စာေရးသူမွာ ပညာဒါနစာသင္ေက်ာင္း သံုးေက်ာင္းရွိပါသည္။ ေလာကအလင္း၊ မန္းမေဟာ္သဓာႏွင့္ ပညာေရးအကယ္ဒမီတုိ႔ ျဖစ္ပါသည္။ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းကို ၂၀၁၂ ခုႏွစ္က တည္ေထာင္ခဲ့ၿပီး မႏၲေလး၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္မွာ တည္ရွိပါသည္။ တကၠသိုလ္ဝင္တန္းသီးသန္႔ က်ဴရွင္ေက်ာင္းျဖစ္ပါသည္။ ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္မွ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အထိ ေအာင္ျမင္သူေပါင္း ၁၂၄ဦး ရွိခဲ့ပါသည္။ ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာလည္း ဝင္ေရာက္ေျဖဆိုေနၾကပါသည္။

ဒုတိယေက်ာင္းျဖစ္ေသာ မန္းမေဟာ္သဓာမွာ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေက်ာက္ေခ်ာေက်းရြာမွာ တည္ရွိပါသည္။ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ စတင္ဖြင့္လွစ္ကာ ၉တန္း ၁၀တန္း ေက်ာင္းသူေက်ာင္းသားမ်ား လက္ခံထားပါသည္။ မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး အေကာင္အထည္မေပၚေသးခင္ ေက်းရြာလိုအပ္ခ်က္အရ ဖြင့္လွစ္ေပးခဲ့ျခင္း ျဖစ္ပါသည္။ နာမည္အျပည့္အစံုမွာ “ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္း” ျဖစ္ပါသည္။ စတင္တည္ေထာင္ခါစျဖစ္၍ ေအာင္ခ်က္မေကာင္းေသးပါ။

တတိယေက်ာင္းျဖစ္ေသာ ပညာေရးအကယ္ဒမီကား စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ပုထုိးေတာ္ႀကီးအနီးမွာ တည္ရွိပါသည္။ ပဥၥမတန္းမွ ဒသမတန္းအထိ အလယ္တန္း အထက္တန္း ေက်ာင္းသူေက်ာင္းသားမ်ား လက္ခံထားပါသည္။ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွာ ဆယ္တန္း ၁၂ဦး ေအာင္ျမင္ပါသည္။ နာမည္အျပည့္အစံုမွာ “မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီ” ျဖစ္ပါသည္။ ရည္ရြယ္ခ်က္မွာ မူလတန္း အလယ္တန္း ေအာင္ျမင္ၿပီး ဆက္လက္ေက်ာင္းမေနႏိုင္ေသာ ရြာသူရြာသား ႏြမ္းပါးကေလးငယ္မ်ားလည္း သူေဌးသားသမီးမ်ားႏွင့္တန္းတူ အဆင့္အတန္းျမင့္ျမင့္ ပညာသင္ယူႏိုင္ေရးပင္ ျဖစ္ပါသည္။ သုိ႔ျဖစ္၍ ေက်ာင္းအိပ္ေက်ာင္းစား ဆရာ ဆရာမမ်ား ေက်ာင္းသူေက်ာင္းသားမ်ားအား ေန႔စဥ္ ထမင္းသံုးနပ္ ေကၽြးေမြးရကာ ပညာေရး က်န္းမာေရး စားေရး ေနေရး အလံုးစံုတာဝန္ယူရပါသည္။ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ဦးေရ တစ္ရာ့ေျခာက္ဆယ္ေက်ာ္ ရွိပါသည္။ ယခုႏွစ္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဦးေရ သံုးရာေက်ာ္ရွိရာ ဆယ္တန္းေက်ာင္းသားေက်ာင္းသူေပါင္း တစ္ရာ့ခုနစ္ဆယ္ေက်ာ္ ရွိပါသည္။ ေန႔စဥ္ ထမင္းသံုးနပ္အတြက္ ဆန္ေလးပုိင္း ကုန္က်ၿပီး ဝန္ထမ္းလစာ၊ ရိကၡာ၊ ပညာေရး၊ က်န္းမာေရးအတြက္ လစဥ္ သိန္း ခုနစ္ဆယ္ေက်ာ္မွ ကိုးဆယ္ေက်ာ္အထိ ကုန္က်ပါသည္။

အမာခံလွဴဒါန္းမည့္ ဒါယကာ ဒါယိကာမမ်ား မရွိျခင္း၊ ေငြပေဒသာပင္စိုက္ထူ ဘဏ္အပ္ထားမႈမရွိျခင္းတုိ႔ေၾကာင့္ စာေရးသူ၏ တပည့္ဒကာ ဒကာမမ်ားက ပညာေရးအကယ္ဒမီေက်ာင္းေတာ္ႀကီးအတြက္ စုိးရိမ္ပူပန္ခဲ့ၾကပါသည္။ စာေရးသူကလည္း သူ႔နည္းသူ႔ဟန္ျဖင့္ သူ႔ဘာသာျဖစ္ေျမာက္သြားလိမ့္မည္ဟု ယံုၾကည္ထားသည့္အားေလ်ာ္စြာ စာေရးသူ တရားပြဲျပန္ပြင့္စအခါႏွင့္ ႀကဳံႀကဳိက္၍ တရားပြဲမ်ားစိပ္ကာ ဓမၼပူဇာမ်ား ရရွိလာသျဖင့္ ပထမေျခလွမ္း ေအာင္ျမင္ႏိုင္ခဲ့ပါသည္။ ဒကာ ဒကာမအင္အား မေတာင့္တင္းဘဲ ပရဟိတဘကေက်ာင္းႀကီးကို တာဝန္ယူဖြင့္လွစ္ထားျခင္းသည္ စာသင္တုိက္တစ္တိုက္ ဖြင့္လွစ္ရျခင္းထက္ တာဝန္ႀကီးလွပါသည္။ စာေရးသူမွာ စာခ်ၿပီးတုိင္း မင္းကြန္းသို႔ သြားရပါသည္။ ရိကၡာအတြက္လည္း ကိုယ္တုိင္စီမံကာ အၿမဲပို႔ေပးရပါသည္။ သင္ရိုးစာအုပ္မ်ား၊ အထူးထုတ္စာအုပ္မ်ား၊ ဆရာကိုင္စာအုပ္မ်ား အၿမဲဝယ္ယူပို႔ေပးေနရပါသည္။

