သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (ဋ/နိဂံုး)

“ရုန္းထြက္လို႔ လြတ္ေျမာက္ႏိုင္ပါေစကြာ”

ကိုေဆြ၀င္းသြားေနတဲ့ လမ္းေၾကာင္းကလည္း အတုိင္ပင္ခံလမ္းေၾကာင္းႀကီးလိုပဲ တရားေရးကို ႏိုင္ငံေရးနဲ႔ ေျဖရွင္းေနတာ ေတြ႔ရတယ္။ အတိုင္ပင္ခံႀကီးၾကည့္ပါ့လား ICJအမႈမွာတရားေရးကို ႏိုင္ငံေရးနည္းနဲ႔ သြားေျဖရွင္းလုိက္တာ ေဖာင္းေဘာေတြ မိသြားပါေလေရာ။

သာဝန္ကိုစာထုတ္ခုိင္းရတာနဲ႔၊ ဥပေဒခ်ဳပ္ထိ သေဘာလားမွတ္ခ်က္တက္ယူရတာနဲ႔၊ အီးယူဥကၠ႒ကိုယ္တုိင္တရားရံုးၾကားနာပြဲ လာေရာက္နားေထာင္မယ္ သတင္းလႊင့္ရတာနဲ႔၊ အရပ္ဘက္အဖြဲ႔အစည္းေတြ ေၾကညာခ်က္ထုတ္ရတာနဲ႔ စံုေနတာကိုၾကည့္ရင္ ကိုေဆြဝင္းလည္း ရာဇဝတ္မႈကို တရားေရးနဲ႔ မေျဖရွင္းဘဲ ႏိုင္ငံေရးနည္းနဲ႔ေျဖရွင္းၿပီး အမႈကို အစေဖ်ာက္ဖို႔ ႀကံစည္ေနသလား ေအာက္ေမ့ရတယ္ေနာ္။ တရားလိုကို ေထာင္ထဲထည့္ သက္ေသေတြကို လက္စားေခ်တားၿပီး လူေရွ႕သူေရွ႕မွာ မခုတ္တတ္တဲ့ေၾကာင္ကေလးလို မ်က္ႏွာငယ္ေလးနဲ႔ သူေတာ္ေကာင္းႀကီးလုပ္ျပေနတာမ်ဳိးဆိုရင္ေတာ့ ႏိုင္ငံေရးအေတာ္ဆန္သြားၿပီလို႔ ေျပာရေတာ့မွာေပါ့ကြာ။

ကိုယ္မေရးခဲ့ဘူးလား ေရးခဲ့လား၊ မေျပာခဲ့ဘူးလား ေျပာခဲ့လား၊ တစ္ဖက္သား မထိခိုက္ဘူးလား ထိခိုက္လား၊ တစ္ဖက္သား မနစ္နာဘူးလား နစ္နာလား၊ ျပစ္မႈမေျမာက္ဘူးလား ေျမာက္လား? ထိခိုက္နစ္နာသူဟာ သာမန္လူ(အရပ္သား)မဟုတ္ဘဲ မစိုးရိမ္တိုက္သစ္နာယကဆရာေတာ္ေတြထဲက နံပါတ္၇(ခုနစ္ပါးေျမာက္)ဆရာေတာ္၊ ရာေထာင္ခ်ီရွိတဲ့ စာသင္သံဃာေတြကို အဆင့္ျမင့္ပရိယတၱိစာေပေတြ

သင္ၾကားပို႔ခ်ေပးေနတဲ့ သာသနာ့၀န္ထမ္း ရဟန္းေတာ္တစ္ပါး ဘုရား့သားေတာ္စာခ်အေက်ာ္ ျဖစ္ေနတယ္ဆိုတာေကာ သိပါရဲ႕လား? ဒါေလးပဲ စဥ္းစားၾကည့္ပါကြာ။ မေရးဘဲ၊ မေျပာဘဲ၊ထိခိုက္နစ္နာသူ မရွိဘဲ၊ လုံး၀ျပစ္မႈမေျမာက္ဘဲ မတရားတုိင္ၾကားၿပီး အႏိုင္က်င့္တရားစြဲတယ္ဆိုတဲ့ အျပစ္ဖို႔နည္းလမ္းႀကီးကေတာ့ ေယာက်္ားမဆန္ဘူးလို႔ ေျပာၾကရမွာေပါ့။

