကဘူး၊ ငါ့ကိုလည္း မဟုတ္မဟတ္ စြပ္စြဲေသးတယ္။
မိမိဘဝကိုလည္း မိမိကိုယ္တိုင္ တူးၿဖဳိပစ္တယ္။
အကုသိုလ္တိုးေအာင္လည္း လုပ္တယ္။
ဆင္းရဲတာရွည္မည့္အေကာင္ပဲ။”
ဤသို႔ဆံုးမလ်က္ ကာမဂုဏ္၏ အျပစ္အနာအဆာမ်ားကို ေဟာၾကားကာ သိကၡာပုဒ္ကို ပညတ္ေတာ္မူပါသည္။ အရိ႒ရဟန္းကို အေၾကာင္းျပဳ၍ ပညတ္ေတာ္မူေသာေၾကာင့္ အရိ႒သိကၡာပုဒ္ဟု အမည္တြင္ပါသည္။

ျမတ္စြာဘုရားသာ သက္ေတာ္ထင္ရွားရွိေနလွ်င္ ထမႎၿခဳံ ငေမွာင္သားကိုလည္း အရိ႒ရဟန္းကဲ့သို႔ သံဃာ့ပရိသတ္ေရွ႕၌ ပစ္ပစ္ခါခါဆုံးမေတာ္မူဦးမည္မွာ အမွန္ပင္။
ထမႎၿခဳံႏြား ငေမွာင္သားတစ္ေယာက္ ဘုရားကိုႀကံဖန္စြပ္စြဲသည့္ အကန္းယံု အကုန္ရမ္းဘဝမွ အျမန္ကၽြတ္လြတ္ပါေစေသာ္ … ဝ္။

အထ စ ပန တြံ ေမာဃပုရိသ အတၱနာ ဒုဂၢဟိေတန အေမွေစဝ အဗၻာစိကၡသိ၊
အတၱာနဥၥ ခဏသိ၊ ဗဟုဥၥ အပုညံ ပသဝသိ၊ တဉႇိ ေတ ေမာဃပုရိသ ဘဝိႆတိ ဒီဃရတၱံ အဟိတာယ ဒုကၡာယ။
(ပါစိတ္ပါဠိေတာ္၊ အရိ႒သိကၡာပုဒ္၊ ဝိ၊ ၂။ ၁၇၇။)

ဝီရသူ(မစိုးရိမ္)
30.5.2020
PM- 6:26

“အကန်းယုံ အကုန်ရမ်း” (၁၀)

မြတ်စွာဘုရားလက်ထက်တော်၌ အရိဋ္ဌ အမည်ရှိသည့် ရဟန်းတစ်ပါး ရှိခဲ့ဖူးသည်။ ၎င်း၏အမျိုးက လင်းတသတ် (လင်းတမုဆိုး) ဖြစ်သဖြင့် ဂဒ္ဓဗာဓိပုဗ္ဗ ဟုခေါ်သည်။ လင်းတမုဆိုးမျိုးရှိးမှ လာသူဟူလို။
ရှင်အရိဋ္ဌသည် ဘုရားတရားတော်အပေါ် အကောက်အယူလွဲမှားစွာ ယူဆနေ၏။ ရဟန်းကောင်းတို့ကြားသည့်အခါ သွားရောက်တားမြစ်ကြ၏။ ရှင်အရိဋ္ဌကား အယူမှားကို လုံးဝမစွန့်။
ဘုရားထံမှောက်ရောက်သောအခါ ဘုရားက ပစ်ပစ်ခါခါ ဆုံးမ၏။
“အလကားကောင်၊
ငါ ဒီလောက်ဟောပြောနေတာတောင် တစ်လွဲယူသေးတယ်။
မိမိကိုယ်တိုင် တစ်လွဲယူရုံတင်မကဘူး၊ ငါ့ကိုလည်း မဟုတ်မဟတ် စွပ်စွဲသေးတယ်။
မိမိဘဝကိုလည်း မိမိကိုယ်တိုင် တူးဖြိုပစ်တယ်။
အကုသိုလ်တိုးအောင်လည်း လုပ်တယ်။
ဆင်းရဲတာရှည်မည့်အကောင်ပဲ။”
ဤသို့ဆုံးမလျက် ကာမဂုဏ်၏ အပြစ်အနာအဆာများကို ဟောကြားကာ သိက္ခာပုဒ်ကို ပညတ်တော်မူပါသည်။ အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ပညတ်တော်မူသောကြောင့် အရိဋ္ဌသိက္ခာပုဒ်ဟု အမည်တွင်ပါသည်။

မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိနေလျှင် ထမိံခြုံ ငမှောင်သားကိုလည်း အရိဋ္ဌရဟန်းကဲ့သို့ သံဃာ့ပရိသတ်ရှေ့၌ ပစ်ပစ်ခါခါဆုံးမတော်မူဦးမည်မှာ အမှန်ပင်။
ထမိံခြုံနွား ငမှောင်သားတစ်ယောက် ဘုရားကိုကြံဖန်စွပ်စွဲသည့် အကန်းယုံ အကုန်ရမ်းဘဝမှ အမြန်ကျွတ်လွတ်ပါစေသော် … ဝ်။

အထ စ ပန တွံ မောဃပုရိသ အတ္တနာ ဒုဂ္ဂဟိတေန အမှေစေဝ အဗ္ဘာစိက္ခသိ၊
အတ္တာနဉ္စ ခဏသိ၊ ဗဟုဉ္စ အပုညံ ပသဝသိ၊ တဉှိ တေ မောဃပုရိသ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။
(ပါစိတ်ပါဠိတော်၊ အရိဋ္ဌသိက္ခာပုဒ်၊ ဝိ၊ ၂။ ၁၇၇။)

ဝီရသူ(မစိုးရိမ်)
30.5.2020
PM- 6:26