ကေလးမ်ားကို ေန႔စဥ္ျပဳစုပ်ဳိးေထာင္ရသျဖင့္ ကိုယ့္သားသမီးအလား သံေယာဇဥ္ထားခဲ့ရပါသည္။ တရားေဟာၾကြသည့္အခါတုိင္း ‘က်ဳပ္က အရင္လို လူပ်ဳိလူလြတ္မဟုတ္ေတာ့ဘူးဗ်၊ သားသားမီးမီးေတြ ရေနၿပီ’ဟု ဒကာ ဒကာမမ်ားကို ေျပာျပတတ္သလို စားအိုးႀကီးသည့္ မိသားစုမ်ား ၿငီးျငဴသည္ႏွင့္ ႀကဳံရလွ်င္လည္း ‘ခင္ဗ်ားတုိ႔ စားအိုးႀကီးတာ ဘာဟုတ္ေသးလုိ႔လဲ၊ က်ဳပ္စားအိုးက လူသံုးရာေက်ာ္ႀကီးေတာင္’ဟု ေမာ္ၾကြားတတ္ပါသည္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ႏွစ္စကာလပင္ ရွိပါေသးသည္။ တစ္နည္းအားျဖင့္ ေက်ာင္းဖြင့္ၿပီး၍ ႏွစ္လသာရွိပါေသးသည္။ သားသားမီးမီးမ်ားႏွင့္ ေဝးရာသုိ႔ ေရာက္ရွိခဲ့ရပါသည္။ ပေဒသာပင္လည္း မရွိ၊ အမာခံ ဒကာ ဒကာမလည္း မရွိ၊ ဓမၼပူဇာမ်ားလည္း မရွိေတာ့သျဖင့္ ေက်ာင္းေတာ္ႀကီး ပိတ္ရေတာ့မည့္အျဖစ္ဆိုးႏွင့္ ႀကဳံခဲ့ရပါသည္။ စိုးရိမ္မႈလြန္ကဲေသာ မိဘမ်ားက ျပန္ေခၚသြား၍ ေက်ာင္းသား ဆယ့္ေလးငါးဦး ရြာျပန္သြားၾကပါသည္။ စာေရးသူကလည္း အားလံုးတာဝန္ယူေၾကာင္းႏွင့္ အာမခံေၾကာင္း ေျပာျပထားၿပီး အားလံုးျပည့္စံုေအာင္ စီမံေပးႏိုင္ခဲ့ပါသည္။ ပရဟိတအဖြဲ႔အစည္းမ်ား၊ အမ်ဳိးသားေရးအင္အားစုမ်ား၊ မဘသညီေနာင္မိသားစုမ်ား၏ ၾကည့္ရႈေစာင့္ေရွာက္မႈေၾကာင့္ လြယ္ကူေခ်ာေမာစြာပင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ကို ျဖတ္သန္းႏိုင္ခဲ့ပါသည္။ ယခုဆိုလွ်င္ ဆယ္တန္းစာေမးပြဲမ်ားပင္ ေျဖဆိုေနၾကေပၿပီတည္း။
ႏိုင္ငံေရးႏွင့္ ပရဟိတ မည္သည့္အရာက ခံခဲသနည္း ဤေမးခြန္းကို အေတြ႔အႀကဳံက အေျဖေပးႏိုင္ခဲ့ေပသည္။ စာေရးသူသည္ ၂၀၁၃ ခုႏွစ္မွစ၍ နဂါးနီစုဘူးမ်ားကို တည္ေထာင္ခဲ့ပါသည္။ ဆင္းရဲႏြမ္းပါးျပည္သူမ်ား အထူးသျဖင့္ အိုးပိုင္အိမ္ပိုင္မရွိေသးသည့္ က်ဴးေက်ာ္အိမ္ေနျပည္သူမ်ားအား ေငြေၾကးအရင္းအႏွီးထုတ္ေပးၿပီး ေငြစုခိုင္းသည့္စနစ္ ျဖစ္ပါသည္။ ျပည္သူအမ်ားစုက သစၥာရွိၾက၊ အလုပ္ႀကဳိးစားၾကေသာ္လည္း ရပ္ကြက္ေန ပရဟိတအားသန္သူမ်ား၏ အကူအညီမရ၍ စုဘူးမ်ား တိုးခ်ဲ႕ႏိုင္ျခင္း မရွိခဲ့ပါ။ ရပ္ကြက္အီးစီဟုေခၚဆိုအပ္ေသာ နဂါးနီစုဘူးအဖြဲ႔ အႀကီးအကဲမ်ား၏ တာဝန္ကလည္း မလြယ္ကူလွပါ။ ေန႔စဥ္ေန႔တုိင္း ေငြေကာက္ခံရသည္။ စာရင္းျပဳစုရသည္။ တစ္ပတ္တစ္ခါ မစုိးရိမ္သို႔ လာေရာက္ေငြအပ္ႏွံရသည္။ ကိုယ့္ထမင္းကိုယ္စား ကိုယ့္စက္ဆီကိုယ္ဝယ္ထည့္ရသည္။ သည္ၾကားထဲ အသင္းဝင္မ်ား အလိုမက်၍ ရန္ေတြ႔ၾကသည္ႏွင့္လည္း ႀကဳံရ၏။ အခ်ဳိ႕ ေငြမစုႏိုင္သည့္အိမ္မ်ားသို႔ ကိုယ္တုိင္သြား၍လည္း အေၾကြးေတာင္းရ၏။ ဤကဲ့သို႔ ျပည္သူလူထုအေပၚ ေစတနာထား၍ အနစ္နာခံၾကေသာ္လည္း မည္သည့္သတင္းဌာနကမွ မေရးသားၾက၊ မည္သည့္ရုပ္သံမီဒီယာကမွ ရိုက္ကူးထုတ္လႊင့္ေပးျခင္းမ်ဳိးလည္း မရွိ၊ ဆုတံဆိပ္ေတြရဖုိ႔၊ စပြန္ဆာေတြေပၚဖုိ႔၊ ဒိုနာေတြ လာဖို႔ဆိုသည္မွာ ေဝလာမွေဝးပင္။ ခ်ီးျမႇင့္ေျမႇာက္စား သူေကာင္းအျပဳခံရဖုိ႔ိဆိုသည္မွာ ပို၍ပင္ေဝးေပေသးသည္။ ထုိ႔ေၾကာင့္လည္း ရပ္ကြက္အီးစီမ်ား တစ္ဖြဲ႔ၿပီးတစ္ဖြဲ႔ ႏုတ္ထြက္သြားကာ ယခုဆိုလွ်င္ နဂါးနီစုဘူး သံုးေလးဘူးမွ်သာ က်န္ေပေတာ့သည္။

