သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (န)

“ ျပည့္တန္းဆာမမွာလည္း သိကၡာနဲ႔ပါပဲ”

ကိုေဆြဝင္းက ႏိုင္ငံေရးသမားတစ္ပိုင္း သတင္းသမားတစ္ပိုင္း ျဖစ္လို႔လားမသိဘူး ေတာ္တာ္အကြက္ျမင္တာေတြ႔ရတယ္။ ဦးပဥၥင္းတုိ႔ တုိက္ပြဲျပင္းထန္ေနတာကို အခြင့္ေကာင္းယူၿပီး အမႈရုပ္သိမ္းေအာင္ လုပ္ႏိုင္ခဲ့တယ္။ လုပ္အားရွိေအာင္လည္း အရပ္ဘက္အဖြဲ႔အစည္းဆိုသူေတြက အမႈရုပ္သိမ္းေပးဖို႔ ေတာင္းဆိုတာ ေတြ႔ရတယ္။ အားလံုးဟာ အခ်ိန္ကိုက္ပဲေနာ္။ အကြက္ေတြက လွတယ္ေပါ့။ ဒီမိုကေရစီမွာ အရပ္ဘက္အဖြဲ႔အစည္းေတြက တရားစီရင္ေရးကို ဝင္ေရာက္စြက္ဖက္ခြင့္ ရွိတယ္ဆိုတဲ့ သေဘာေပါ့ေနာ္။ မဟာေအာင္ေျမတရားသူႀကီးမကလည္း တရားလိုတစ္ေယာက္လံုးကို ငုတ္တုတ္ထားၿပီး အမႈရုပ္သိမ္းေပးလုိက္ရတယ္လို႔ အေတာ္သတၱိေကာင္းတာပဲေနာ္။ ေရွ႕ေနမရဲ႕စကားအရ ဥပေဒခ်ဳပ္ရဲ႕ မွတ္ခ်က္က ပဓာနက်ပံုပါပဲ။

ကိုေက်ာ္မ်ဳိးေရႊ ၆၆(ဃ)ႏွင့္ အစြဲခံရတယ္။ ဦးပဥၥင္းတရားေဟာခြင့္ အပိတ္ခံလိုက္ရတယ္။
ဦးပဥၥင္းရဲ႕`Wira Thu ’အမည္ရွိ ေဖ့စ္ဘုတ္အေကာင့္လည္း အၿပီးတိုင္ဖ်က္သိမ္းခံလိုက္ရတယ္။ အဲဒီေနာက္ ကိုေက်ာ္မ်ဳိးေရႊကို ၅၀၅(ခ)နဲ႔ ေထာင္ခ်လိုက္ၾကတယ္။ စခန္းမွဴးဦးေက်ာ္သူ အဂတိနဲ႔ တရားစြဲခံရတယ္။ ဒါေတြဟာ တုိက္ဆိုင္မႈေတြလား ကိုေဆြဝင္း။ ႏိုင္ငံေရးမွာ တုိက္ဆိုင္မႈဆိုတာ မရွိဘူးဆိုတဲ့ သီအိုရီအရဆိုရင္ေတာ့ ကိုေဆြဝင္းေနာက္ကြယ္က အင္အားက အေတာ္ႀကီးမားပံုပဲ။ ကိုေဆြဝင္း သမၼတျဖစ္ရင္ ဦးသန္းေရႊထက္ သာမလားပဲ။ သတင္းသမား အရပ္သားအဆင့္ပဲရွိေသးတယ္။ ရဟန္းတစ္ပါးကို ေသဒဏ္ေပးထုိက္တယ္လို႔ေတာင္ အျပစ္ဖုိ႔ေနၿပီမဟုတ္လား။

