သတင္းေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၂)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၂)
“အရုဏ္ဆြမ္းက်င့္စဥ္ ေမတၱာအစိေႏၲယ်”

(ဆရာေတာ္ဦး၀ီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

စာေရးသူ မနက္အေစာ အရုဏ္ဆြမ္းအျဖစ္ ေန႔စဥ္ ယာဂု(ဆန္ျပဳတ္) ေသာက္ပါသည္။ က်န္းမာေရးအတြက္ ျဖစ္ပါသည္။ အရံအာဟာရအျဖစ္ ေက်ာင္းသားမ်ားဆက္ကပ္သည္မ်ားလည္း ဘုဥ္းေပးသံုးေဆာင္ပါသည္။ ပလာတာ၊ ထပ္တစ္ရာ၊ ပဲနံျပား၊ ရွမ္းေခါက္ဆြဲ၊ ဆီခ်က္ေခါက္ဆြဲ၊ ၿမီးရွည္ စသည္ျဖင့္ ေက်ာင္းသားမ်ား ဝယ္ယူဆက္ကပ္တတ္ၾကပါသည္။ ဒါယကာ ဒါယိကာမမ်ား လွဴဒါန္းထားသည့္ အခြံမာသီးအပါအဝင္ ငါးေျခာက္ေၾကာ္၊ ငါးေၾကာ္ စသည္မ်ားလည္း ပါဝင္ပါသည္။ ယာဂုႏွင့္ အခြံမာသီးမ်ားကို ပံုမွန္ဘုဥ္းေပးရေလ့ရွိၿပီး အျခားအာဟာရမ်ားကိုမူ တစ္ေန႔လွ်င္ တစ္မ်ဳိးႏွစ္မ်ဳိးစီသာ ဘုဥ္းေပးပါသည္။

ဆန္ျပဳတ္အလွဴရွင္တစ္ဦးသာ ပံုမွန္ရွိတတ္ၿပီး အခြံမာသီးႏွင့္ အေၾကာ္အေလွာ္မ်ားကား ရပ္ေဝးမွေပးပို႔လွဴဒါန္းၾကျခင္း ျဖစ္ပါသည္။ အျခားအာဟာရမ်ားကိုမူ ဝယ္ယူဆက္ကပ္ၾကျခင္း ျဖစ္ပါသည္။ သဘာဝငွက္ေပ်ာသီးႏွင့္ သေဘၤာသီးမ်ား ရရွိလာလွ်င္လည္း မနက္ခင္းမွာပင္ ဘုဥ္းေပးေလ့ရွိပါသည္။

မနက္အရုဏ္ဆြမ္းဘုဥ္းေပးခ်ိန္၌ ဧည့္သည္ အာဂႏၲဳမ်ား ၾကြေရာက္လာသည့္အခါ စာေရးသူ၏ ဆြမ္းပြဲကိုၾကည့္၍ အံ့ၾသေနၾကသည္ကို ေတြ႔ရတတ္ပါသည္။ ကမၻာေက်ာ္ဆရာေတာ္ျဖစ္၍ ဆြမ္းကြမ္းအာဟာရ လာဘ္လာဘေပါမ်ားလိမ့္မည္ဟု ထင္ထားပုံရပါသည္။