၂၀၁၃ ခုႏွစ္ ရန္ကုန္ၿမဳိ႕တြင္းတစ္ေနရာ ဆင္းရဲသူဆင္းရဲသားေပါမ်ားသည့္ ၿမဳိ႕နယ္တစ္ခုတြင္ တရားေဟာရပါသည္။ ဓမၼပူဇာအလွဴေငြ မ်ားမ်ားစားစားမဟုတ္လွပါ။ ေငြစကၠဴအရြက္ႀကီးဆို၍ ငါးရာတန္ တစ္ေထာင္က်ပ္တန္မ်ားသာ အနည္းငယ္ပါသည္ကို ေတြ႔ရပါသည္။ အမ်ားစုမွာ အရြက္ေသးမ်ား ျဖစ္ပါသည္။ ေငြစကၠဴအႏြမ္းေလးမ်ားကိုၾကည့္၍ စိတ္မေကာင္းျဖစ္မိပါသည္။ ဤသို႔ျဖင့္ ၎ရပ္ကြက္ေနျပည္သူမ်ားအတြက္ တစ္ခုခုလုပ္ေပးရလွ်င္ ေကာင္းမည္ဆိုသည့္အေတြးႏွင့္အတူ နဂါးနီစုဘူးအသင္းတည္ေထာင္ေပးဖုိ႔ စိတ္ကူးေပၚခဲ့ပါသည္။ တရားပြဲပင့္သူမ်ားကိုေခၚ၍ ၎အစီအစဥ္ကိုေျပာျပရာ စည္းေဝးတုိင္ပင္ဦးမည္ဟုဆိုကာ ယေန႔အထိ ေပၚမလာၾကေတာ့ပါ။ စာေရးသူက ဖုန္းဆက္ေမးသည့္အခါတုိင္းလည္း ေရွာင္လႊဲေျဖသြားၾကသည္ႏွင့္သာ ႀကဳံရပါသည္။ အဆိုပါတရားပြဲပင့္သူမ်ားသည္ ပါတီတစ္ခုမွျဖစ္ပါသည္။ အဆိုပါအေတြ႔အႀကဳံမွ အုိင္ဒီယာတစ္ခု ရရွိခဲ့ပါသည္။ ၎မွာ “ႏိုင္ငံေရးအလုပ္က လြယ္ကူသည္၊ ပရဟိတအလုပ္က ခက္ခဲသည္”ဟူ၍ ျဖစ္ပါသည္။ မွန္ပါသည္။ ျမန္မာ့ႏိုင္ငံေရးေလာကတြင္ ေရဒီယိုမွာ အင္တာဗ်ဴးတာ ပါလွ်င္၊ အစိုးရကို တုိက္ခိုက္ေဝဖန္လွ်င္၊ လၻက္ရည္ဆုိင္ စကားဝိုင္းမွာ အာေပါင္အာရင္းသန္သန္ စကားေျပာႏိုင္လွ်င္ နာမည္ႀကီးသည္၊ ဆုေငြရသည္၊ ဆုတံဆိပ္ရသည္၊ ျပည္သူခ်စ္သည္၊ ႏိုင္ငံတကာခ်ီးျမႇင့္ေျမႇာက္စားတာ ခံရသည္။ ပရဟိတကား ထိုသို႔မဟုတ္ အရာရာေပးဆပ္ရသည္၊ စြန္႔လြတ္ရသည္၊ အနစ္နာခံရသည္၊ သည္းခံရသည္၊ သေဘာထားႀကီးရသည္၊ ေမတၱာေစတနာထားရသည္၊ ဆုလာဘ္မ်ား ဆုေငြမ်ား မဆိုထားဘိ မည္သည့္မီဒီယာမွာမွ် ပါမလာႏိုင္သလို မည္သည့္အႀကီးအကဲကမွ် အသိအမွတ္ျပဳလိမ့္မည္ မဟုတ္ပါ။ ထုိ႔ေၾကာင့္ ျမန္မာျပည္၏ အေျခအေနက ႏိုင္ငံေရးသမားေတြ ေကာင္းစားဖို႔ အခြင့္အလမ္းမ်ား ဖြင့္ေပးထားၿပီး ပရဟိတသမားေတြ အိတ္စိုက္သာသနာျပဳခ်င္တာေတာင္ လုပ္ကိုင္ဖို႔ အခြင့္အလမ္း နည္းပါးခဲ့ရေလသည္။
“ႏိုင္ငံေရးလုပ္ရတာ လြယ္ကူတယ္၊ ပရဟိတလုပ္ရတာ မလြယ္ဘူး ” ဤအေတြးအေခၚကို မၾကာခဏ ပို႔ခ်မိသလို စာေရးသူကိုယ္တုိင္လည္း အခက္အခဲရွိတုိင္း ထိုစာသားကို ေရရြတ္ေနမိတတ္ေလသည္။
ပရဟိတပညာေရးလုပ္သည့္အခါမွ သစ္တစ္ပင္းရင္း ဝါးတစ္ပင္ရင္းမွာ အိပ္ခဲ့ရဖူးပါသည္။ ပူေလာင္အိုက္စပ္ေသာ အခန္းက်ဥ္းေလးထဲမွာ အၿမဲအိပ္ခဲ့ရေလသည္။ ညအခါ အေအးအေဖ်ာ္ ေသာက္စရာမရွိ၍ ေရေႏြးၾကမ္းႏွင့္ ၿပီးရသည့္အႀကိမ္ေပါင္းလည္း မနည္းလွပါ။ ရံဖန္ရံခါ ေရေႏြးၾကမ္းျပတ္လပ္သည္မ်ဳိးႏွင့္ပင္ ႀကဳံခဲ့ရဖူးပါသည္။ ပရဟိတအလုပ္ကား ႏိုင္ငံေရးေလာက္ မလြယ္ကူလွပါ။

ပညာေရးေက်ာင္းေရာက္သည္ႏွင့္ ေရျပည့္စံု၏ေလာ မီးျပည့္စံု၏ေလာ စိစစ္ရသည္။ ေရမီးျပည့္စံုလွ်င္ ဆြမ္းစားေဆာင္ျပင္ဆင္ထားမႈမ်ားႏွင့္ လိုအပ္ခ်က္မ်ား လုပ္ေပးစရာရွိသည္မ်ား ရွာေဖြၾကရသည္။ သန္႔စင္ခန္းကား အေရးအႀကီးဆံုးျဖစ္၏။ ေဝးလံလြန္းေသာ ျပည္နယ္မ်ားမွ တုိင္းရင္းသားကေလးငယ္မ်ားႏွင့္ ျပည္မႀကီးမွ အေျခခံလူတန္းစားကေလးငယ္မ်ားျဖစ္သျဖင့္ လူေနမႈအဆင့္အတန္းက နိမ့္က်လွသည္။ ေကာင္းမြန္ျပည့္စံုေအာင္ လုပ္ကိုင္ေပးထားပါလ်က္ ေရမသံုးစြဲတတ္ၾက၍ ညစ္ေပေနသည္မ်ားကို သန္႔ရွင္းေပးရသည္။ ပိတ္ဆို႔ေနသည္မ်ားကို ထိုးေဖာက္ပစ္ရသည္။ ဖိတ္စင္ေနသည္မ်ားကို လွည္းက်င္းပစ္ရသည္။ မိတ္ကပ္သနပ္ခါးမ်ားျဖင့္ အလွျပင္ထားသည့္ မိန္းကေလးမ်ားဆို၍ သန္႔သန္႔ရွင္းရွင္းေနထိုင္တတ္သည္ မထင္လုိက္ပါႏွင့္ သူတုိ႔အိမ္သာသန္႔ရွင္းေပးရတာ အခက္ဆံုးပင္။ ဂြမ္းကပ္လိုလို ပတ္တီးလိုလို မိန္းကေလးအသံုးအေဆာင္မ်ားပင္ ရွင္းလင္းသုတ္သင္ေပးခဲ့ရပါသည္။
မွတ္တမ္းတင္မခံရေသာ ပရဟိတလုပ္ငန္းကား ကိုယ္ေစာင့္နတ္မွတစ္ပါး အျခားမည္သူတစ္ဦးတစ္ေယာက္မွ် အသိအမွတ္ျပဳႏိုင္ေလာက္သည့္ လုပ္ငန္းမဟုတ္ပါေပ။