ကိုေဆြဝင္းတုိ႔ သြားေနတဲ့လမ္းေၾကာင္းကိုၾကည့္လိုက္ေတာ့ ႏွစ္ခုေတာင္ေတြ႔ရတယ္။ေရွ႕ေနမမ သြားေနတဲ့လမ္းေၾကာင္းက ဦး၀ီရသူကို နယူးေယာ့ခ္တိုင္မ္းက The Face 0f Buddhist Terrorလို႔ ေရးဖူးတယ္၊ ဦး၀ီရသူက ယန္ဟီးလီကို ေအာ္တုတ္ဖူးတယ္၊ တရားပြဲအပိတ္ခံရဖူးတယ္၊ ၾကည္လင္းဆရာေတာ္လို႔ေျပာဖူးတယ္၊ ေခြးတရားေဟာဖူးတယ္၊ ထမင္း၀ေအာင္စားထားလို႔ ေျပာဖူးတယ္၊ ေဖ့စ္ဘုတ္အပိတ္ခံထားရတယ္္၊ ဒါေၾကာင့္ ရဟန္းသိကၡာမရွိဘူး။ ဒါေၾကာင့္ေစာ္ကားခြင့္ရွိတယ္၊ ေစာ္ကားတာ အျပစ္မရွိဘူးဆိုတဲ့ ပုံစံမ်ဳိးခ်ည္းပါ။ အကုသိုလ္အေတာ္ႀကီးတဲ့ နည္းလမ္းေပါ့ကြာ၊ဘာသာေရးရႈေထာင့္ကို အသာထားလိုက္ဦး၊ ႏိုင္ငံသားတစ္ဦးအျမင္နဲ႔ပဲ ၾကည့္လိုက္ဦး။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ျပည့္တန္းဆာမတစ္ေယာက္က အသေရဖ်က္မႈနဲ႔ တရားစြဲတာ ၾကားဖူးမွာပါေနာ္၊ ျပည့္တန္းဆာမွာလည္း သိကၡာနဲ႔ပါကြာ။ ရဟန္းတစ္ပါးဆိုရင္ေတာ့ ေျပာစရာလိုမယ္မထင္ေတာ့ပါဘူးေနာ္၊ မစိုးရိမ္နာယကတစ္ပါးတို႔ စာခ်အေက်ာ္တို႔ ႏိုင္ငံေက်ာ္တို႔ ကမၻာေက်ာ္တို႔ စတာေတြမပါေသးဘဲ ၀ီရသူရဲ႕ေနထိုင္ျပဳမူပုံေတြကို မ၀တီဘုန္းႀကီးတို႔ ဠင္းတ(လဒ)နီဘုန္းႀကီးတို႔ ေရႊ၀ါေရာင္ဆိုသူတို႔ထံပဲ အရင္စုံစမ္းေလ့လာၾကည့္ပါဦး။ ကိုေဆြ၀င္းက အေမရိကန္သမၼတေဒၚနယ္ထရမ့္လို ႏိုင္င့ံေခါင္းေဆာင္ႀကီး မဟုတ္သလို ဦးပဥၥင္းကလည္း ျပည့္တန္းဆာမလို သာမန္အရပ္သားတစ္ဦး မဟုတ္ဘူးဆိုတာကိုေတာ့ မွန္ဘီလူးအကူအညီမပါဘဲ ျမင္ႏိုင္ေလာက္တယ္ထင္ပါရဲ႕ကြာ။
(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (န)

“ ပြည့်တန်းဆာမမှာလည်း သိက္ခာနဲ့ပါပဲ”

ကိုဆွေဝင်းက နိုင်ငံရေးသမားတစ်ပိုင်း သတင်းသမားတစ်ပိုင်း ဖြစ်လို့လားမသိဘူး တော်တာ်အကွက်မြင်တာတွေ့ရတယ်။ ဦးပဉ္စင်းတို့ တိုက်ပွဲပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး အမှုရုပ်သိမ်းအောင် လုပ်နိုင်ခဲ့တယ်။ လုပ်အားရှိအောင်လည်း အရပ်ဘက်အဖွဲ့အစည်းဆိုသူတွေက အမှုရုပ်သိမ်းပေးဖို့ တောင်းဆိုတာ တွေ့ရတယ်။ အားလုံးဟာ အချိန်ကိုက်ပဲနော်။ အကွက်တွေက လှတယ်ပေါ့။ ဒီမိုကရေစီမှာ အရပ်ဘက်အဖွဲ့အစည်းတွေက တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့် ရှိတယ်ဆိုတဲ့ သဘောပေါ့နော်။ မဟာအောင်မြေတရားသူကြီးမကလည်း တရားလိုတစ်ယောက်လုံးကို ငုတ်တုတ်ထားပြီး အမှုရုပ်သိမ်းပေးလိုက်ရတယ်လို့ အတော်သတ္တိကောင်းတာပဲနော်။ ရှေ့နေမရဲ့စကားအရ ဥပဒေချုပ်ရဲ့ မှတ်ချက်က ပဓာနကျပုံပါပဲ။