ဒါေၾကာင့္ တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာေတြ ရပ္တန္႔ၿပီး ရာဇဝတ္မႈကို တရားေရးနဲ႔သာ ေျဖရွင္းဖို႔ ဆႏၵျပဳလိုက္ပါတယ္ကြာ။

ကိုေဆြဝင္းတစ္ေယာက္ စာနယ္ဇင္းပညာ သတင္းမီဒီယာအတတ္ပညာနဲ႔ ျပည္သူကို အလုပ္အေကၽြးျပဳႏိုင္ပါေစ အခက္အခဲအၾကပ္အတည္းမွ ရုန္းထြက္လို႔ လြတ္ေျမာက္ႏိုင္ပါေစ…။

(သံဃာသုံးေထာင္ေက်ာ္ရွိတဲ့ စာသင္တိုက္ႀကီးရဲ႕နာယကဆရာေတာ္တစ္ပါးက မိမိေအာက္ ငယ္ရြယ္သူ အရပ္သားတစ္ဦးကို ကိုေဆြ၀င္းဟု ရိုေသသမႈနဲ႔ ေရးသားေနတာ မသင့္ေလ်ာ္ဘူးထင္ရင္လည္း ေရွးဆရာေတာ္ႀကီးေတြက ဒကာ ဒကာမေတြကို ေခၚေ၀ၚသလိုမ်ဳိး ေဆြ၀င္း ငေဆြ၀င္းဟု ျပင္ဖတ္ႏိုင္ပါတယ္။ ဒကာေဆြ၀င္း(ဒါယကာေဆြ၀င္း)လို႔ ေခၚဖို႔က် အေတာ္ခက္သား။ ဘုရားသာသနာ၀င္ေတြထက္ ကုလားသာသနာ၀င္ေတြကိုမွ အေကာင္းထင္ အေကာင္းျမင္ေနၿပီး ရဟန္းသံဃာမေကာင္းေၾကာင္းပဲ ေရးေနသူကို သာသနာကို ခ်ီးေျမႇာက္ေထာက္ပံ့တဲ့ ဒါယကာေတြလို ဒကာ(ဒါယကာ)တပ္ေခၚလို႔ မသင့္ေလ်ာ္ဘူးထင္လို႔ပါ။)
ၿပီးပါၿပီ။ ။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဋ/နိဂုံး)

“ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေကွာ”

ကိုဆွေဝင်းသွားနေတဲ့ လမ်းကြောင်းကလည်း အတိုင်ပင်ခံလမ်းကြောင်းကြီးလိုပဲ တရားရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနေတာ တွေ့ရတယ်။ အတိုင်ပင်ခံကြီးကြည့်ပါ့လား ICJအမှုမှာတရားရေးကို နိုင်ငံရေးနည်းနဲ့ သွားဖြေရှင်းလိုက်တာ ဖောင်းဘောတွေ မိသွားပါလေရော။

သာဝန်ကိုစာထုတ်ခိုင်းရတာနဲ့၊ ဥပဒေချုပ်ထိ သဘောလားမှတ်ချက်တက်ယူရတာနဲ့၊ အီးယူဥက္ကဋ္ဌကိုယ်တိုင်တရားရုံးကြားနာပွဲ လာရောက်နားထောင်မယ် သတင်းလွှင့်ရတာနဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကြေညာချက်ထုတ်ရတာနဲ့ စုံနေတာကိုကြည့်ရင် ကိုဆွေဝင်းလည်း ရာဇဝတ်မှုကို တရားရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး အမှုကို အစဖျောက်ဖို့ ကြံစည်နေသလား အောက်မေ့ရတယ်နော်။ တရားလိုကို ထောင်ထဲထည့် သက်သေတွေကို လက်စားချေတားပြီး လူရှေ့သူရှေ့မှာ မခုတ်တတ်တဲ့ကြောင်ကလေးလို မျက်နှာငယ်လေးနဲ့ သူတော်ကောင်းကြီးလုပ်ပြနေတာမျိုးဆိုရင်တော့ နိုင်ငံရေးအတော်ဆန်သွားပြီလို့ ပြောရတော့မှာပေါ့ကွာ။