ဤသို႔ေသာ ေပးဆပ္ျခင္းမွာ ေမြ႔ေလ်ာ္ေသာ္လည္း ယခုအခါ သားသားမီးမီးမ်ားႏွင့္ ခြဲခြါ၍ေနခဲ့ရပါသည္။ အစပထမပိုင္းတြင္ တိုက္ပြဲျပင္းထန္ေန၍ ေနာက္ဆံမတင္းႏိုင္ခဲ့ပါ။ ေနာက္ပုိင္းတြင္မူ ေနသားက်ခဲ့ၿပီးျဖစ္၍ ဣစၧာသယ လိုတရဂါထာ ရြတ္ဖတ္ပူေဇာ္ရင္း ကေလးငယ္မ်ားအတြက္ ဆုေတာင္းေပးခဲ့ရပါသည္။ အနယ္နယ္အရပ္ရပ္မွ ညီအစ္ကိုေမာင္ႏွမမ်ားေက်းဇူးေၾကာင့္ ပူပင္ေသာကမျဖစ္ရေတာ့ပါ။ ရမည္းသင္း မဘသမွ ဆရာေတာ္ဦးစေႏၵာဦးေဆာင္ေသာ မ်ဳိးခ်စ္ျပည္သူမ်ား စုေပါင္းလွဴဒါန္းၾကသည္မွစ၍ ပ်ံ႕ႏွံ႕က်ယ္ျပန႔္ကာ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ မိတၳီလာ၊ သာစည္၊ ေနျပည္ေတာ္၊ တပ္ကုန္း၊ ပ်ဥ္းမနား၊ လယ္ေဝး၊ ေက်ာက္ဆည္၊ ရန္ကုန္၊ တုိက္ႀကီး၊ သာယာဝတီ၊ ကရင္၊ ကယား၊ ရွမ္းေတာင္၊ မႏၲေလး၊ စစ္ကိုင္း၊ ဧရာဝတီ၊ မေကြး စသည့္ တိုင္းေဒသႀကီး သံဃာေတာ္မ်ားဦးေဆာင္သည့္ မ်ဳိးခ်စ္ျပည္သူမ်ား ပရဟိတသမားမ်ား ၾကြေရာက္လွဴဒါန္းၾက၊ အားေပးစကားေျပာၾက၊ ဆံုးမၾသဝါဒေပးၾကႏွင့္ ျမင္ရသူသည္ပင္ ဓမၼပီတိ ၾကည္ႏူးမိခဲ့ေလသည္။

အဆိုပါအဖြဲ႔မ်ားတြင္ ဆန္အိတ္ရာေက်ာ္လွဴဒါန္းၾကသူမ်ားလည္း ပါသည္။ ရိကၡာမ်ား ကားႀကီးကားငယ္ျဖင့္ ေဆာင္ယူလွဴဒါန္းၾကသူမ်ားလည္း ပါသည္။ တစ္သိန္းက်ပ္မွ သိန္းေလးငါးဆယ္က်ပ္အထိ ပညာေရးပေဒသာပင္စိုက္ထူလွဴဒါန္းၾကသူမ်ားလည္း ပါသည္။ ဝါေတာ္ေလးငယ္ ဆယ္ရ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားလည္း ပါသည္။ ရံဖန္ရံခါ ပညာေရးအကယ္ဒမီ ေဖ့စ္ဘုတ္အေကာင့္မွ တိုက္ရိုက္ထုတ္လႊြင့္သျဖင့္ စာေရးသူလည္း တရားနာခြင့္ ရရွိခဲ့ေလသည္။ မိုဘိုင္းဖုန္းျဖင့္ တရားနာျခင္းျဖစ္ေသာ္လည္း ရိုေသေလးစားစြာ လက္အုပ္ခ်ီ၍ ၾကည္ညဳိနာယူမိခဲ့ေလသည္။ အစားလည္း ေကၽြး တရားလည္းေပးေသာ ဆရာေတာ္ႀကီးမ်ား၊ ရိကၡာလည္းလွဴ သိကၡာလည္းထူေတာ္မူေသာ ဆရာေတာ္ႀကီးမ်ားျဖစ္၏။ ၾကည္ႏူးပီတိျဖင့္ မ်က္ရည္ဝဲမိေလေတာ့၏။ ၾသဝါဒမ်ားကလည္း မွတ္သားစရာပင္။ တိုတိုက်ဥ္းက်ဥ္းႏွင့္ လိုရင္းထိမိလွ၏။ ကေလးငယ္မ်ား ကံေကာင္းပါသည္။ သံဃာေတာ္မ်ားက ရွာေကၽြး၊ သံဃာေတာ္မ်ားက ေထာက္ပံ့၊ သံဃာေတာ္မ်ားက တရားေဟာ၊ သံဃာေတာ္မ်ားက ဆံုးမ စသည္ျဖင့္ တိုင္းႏွင့္ျပည္နယ္အသီးသီးမွ သံဃာေတာ္မ်ားအား ဖူးေျမာ္ရျခင္း၊ တရားနာရျခင္း၊ ၾသဝါဒခံယူရျခင္းျဖင့္ ဘဝတစ္ခုလံုး အက်ဳိးရွိေစမည့္ အေမြးအႏွစ္မ်ား ရရွိခဲ့ျခင္း ျဖစ္ေလသည္။ အႏွစ္သာရျပည့္ဝေသာ ဘဝကိုယ္စီ တည္ေဆာက္ႏိုင္ေတာ့မည္ျဖစ္၏။