မနက္စာကို ကြန္ပ်ဴတာခန္းထဲမွာသာ တစ္ပါးတည္းဘုဥ္းေပးပါသည္။ ဆြမ္းပြဲအကပ္ခံၿပီးလွ်င္ စာေရးသူတစ္ပါးတည္းသာ အခန္းထဲမွာ က်န္ခဲ့ပါသည္။ ဘုဥ္းေပးၿပီးသည့္အခါ အမ်ဳိးအမည္တစ္ခုခ်င္းစီကို အာရုံျပဳကာ ဆြမ္းေမတၱာပို႔သေလ့ရွိပါသည္။ ဆြမ္းဒါယကာ ဒါယိကာမမ်ားကိုသာ ေမတၱာပို႔ျခင္း မဟုတ္ပါ။ ဆြမ္းပစၥည္းႏွင့္စပ္ဆက္သမွ် ကုသိုလ္ရွင္အားလံုးကို သိမ္းႀကဳံး၍ ေမတၱာပို႔ျခင္း ျဖစ္ပါသည္။ ငါးမ်ဳိးစားရလွ်င္ ငါးမ်ဳိးစာ ေမတၱာပို႔ပါသည္။ ဥပမာ- ဆန္ျပဳတ္ပန္းကန္ကို အာရံုစိုက္ၾကည့္ကာ ‘ဆန္ျပဳႏွင့္ စပ္ဆက္သမွ် ကုသိုလ္ရွင္ ခုနစ္ရက္သားသမီးအားလံုး ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ၊ ဥပဒ္ရန္ေဘး ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ၊ေကာင္းက်ဳိးလိုအင္ဆႏၵမွန္သမွ် ျပည့္၀ၾကပါေစ’ဟူ၍ ျဖစ္ပါသည္။ ဆန္ျပဳတ္အလွဴရွင္မိသားစု၊ ဆန္ျပဳတ္ႀကဳိေပးသူ၊ ဆန္ျပဳတ္သြားယူသူ၊ ဆန္ျပဳတ္ျပင္ဆင္ဆက္ကပ္သူ အားလံုးကို ရည္ရြယ္ျခင္း ျဖစ္ပါသည္။

သီဟု္ဠ္သီးႏွင့္ စပ္ဆက္သမွ် ကုသိုလ္ရွင္ ခုနစ္ရက္သားသမီးအားလံုး ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ၊ ဥပဒ္ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ၊ေကာင္းက်ဳိးလိုအင္ဆႏၵမွန္သမွ် ျပည့္၀ၾကပါေစ’စသည္တု႔ိ ျဖစ္ပါသည္။

ဆြမ္းစားေနစဥ္ ဧည့္သည္အာဂႏၲဳေရာက္လာသည့္အခါ၊ အေရးႀကီးဖုန္းဝင္လာသည့္အခါ၊ အေရးေပၚကိစၥႀကဳံလာသည့္အခါမ်ဳိး၌ ေမတၱာပို႔ရန္ ပ်က္ကြက္သြားလွ်င္လည္း စႀကႍေလွ်ာက္သည့္အခါ အာဟာရတစ္မ်ဳိးခ်င္းစီကို အာရံုယူ၍ ေမတၱာပို႔သတတ္ပါသည္။

အရုဏ္ဆြမ္းကိစၥၿပီးလွ်င္ အစိေႏၲယ်ႀကီး ဘုရားရွိခိုးစာမ်ား ရြတ္ဆိုပူေဇာ္ပါသည္။ ဆယ္မိနစ္ေက်ာ္ေက်ာ္ ၾကာပါသည္။ သံဃာမ်ား ဆြမ္းခံၾကြခ်ိန္ျဖစ္လွ်င္ သဟာယေက်ာင္းေရွ႕မွာပင္ စႀကႍေလွ်ာက္လ်က္ ရြတ္ဆိုပါသည္။ ဆြမ္းခံျပန္ခ်ိန္ဆိုလွ်င္ အင္းေဘးပန္းၿခံေလးထဲ စႀကႍေလွ်ာက္လ်က္ ရြတ္ဆိုပူေဖာ္ပါသည္။ မနက္အေစာႀကီးမွာ ရြတ္ျဖစ္လွ်င္ စာအံေက်ာင္းေစာင့္ကာ သဟာယေက်ာင္းမွာပင္ ေအာက္ဆင္းလိုက္ အေပၚျပန္တက္၍ စာအံသံဃာမ်ားကို အကဲခတ္လိုက္ ျပဳလုပ္လ်က္ ရြတ္ဖတ္ပူေဇာ္ပါသည္။