ကိုယ်မရေးခဲ့ဘူးလား ရေးခဲ့လား၊ မပြောခဲ့ဘူးလား ပြောခဲ့လား၊ တစ်ဖက်သား မထိခိုက်ဘူးလား ထိခိုက်လား၊ တစ်ဖက်သား မနစ်နာဘူးလား နစ်နာလား၊ ပြစ်မှုမမြောက်ဘူးလား မြောက်လား? ထိခိုက်နစ်နာသူဟာ သာမန်လူ(အရပ်သား)မဟုတ်ဘဲ မစိုးရိမ်တိုက်သစ်နာယကဆရာတော်တွေထဲက နံပါတ်၇(ခုနစ်ပါးမြောက်)ဆရာတော်၊ ရာထောင်ချီရှိတဲ့ စာသင်သံဃာတွေကို အဆင့်မြင့်ပရိယတ္တိစာပေတွေ

သင်ကြားပို့ချပေးနေတဲ့ သာသနာ့ဝန်ထမ်း ရဟန်းတော်တစ်ပါး ဘုရား့သားတော်စာချအကျော် ဖြစ်နေတယ်ဆိုတာကော သိပါရဲ့လား? ဒါလေးပဲ စဉ်းစားကြည့်ပါကွာ။ မရေးဘဲ၊ မပြောဘဲ၊ထိခိုက်နစ်နာသူ မရှိဘဲ၊ လုံးဝပြစ်မှုမမြောက်ဘဲ မတရားတိုင်ကြားပြီး အနိုင်ကျင့်တရားစွဲတယ်ဆိုတဲ့ အပြစ်ဖို့နည်းလမ်းကြီးကတော့ ယောကျ်ားမဆန်ဘူးလို့ ပြောကြရမှာပေါ့။

ဒါကြောင့် တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာတွေ ရပ်တန့်ပြီး ရာဇဝတ်မှုကို တရားရေးနဲ့သာ ဖြေရှင်းဖို့ ဆန္ဒပြုလိုက်ပါတယ်ကွာ။

ကိုဆွေဝင်းတစ်ယောက် စာနယ်ဇင်းပညာ သတင်းမီဒီယာအတတ်ပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနိုင်ပါစေ အခက်အခဲအကြပ်အတည်းမှ ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ…။

(သံဃာသုံးထောင်ကျော်ရှိတဲ့ စာသင်တိုက်ကြီးရဲ့နာယကဆရာတော်တစ်ပါးက မိမိအောက် ငယ်ရွယ်သူ အရပ်သားတစ်ဦးကို ကိုဆွေဝင်းဟု ရိုသေသမှုနဲ့ ရေးသားနေတာ မသင့်လျော်ဘူးထင်ရင်လည်း ရှေးဆရာတော်ကြီးတွေက ဒကာ ဒကာမတွေကို ခေါ်ဝေါ်သလိုမျိုး ဆွေဝင်း ငဆွေဝင်းဟု ပြင်ဖတ်နိုင်ပါတယ်။ ဒကာဆွေဝင်း(ဒါယကာဆွေဝင်း)လို့ ခေါ်ဖို့ကျ အတော်ခက်သား။ ဘုရားသာသနာဝင်တွေထက် ကုလားသာသနာဝင်တွေကိုမှ အကောင်းထင် အကောင်းမြင်နေပြီး ရဟန်းသံဃာမကောင်းကြောင်းပဲ ရေးနေသူကို သာသနာကို ချီးမြှောက်ထောက်ပံ့တဲ့ ဒါယကာတွေလို ဒကာ(ဒါယကာ)တပ်ခေါ်လို့ မသင့်လျော်ဘူးထင်လို့ပါ။)
ပြီးပါပြီ။ ။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020