ၾကြေရာက္ခ်ီးေျမႇာက္ေတာ္မူၾကေသာ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားတြင္ ေရစႀကဳိၿမဳိ႕မွ ရွင္မေတာင္ဆရာေတာ္ဘုရားႀကီး၊ ေနျပည္ေတာ္တပ္ကုန္းမွ ေရွာက္ကုန္းဆရာေတာ္ဘုရားႀကီး၊ ကယားျပည္နယ္မွ လြဳိင္လင္ေလးဆရာေတာ္ဘုရားႀကီး၊ သာယာဝတီမွ …. ဆရာေတာ္ဘုရားႀကီးတုိ႔ ပါဝင္ပါသည္။ အလြန္တရာေဝးလံေသာေဒသမွ အေရာက္လာကာ အပင္ပန္းခံ အကုန္က်ခံ လွဴဒါန္းေထာက္ပံ့ေတာ္မူၾကေသာ ဆရာေတာ္ႀကီးမ်ား၏ ေက်းဇူးကား ႀကီးမားက်ယ္ေျပာလွေတာ့၏။ ေက်းဇူးလည္း တင္၏။ ဝမ္းလည္းသာ၏။ အားလည္းရွိ၏။

အလွဴအတန္းရွိတုိင္း ၾကြေရာက္ခ်ီးေျမႇာက္ေတာ္မူေသာ ဆရာေတာ္ႀကီးကား မႏၲေလး ဘုရားႀကီးတိုက္မွ ပါဠိပါရဂူဆရာေတာ္ႀကီး ဦးကုသလျဖစ္ေလသည္။ ဆရာေတာ္ႀကီးသည္ စာေရးသူမရွိသည့္ေနာက္ပိုင္း ပညာေရးအကယ္ဒမီကို အထူးအာရုံစိုက္ကာ တပည့္ ဒကာ ဒကာမမ်ားကို ဦးေဆာင္လ်က္ မုန္႔ဟင္းခါးေကၽြးလုိက္ ဒန္ေပါက္ေကၽြးလိုက္ မုန္႔ဖိုးေပးလိုက္ မုန္႔ေဝလိုက္ျဖင့္ အၿမဲခ်ီးေျမႇာက္ေတာ္မူေလသည္။ အလွဴရွင္အဖြဲ႔မ်ား ေရာက္လာလွ်င္လည္း ဒိုင္ခံ ဧည့္ခံေတာ္မူေလသည္။ စာေရးသူ၏ အဖိုးတမွ် သံေယာဇဥ္ႀကီးမားလွေသာ ဆရာေတာ္ဘုရားႀကီးပင္တည္း။

စာေရးသူဦးေဆာင္သည့္ ပညာဒါနလုပ္ငန္းႀကီးသံုးခုတြင္ ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္းအတြက္ ပူပင္ေၾကာင့္ၾကမႈ မႀကီးမားလွပါ။ မန္းမေဟာ္သဓာရံပံုေငြမ်ားမွ သံုးစြဲေသာေၾကာင့္ ျဖစ္ပါသည္။ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းအတြက္လည္း စိတ္ေအးရသေလာက္ ရွိပါၿပီ။ ေရာဟိနီသံဃေဝယ်ာဝစၥအဖြဲ႔ႏွင့္ ဝီရသူေဖာင္ေဒးရွင္းကို ဦးေဆာင္တည္ေထာင္ခဲ့ေသာ အမရပူရၿမဳိ႕ေန MKေက်ာက္မ်က္ရတနာလုပ္ငန္းပိုင္ရွင္ ဦးမိုးကို+ေဒၚခုိင္မာဝင္း မိသားစုက တာဝန္ယူ ေထာက္လွဴေနေသာေၾကာင့္ ျဖစ္ပါသည္။ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီအတြက္ကား ယေန႔ထက္ထိ ရင္ေလးေနဆဲပင္။ လက္ရွိအခ်ိန္တြင္ ပညာေရးပေဒသာပင္ေငြ သိန္းေပါင္း ႏွစ္ရာ့ငါးဆယ္ေက်ာ္ ရွိပါသည္။ စာေရးသူ၏ အခက္အခဲကို သိရွိၾကေသာ မန္းၿမဳိ႕ေစ်း ေရႊမန္းေမအထည္ဆုိင္ပိုင္ရွင္ ဦးဝင္းျမင့္ေဌး+ေဒၚခင္မမ မိသားစုက ကထိန္လာခင္းစဥ္ ပညာေရးပေဒသာပင္အျဖစ္ သိန္းႏွစ္ဆယ္ စိုက္ထူလွဴဒါန္းခဲ့ရာမွ အလွဴရွင္အသီးသီး ေပၚေပါက္လာျခင္းေၾကာင့္ သိန္းႏွစ္ရာ့ငါးဆယ္ ျပည့္သြားျခင္း ျဖစ္ပါသည္။ ၎ေငြသည္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ဝန္ထမ္းလစာပင္ မလံုေလာက္ေသးပါ။ အေျခခံစားေသာက္ကုန္ျဖစ္သည့္ ဆန္ ဆီ ငါးပိ ငါးေျခာက္ ငံျပာရည္ ၾကက္သြန္ ပဲ တုိ႔ကို သီးႏွံေပၚခ်ိန္တြင္ ဆရာေတာ္သံဃာေတာ္မ်ားဦးေဆာင္ေထာက္ပံ့ေနေသာေၾကာင့္ ရိကၡာအတြက္ စိတ္ေအးႏိုင္ပါသည္။

ပညာေရးအကယ္ဒမီေက်ာင္းသားေက်ာင္းသူမ်ားတြင္ အမိမဲ့သြားသူမ်ား၊ အဖမဲ့သြားသူမ်ား၊ မိဘႏွစ္ပါးလံုး မဲ့သြားသူမ်ား၊ မိဘႏွစ္ပါးလံုး ရွိေသးေသာ္လည္း ေက်ာင္းမထားႏိုင္ ပညာေရးကို ဦးစားမေပးႏိုင္သူမ်ားက အမ်ားစုျဖစ္ကာ ေက်ာင္းထားႏိုင္ ေထာက္ပံ့ႏိုင္သည့္ မိဘမ်ားရွိသည့္ ကေလးငယ္မ်ဳိးမွာ အနည္းငယ္သာ ရွိပါသည္။ ၎တုိ႔သည္ လိမၼာေရးျခားရွိေစလိုေသာ မိဘမ်ား စည္းကမ္းေသဝပ္လိုေသာ မိဘမ်ားက ဂရုစိုက္အပ္ႏွံထားသူမ်ား ျဖစ္ပါသည္။ ခ်င္း၊ ကခ်င္၊ ရွင္း၊ ပအိုဝ္၊ ပေလာင္၊ ဓႏု တုိင္းရင္းသားမ်ား စံုလင္ၿပီး ရခုိင္ႏွင့္ ကရင္မွာ တစ္ဦးစ ႏွစ္ဦးစသာ ရွိပါသည္။ ကယား၊ မြန္တုိ႔ မရွိေသးသျဖင့္ တုိင္းရင္းသားအားလံုး မစံုေသးဟု ဆိုရပါမည္။