အစိေႏၲယ်ႀကီး ဘုရားရွိခိုး ရြတ္ဆိုပူေဇာ္ၿပီးလွ်င္ ေမတၱာပို႔သပါသည္။ ေမတၱာအတိုလည္း မဟုတ္ပါ။ ေမတၱာအက်ဥ္းလည္း မဟုတ္ပါ။ ေမတၱာအရွည္၊ ေမတၱာအက်ယ္ ပို႔သျခင္း ျဖစ္ပါသည္။

အရုဏ္ဆြမ္းက်င့္စဥ္ ေမတၱာအစိေႏၲယ် ၿပီးပါၿပီ။ ။

ဝီရသူ(မစိုးရိမ္)
9.4.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂)


“အရုဏ်ဆွမ်းကျင့်စဉ် မေတ္တာအစိန္တေယျ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

စာရေးသူ မနက်အစော အရုဏ်ဆွမ်းအဖြစ် နေ့စဉ် ယာဂု(ဆန်ပြုတ်) သောက်ပါသည်။ ကျန်းမာရေးအတွက် ဖြစ်ပါသည်။ အရံအာဟာရအဖြစ် ကျောင်းသားများဆက်ကပ်သည်များလည်း ဘုဉ်းပေးသုံးဆောင်ပါသည်။ ပလာတာ၊ ထပ်တစ်ရာ၊ ပဲနံပြား၊ ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ မြီးရှည် စသည်ဖြင့် ကျောင်းသားများ ဝယ်ယူဆက်ကပ်တတ်ကြပါသည်။ ဒါယကာ ဒါယိကာမများ လှူဒါန်းထားသည့် အခွံမာသီးအပါအဝင် ငါးခြောက်ကြော်၊ ငါးကြော် စသည်များလည်း ပါဝင်ပါသည်။ ယာဂုနှင့် အခွံမာသီးများကို ပုံမှန်ဘုဉ်းပေးရလေ့ရှိပြီး အခြားအာဟာရများကိုမူ တစ်နေ့လျှင် တစ်မျိုးနှစ်မျိုးစီသာ ဘုဉ်းပေးပါသည်။

ဆန်ပြုတ်အလှူရှင်တစ်ဦးသာ ပုံမှန်ရှိတတ်ပြီး အခွံမာသီးနှင့် အကြော်အလှော်များကား ရပ်ဝေးမှပေးပို့လှူဒါန်းကြခြင်း ဖြစ်ပါသည်။ အခြားအာဟာရများကိုမူ ဝယ်ယူဆက်ကပ်ကြခြင်း ဖြစ်ပါသည်။ သဘာဝငှက်ပျောသီးနှင့် သင်္ဘောသီးများ ရရှိလာလျှင်လည်း မနက်ခင်းမှာပင် ဘုဉ်းပေးလေ့ရှိပါသည်။

မနက်အရုဏ်ဆွမ်းဘုဉ်းပေးချိန်၌ ဧည့်သည် အာဂန္တုများ ကြွရောက်လာသည့်အခါ စာရေးသူ၏ ဆွမ်းပွဲကိုကြည့်၍ အံ့သြနေကြသည်ကို တွေ့ရတတ်ပါသည်။ ကမ္ဘာကျော်ဆရာတော်ဖြစ်၍ ဆွမ်းကွမ်းအာဟာရ လာဘ်လာဘပေါများလိမ့်မည်ဟု ထင်ထားပုံရပါသည်။

