အဆိုအမိန့်
ဒေါသဖြေနည်း နိဿယည်း
ဒေါသဖြေနည်း နိဿယည်း
ရုပ်ရည်အိုမင်း ယိုယွင်းတာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
ချမ်းချမ်းသာသာ အိပ်မရတာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
စီးပွားပျက်တာ ဘဝပျက်တာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
စည်းစိမ်ပျက်တာ အခြေပျက်တာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
နာမည်ပျက်တာ အရှက်ရတာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
အထိးကျန်တာ အကျည်းတန်တာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
အသဲမလှတာ ငရဲကျတာ ရန်သူကြိုက်စရာ၊
ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။
(အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ ကောဓနသုတ်။)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်) ဟောကြားတော်အပ်သော
မေတ္တာစေတောဝိမုတ္တိ “မေတ္တာသည်သာ လွတ်မြောက်ရာ” တရားတော် (အမှတ်-၈)