ေက်ာက္ရိုင္းတံုးေလးမ်ားကို ထိန္းေက်ာင္းျပဳျပင္ သြန္သင္ဆံုးမ၍ လိမၼာယဥ္ေက်း အဖိုးတန္ကေလးမ်ားျဖစ္ေအာင္ နိစၥဓူဝ ၾကည့္ရႈေစာင့္ေရွာက္မႈကား အင္မတန္တာဝန္ႀကီးေလးပါသည္။ ပညာေရးတစ္ခုတည္းအတြက္ပင္ အခ်ိန္ေပးဖို႔ မလံုေလာက္ပါ။ အၿမဲေန ဆရာဆရာမမ်ား ရွားပါးျခင္း၊ လိုအပ္လွ်င္ လိုအပ္သလို အဆင့္ျမင ့္ဆရာ ဆရာမမ်ား ဖိတ္ေခၚ၍ အခ်ိန္ပိုသင္ေပးရျခင္း၊ ဂိုက္ဆရာ ဆရာမမ်ား ရွာေဖြရျခင္းႏွင့္ပင္ စိတ္ပန္းလူပန္း ျဖစ္ခဲ့ရပါသည္။

ပညာေရးအကယ္ဒမီ၏ ထူးျခားခ်က္တစ္ခုမွာ ရွစ္တန္း ကိုးတန္းမ်ားအား အဂၤလိပ္စကားေျပာ (English Speaking) သင္တန္း ဘာသာရပ္တစ္ခုအျဖစ္ သီးသန္႔ဖြင့္လွစ္သင္ၾကားေပးေနျခင္း ျဖစ္ပါသည္။

ပညာေရးအကယ္ဒမီေဆာင္ပုဒ္မွာ “သာသနာ ပညာ ယဥ္ေက်းမႈ၊ ေကာင္း ေတာ္ ယဥ္ေအာင္ျပဳ” ျဖစ္ပါသည္။ လူေကာင္း လူေတာ္ လူယဥ္ေက်းေလးေတြ ထြန္းကားေစေရး အဓိက ျဖစ္ပါသည္။

ေကာင္း ေတာ္ ယဥ္ – အဖုိးတန္ကေလးငယ္မ်ား ထြန္းကားေရးအတြက္ အဘက္ဘက္မွ ပံ့ပိုးကူညီ လွဴဒါန္းေထာက္ပံ့ ျပဳစုပ်ဳိးေထာင္ ထိန္းေက်ာင္းျပဳျပင္ေပးေတာ္မူၾကေသာ မ်ဳိးခ်စ္သံဃာေတာ္မ်ားႏွင့္ မ်ဳိးခ်စ္ျပည္သူမ်ားအားလံုးကို အထူးတလည္ ေက်းဇူးတင္ဂုဏ္ျပဳအပ္ေပသည္။ ။

ဝီရသူ(မစုိးရိမ္)
16.3.2020

“ပညာရေးအကယ်ဒမီ ရှေ့ခရီး”

စာရေးသူမှာ ပညာဒါနစာသင်ကျောင်း သုံးကျောင်းရှိပါသည်။ လောကအလင်း၊ မန်းမဟော်သဓာနှင့် ပညာရေးအကယ်ဒမီတို့ ဖြစ်ပါသည်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာ တည်ရှိပါသည်။ တက္ကသိုလ်ဝင်တန်းသီးသန့် ကျူရှင်ကျောင်းဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ အောင်မြင်သူပေါင်း ၁၂၄ဦး ရှိခဲ့ပါသည်။ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာလည်း ဝင်ရောက်ဖြေဆိုနေကြပါသည်။

ဒုတိယကျောင်းဖြစ်သော မန်းမဟော်သဓာမှာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာမှာ တည်ရှိပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ကာ ၉တန်း ၁၀တန်း ကျောင်းသူကျောင်းသားများ လက်ခံထားပါသည်။ မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အကောင်အထည်မပေါ်သေးခင် ကျေးရွာလိုအပ်ချက်အရ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ နာမည်အပြည့်အစုံမှာ “ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း” ဖြစ်ပါသည်။ စတင်တည်ထောင်ခါစဖြစ်၍ အောင်ချက်မကောင်းသေးပါ။

တတိယကျောင်းဖြစ်သော ပညာရေးအကယ်ဒမီကား စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ပုထိုးတော်ကြီးအနီးမှာ တည်ရှိပါသည်။ ပဉ္စမတန်းမှ ဒသမတန်းအထိ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားများ လက်ခံထားပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ဆယ်တန်း ၁၂ဦး အောင်မြင်ပါသည်။ နာမည်အပြည့်အစုံမှာ “မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ” ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ မူလတန်း အလယ်တန်း အောင်မြင်ပြီး ဆက်လက်ကျောင်းမနေနိုင်သော ရွာသူရွာသား နွမ်းပါးကလေးငယ်များလည်း သူဌေးသားသမီးများနှင့်တန်းတူ အဆင့်အတန်းမြင့်မြင့် ပညာသင်ယူနိုင်ရေးပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းအိပ်ကျောင်းစား ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများအား နေ့စဉ် ထမင်းသုံးနပ် ကျွေးမွေးရကာ ပညာရေး ကျန်းမာရေး စားရေး နေရေး အလုံးစုံတာဝန်ယူရပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဦးရေ တစ်ရာ့ခြောက်ဆယ်ကျော် ရှိပါသည်။ ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဦးရေ သုံးရာကျော်ရှိရာ ဆယ်တန်းကျောင်းသားကျောင်းသူပေါင်း တစ်ရာ့ခုနစ်ဆယ်ကျော် ရှိပါသည်။ နေ့စဉ် ထမင်းသုံးနပ်အတွက် ဆန်လေးပိုင်း ကုန်ကျပြီး ဝန်ထမ်းလစာ၊ ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးအတွက် လစဉ် သိန်း ခုနစ်ဆယ်ကျော်မှ ကိုးဆယ်ကျော်အထိ ကုန်ကျပါသည်။

အမာခံလှူဒါန်းမည့် ဒါယကာ ဒါယိကာမများ မရှိခြင်း၊ ငွေပဒေသာပင်စိုက်ထူ ဘဏ်အပ်ထားမှုမရှိခြင်းတို့ကြောင့် စာရေးသူ၏ တပည့်ဒကာ ဒကာမများက ပညာရေးအကယ်ဒမီကျောင်းတော်ကြီးအတွက် စိုးရိမ်ပူပန်ခဲ့ကြပါသည်။ စာရေးသူကလည်း သူ့နည်းသူ့ဟန်ဖြင့် သူ့ဘာသာဖြစ်မြောက်သွားလိမ့်မည်ဟု ယုံကြည်ထားသည့်အားလျော်စွာ စာရေးသူ တရားပွဲပြန်ပွင့်စအခါနှင့် ကြုံကြိုက်၍ တရားပွဲများစိပ်ကာ ဓမ္မပူဇာများ ရရှိလာသဖြင့် ပထမခြေလှမ်း အောင်မြင်နိုင်ခဲ့ပါသည်။ ဒကာ ဒကာမအင်အား မတောင့်တင်းဘဲ ပရဟိတဘကကျောင်းကြီးကို တာဝန်ယူဖွင့်လှစ်ထားခြင်းသည် စာသင်တိုက်တစ်တိုက် ဖွင့်လှစ်ရခြင်းထက် တာဝန်ကြီးလှပါသည်။ စာရေးသူမှာ စာချပြီးတိုင်း မင်းကွန်းသို့ သွားရပါသည်။ ရိက္ခာအတွက်လည်း ကိုယ်တိုင်စီမံကာ အမြဲပို့ပေးရပါသည်။ သင်ရိုးစာအုပ်များ၊ အထူးထုတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ အမြဲဝယ်ယူပို့ပေးနေရပါသည်။