မနက်စာကို ကွန်ပျူတာခန်းထဲမှာသာ တစ်ပါးတည်းဘုဉ်းပေးပါသည်။ ဆွမ်းပွဲအကပ်ခံပြီးလျှင် စာရေးသူတစ်ပါးတည်းသာ အခန်းထဲမှာ ကျန်ခဲ့ပါသည်။ ဘုဉ်းပေးပြီးသည့်အခါ အမျိုးအမည်တစ်ခုချင်းစီကို အာရုံပြုကာ ဆွမ်းမေတ္တာပို့သလေ့ရှိပါသည်။ ဆွမ်းဒါယကာ ဒါယိကာမများကိုသာ မေတ္တာပို့ခြင်း မဟုတ်ပါ။ ဆွမ်းပစ္စည်းနှင့်စပ်ဆက်သမျှ ကုသိုလ်ရှင်အားလုံးကို သိမ်းကြုံး၍ မေတ္တာပို့ခြင်း ဖြစ်ပါသည်။ ငါးမျိုးစားရလျှင် ငါးမျိုးစာ မေတ္တာပို့ပါသည်။ ဥပမာ- ဆန်ပြုတ်ပန်းကန်ကို အာရုံစိုက်ကြည့်ကာ ‘ဆန်ပြုနှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအားလုံး ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ၊ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ’ဟူ၍ ဖြစ်ပါသည်။ ဆန်ပြုတ်အလှူရှင်မိသားစု၊ ဆန်ပြုတ်ကြိုပေးသူ၊ ဆန်ပြုတ်သွားယူသူ၊ ဆန်ပြုတ်ပြင်ဆင်ဆက်ကပ်သူ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။

သီဟု်ဠ်သီးနှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအားလုံး ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ၊ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ’စသည်တု့ိ ဖြစ်ပါသည်။

ဆွမ်းစားနေစဉ် ဧည့်သည်အာဂန္တုရောက်လာသည့်အခါ၊ အရေးကြီးဖုန်းဝင်လာသည့်အခါ၊ အရေးပေါ်ကိစ္စကြုံလာသည့်အခါမျိုး၌ မေတ္တာပို့ရန် ပျက်ကွက်သွားလျှင်လည်း စင်္ကြံလျှောက်သည့်အခါ အာဟာရတစ်မျိုးချင်းစီကို အာရုံယူ၍ မေတ္တာပို့သတတ်ပါသည်။

အရုဏ်ဆွမ်းကိစ္စပြီးလျှင် အစိန္တေယျကြီး ဘုရားရှိခိုးစာများ ရွတ်ဆိုပူဇော်ပါသည်။ ဆယ်မိနစ်ကျော်ကျော် ကြာပါသည်။ သံဃာများ ဆွမ်းခံကြွချိန်ဖြစ်လျှင် သဟာယကျောင်းရှေ့မှာပင် စင်္ကြံလျှောက်လျက် ရွတ်ဆိုပါသည်။ ဆွမ်းခံပြန်ချိန်ဆိုလျှင် အင်းဘေးပန်းခြံလေးထဲ စင်္ကြံလျှောက်လျက် ရွတ်ဆိုပူဖော်ပါသည်။ မနက်အစောကြီးမှာ ရွတ်ဖြစ်လျှင် စာအံကျောင်းစောင့်ကာ သဟာယကျောင်းမှာပင် အောက်ဆင်းလိုက် အပေါ်ပြန်တက်၍ စာအံသံဃာများကို အကဲခတ်လိုက် ပြုလုပ်လျက် ရွတ်ဖတ်ပူဇော်ပါသည်။

အစိန္တေယျကြီး ဘုရားရှိခိုး ရွတ်ဆိုပူဇော်ပြီးလျှင် မေတ္တာပို့သပါသည်။ မေတ္တာအတိုလည်း မဟုတ်ပါ။ မေတ္တာအကျဉ်းလည်း မဟုတ်ပါ။ မေတ္တာအရှည်၊ မေတ္တာအကျယ် ပို့သခြင်း ဖြစ်ပါသည်။

အရုဏ်ဆွမ်းကျင့်စဉ် မေတ္တာအစိန္တေယျ ပြီးပါပြီ။ ။

ဝီရသူ(မစိုးရိမ်)
9.4.2020