ကိုကျော်မျိုးရွှေ ၆၆(ဃ)နှင့် အစွဲခံရတယ်။ ဦးပဉ္စင်းတရားဟောခွင့် အပိတ်ခံလိုက်ရတယ်။
ဦးပဉ္စင်းရဲ့`Wira Thu ’အမည်ရှိ ဖေ့စ်ဘုတ်အကောင့်လည်း အပြီးတိုင်ဖျက်သိမ်းခံလိုက်ရတယ်။ အဲဒီနောက် ကိုကျော်မျိုးရွှေကို ၅၀၅(ခ)နဲ့ ထောင်ချလိုက်ကြတယ်။ စခန်းမှူးဦးကျော်သူ အဂတိနဲ့ တရားစွဲခံရတယ်။ ဒါတွေဟာ တိုက်ဆိုင်မှုတွေလား ကိုဆွေဝင်း။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူးဆိုတဲ့ သီအိုရီအရဆိုရင်တော့ ကိုဆွေဝင်းနောက်ကွယ်က အင်အားက အတော်ကြီးမားပုံပဲ။ ကိုဆွေဝင်း သမ္မတဖြစ်ရင် ဦးသန်းရွှေထက် သာမလားပဲ။ သတင်းသမား အရပ်သားအဆင့်ပဲရှိသေးတယ်။ ရဟန်းတစ်ပါးကို သေဒဏ်ပေးထိုက်တယ်လို့တောင် အပြစ်ဖို့နေပြီမဟုတ်လား။

ကိုဆွေဝင်းတို့ သွားနေတဲ့လမ်းကြောင်းကိုကြည့်လိုက်တော့ နှစ်ခုတောင်တွေ့ရတယ်။ရှေ့နေမမ သွားနေတဲ့လမ်းကြောင်းက ဦးဝီရသူကို နယူးယော့ခ်တိုင်မ်းက The Face 0f Buddhist Terrorလို့ ရေးဖူးတယ်၊ ဦးဝီရသူက ယန်ဟီးလီကို အော်တုတ်ဖူးတယ်၊ တရားပွဲအပိတ်ခံရဖူးတယ်၊ ကြည်လင်းဆရာတော်လို့ပြောဖူးတယ်၊ ခွေးတရားဟောဖူးတယ်၊ ထမင်းဝအောင်စားထားလို့ ပြောဖူးတယ်၊ ဖေ့စ်ဘုတ်အပိတ်ခံထားရတယ်၊ ဒါကြောင့် ရဟန်းသိက္ခာမရှိဘူး။ ဒါကြောင့်စော်ကားခွင့်ရှိတယ်၊ စော်ကားတာ အပြစ်မရှိဘူးဆိုတဲ့ ပုံစံမျိုးချည်းပါ။ အကုသိုလ်အတော်ကြီးတဲ့ နည်းလမ်းပေါ့ကွာ၊ဘာသာရေးရှုထောင့်ကို အသာထားလိုက်ဦး၊ နိုင်ငံသားတစ်ဦးအမြင်နဲ့ပဲ ကြည့်လိုက်ဦး။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပြည့်တန်းဆာမတစ်ယောက်က အသရေဖျက်မှုနဲ့ တရားစွဲတာ ကြားဖူးမှာပါနော်၊ ပြည့်တန်းဆာမှာလည်း သိက္ခာနဲ့ပါကွာ။ ရဟန်းတစ်ပါးဆိုရင်တော့ ပြောစရာလိုမယ်မထင်တော့ပါဘူးနော်၊ မစိုးရိမ်နာယကတစ်ပါးတို့ စာချအကျော်တို့ နိုင်ငံကျော်တို့ ကမ္ဘာကျော်တို့ စတာတွေမပါသေးဘဲ ဝီရသူရဲ့နေထိုင်ပြုမူပုံတွေကို မဝတီဘုန်းကြီးတို့ ဠင်းတ(လဒ)နီဘုန်းကြီးတို့ ရွှေဝါရောင်ဆိုသူတို့ထံပဲ အရင်စုံစမ်းလေ့လာကြည့်ပါဦး။ ကိုဆွေဝင်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လို နိုင်ငံ့ခေါင်းဆောင်ကြီး မဟုတ်သလို ဦးပဉ္စင်းကလည်း ပြည့်တန်းဆာမလို သာမန်အရပ်သားတစ်ဦး မဟုတ်ဘူးဆိုတာကိုတော့ မှန်ဘီလူးအကူအညီမပါဘဲ မြင်နိုင်လောက်တယ်ထင်ပါရဲ့ကွာ။
(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020