ကလေးများကို နေ့စဉ်ပြုစုပျိုးထောင်ရသဖြင့် ကိုယ့်သားသမီးအလား သံယောဇဉ်ထားခဲ့ရပါသည်။ တရားဟောကြွသည့်အခါတိုင်း ‘ကျုပ်က အရင်လို လူပျိုလူလွတ်မဟုတ်တော့ဘူးဗျ၊ သားသားမီးမီးတွေ ရနေပြီ’ဟု ဒကာ ဒကာမများကို ပြောပြတတ်သလို စားအိုးကြီးသည့် မိသားစုများ ငြီးငြူသည်နှင့် ကြုံရလျှင်လည်း ‘ခင်ဗျားတို့ စားအိုးကြီးတာ ဘာဟုတ်သေးလို့လဲ၊ ကျုပ်စားအိုးက လူသုံးရာကျော်ကြီးတောင်’ဟု မော်ကြွားတတ်ပါသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှစ်စကာလပင် ရှိပါသေးသည်။ တစ်နည်းအားဖြင့် ကျောင်းဖွင့်ပြီး၍ နှစ်လသာရှိပါသေးသည်။ သားသားမီးမီးများနှင့် ဝေးရာသို့ ရောက်ရှိခဲ့ရပါသည်။ ပဒေသာပင်လည်း မရှိ၊ အမာခံ ဒကာ ဒကာမလည်း မရှိ၊ ဓမ္မပူဇာများလည်း မရှိတော့သဖြင့် ကျောင်းတော်ကြီး ပိတ်ရတော့မည့်အဖြစ်ဆိုးနှင့် ကြုံခဲ့ရပါသည်။ စိုးရိမ်မှုလွန်ကဲသော မိဘများက ပြန်ခေါ်သွား၍ ကျောင်းသား ဆယ့်လေးငါးဦး ရွာပြန်သွားကြပါသည်။ စာရေးသူကလည်း အားလုံးတာဝန်ယူကြောင်းနှင့် အာမခံကြောင်း ပြောပြထားပြီး အားလုံးပြည့်စုံအောင် စီမံပေးနိုင်ခဲ့ပါသည်။ ပရဟိတအဖွဲ့အစည်းများ၊ အမျိုးသားရေးအင်အားစုများ၊ မဘသညီနောင်မိသားစုများ၏ ကြည့်ရှုစောင့်ရှောက်မှုကြောင့် လွယ်ကူချောမောစွာပင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဖြတ်သန်းနိုင်ခဲ့ပါသည်။ ယခုဆိုလျှင် ဆယ်တန်းစာမေးပွဲများပင် ဖြေဆိုနေကြပေပြီတည်း။
နိုင်ငံရေးနှင့် ပရဟိတ မည်သည့်အရာက ခံခဲသနည်း ဤမေးခွန်းကို အတွေ့အကြုံက အဖြေပေးနိုင်ခဲ့ပေသည်။ စာရေးသူသည် ၂၀၁၃ ခုနှစ်မှစ၍ နဂါးနီစုဘူးများကို တည်ထောင်ခဲ့ပါသည်။ ဆင်းရဲနွမ်းပါးပြည်သူများ အထူးသဖြင့် အိုးပိုင်အိမ်ပိုင်မရှိသေးသည့် ကျူးကျော်အိမ်နေပြည်သူများအား ငွေကြေးအရင်းအနှီးထုတ်ပေးပြီး ငွေစုခိုင်းသည့်စနစ် ဖြစ်ပါသည်။ ပြည်သူအများစုက သစ္စာရှိကြ၊ အလုပ်ကြိုးစားကြသော်လည်း ရပ်ကွက်နေ ပရဟိတအားသန်သူများ၏ အကူအညီမရ၍ စုဘူးများ တိုးချဲ့နိုင်ခြင်း မရှိခဲ့ပါ။ ရပ်ကွက်အီးစီဟုခေါ်ဆိုအပ်သော နဂါးနီစုဘူးအဖွဲ့ အကြီးအကဲများ၏ တာဝန်ကလည်း မလွယ်ကူလှပါ။ နေ့စဉ်နေ့တိုင်း ငွေကောက်ခံရသည်။ စာရင်းပြုစုရသည်။ တစ်ပတ်တစ်ခါ မစိုးရိမ်သို့ လာရောက်ငွေအပ်နှံရသည်။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်စက်ဆီကိုယ်ဝယ်ထည့်ရသည်။ သည်ကြားထဲ အသင်းဝင်များ အလိုမကျ၍ ရန်တွေ့ကြသည်နှင့်လည်း ကြုံရ၏။ အချို့ ငွေမစုနိုင်သည့်အိမ်များသို့ ကိုယ်တိုင်သွား၍လည်း အကြွေးတောင်းရ၏။ ဤကဲ့သို့ ပြည်သူလူထုအပေါ် စေတနာထား၍ အနစ်နာခံကြသော်လည်း မည်သည့်သတင်းဌာနကမှ မရေးသားကြ၊ မည်သည့်ရုပ်သံမီဒီယာကမှ ရိုက်ကူးထုတ်လွှင့်ပေးခြင်းမျိုးလည်း မရှိ၊ ဆုတံဆိပ်တွေရဖို့၊ စပွန်ဆာတွေပေါ်ဖို့၊ ဒိုနာတွေ လာဖို့ဆိုသည်မှာ ဝေလာမှဝေးပင်။ ချီးမြှင့်မြှောက်စား သူကောင်းအပြုခံရဖို့ိဆိုသည်မှာ ပို၍ပင်ဝေးပေသေးသည်။ ထို့ကြောင့်လည်း ရပ်ကွက်အီးစီများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နုတ်ထွက်သွားကာ ယခုဆိုလျှင် နဂါးနီစုဘူး သုံးလေးဘူးမျှသာ ကျန်ပေတော့သည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တွင်းတစ်နေရာ ဆင်းရဲသူဆင်းရဲသားပေါများသည့် မြို့နယ်တစ်ခုတွင် တရားဟောရပါသည်။ ဓမ္မပူဇာအလှူငွေ များများစားစားမဟုတ်လှပါ။ ငွေစက္ကူအရွက်ကြီးဆို၍ ငါးရာတန် တစ်ထောင်ကျပ်တန်များသာ အနည်းငယ်ပါသည်ကို တွေ့ရပါသည်။ အများစုမှာ အရွက်သေးများ ဖြစ်ပါသည်။ ငွေစက္ကူအနွမ်းလေးများကိုကြည့်၍ စိတ်မကောင်းဖြစ်မိပါသည်။ ဤသို့ဖြင့် ၎င်းရပ်ကွက်နေပြည်သူများအတွက် တစ်ခုခုလုပ်ပေးရလျှင် ကောင်းမည်ဆိုသည့်အတွေးနှင့်အတူ နဂါးနီစုဘူးအသင်းတည်ထောင်ပေးဖို့ စိတ်ကူးပေါ်ခဲ့ပါသည်။ တရားပွဲပင့်သူများကိုခေါ်၍ ၎င်းအစီအစဉ်ကိုပြောပြရာ စည်းဝေးတိုင်ပင်ဦးမည်ဟုဆိုကာ ယနေ့အထိ ပေါ်မလာကြတော့ပါ။ စာရေးသူက ဖုန်းဆက်မေးသည့်အခါတိုင်းလည်း ရှောင်လွှဲဖြေသွားကြသည်နှင့်သာ ကြုံရပါသည်။ အဆိုပါတရားပွဲပင့်သူများသည် ပါတီတစ်ခုမှဖြစ်ပါသည်။ အဆိုပါအတွေ့အကြုံမှ အိုင်ဒီယာတစ်ခု ရရှိခဲ့ပါသည်။ ၎င်းမှာ “နိုင်ငံရေးအလုပ်က လွယ်ကူသည်၊ ပရဟိတအလုပ်က ခက်ခဲသည်”ဟူ၍ ဖြစ်ပါသည်။ မှန်ပါသည်။ မြန်မာ့နိုင်ငံရေးလောကတွင် ရေဒီယိုမှာ အင်တာဗျူးတာ ပါလျှင်၊ အစိုးရကို တိုက်ခိုက်ဝေဖန်လျှင်၊ လ္ဘက်ရည်ဆိုင် စကားဝိုင်းမှာ အာပေါင်အာရင်းသန်သန် စကားပြောနိုင်လျှင် နာမည်ကြီးသည်၊ ဆုငွေရသည်၊ ဆုတံဆိပ်ရသည်၊ ပြည်သူချစ်သည်၊ နိုင်ငံတကာချီးမြှင့်မြှောက်စားတာ ခံရသည်။ ပရဟိတကား ထိုသို့မဟုတ် အရာရာပေးဆပ်ရသည်၊ စွန့်လွတ်ရသည်၊ အနစ်နာခံရသည်၊ သည်းခံရသည်၊ သဘောထားကြီးရသည်၊ မေတ္တာစေတနာထားရသည်၊ ဆုလာဘ်များ ဆုငွေများ မဆိုထားဘိ မည်သည့်မီဒီယာမှာမျှ ပါမလာနိုင်သလို မည်သည့်အကြီးအကဲကမျှ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် မြန်မာပြည်၏ အခြေအနေက နိုင်ငံရေးသမားတွေ ကောင်းစားဖို့ အခွင့်အလမ်းများ ဖွင့်ပေးထားပြီး ပရဟိတသမားတွေ အိတ်စိုက်သာသနာပြုချင်တာတောင် လုပ်ကိုင်ဖို့ အခွင့်အလမ်း နည်းပါးခဲ့ရလေသည်။
“နိုင်ငံရေးလုပ်ရတာ လွယ်ကူတယ်၊ ပရဟိတလုပ်ရတာ မလွယ်ဘူး ” ဤအတွေးအခေါ်ကို မကြာခဏ ပို့ချမိသလို စာရေးသူကိုယ်တိုင်လည်း အခက်အခဲရှိတိုင်း ထိုစာသားကို ရေရွတ်နေမိတတ်လေသည်။
ပရဟိတပညာရေးလုပ်သည့်အခါမှ သစ်တစ်ပင်းရင်း ဝါးတစ်ပင်ရင်းမှာ အိပ်ခဲ့ရဖူးပါသည်။ ပူလောင်အိုက်စပ်သော အခန်းကျဉ်းလေးထဲမှာ အမြဲအိပ်ခဲ့ရလေသည်။ ညအခါ အအေးအဖျော် သောက်စရာမရှိ၍ ရေနွေးကြမ်းနှင့် ပြီးရသည့်အကြိမ်ပေါင်းလည်း မနည်းလှပါ။ ရံဖန်ရံခါ ရေနွေးကြမ်းပြတ်လပ်သည်မျိုးနှင့်ပင် ကြုံခဲ့ရဖူးပါသည်။ ပရဟိတအလုပ်ကား နိုင်ငံရေးလောက် မလွယ်ကူလှပါ။

ပညာရေးကျောင်းရောက်သည်နှင့် ရေပြည့်စုံ၏လော မီးပြည့်စုံ၏လော စိစစ်ရသည်။ ရေမီးပြည့်စုံလျှင် ဆွမ်းစားဆောင်ပြင်ဆင်ထားမှုများနှင့် လိုအပ်ချက်များ လုပ်ပေးစရာရှိသည်များ ရှာဖွေကြရသည်။ သန့်စင်ခန်းကား အရေးအကြီးဆုံးဖြစ်၏။ ဝေးလံလွန်းသော ပြည်နယ်များမှ တိုင်းရင်းသားကလေးငယ်များနှင့် ပြည်မကြီးမှ အခြေခံလူတန်းစားကလေးငယ်များဖြစ်သဖြင့် လူနေမှုအဆင့်အတန်းက နိမ့်ကျလှသည်။ ကောင်းမွန်ပြည့်စုံအောင် လုပ်ကိုင်ပေးထားပါလျက် ရေမသုံးစွဲတတ်ကြ၍ ညစ်ပေနေသည်များကို သန့်ရှင်းပေးရသည်။ ပိတ်ဆို့နေသည်များကို ထိုးဖောက်ပစ်ရသည်။ ဖိတ်စင်နေသည်များကို လှည်းကျင်းပစ်ရသည်။ မိတ်ကပ်သနပ်ခါးများဖြင့် အလှပြင်ထားသည့် မိန်းကလေးများဆို၍ သန့်သန့်ရှင်းရှင်းနေထိုင်တတ်သည် မထင်လိုက်ပါနှင့် သူတို့အိမ်သာသန့်ရှင်းပေးရတာ အခက်ဆုံးပင်။ ဂွမ်းကပ်လိုလို ပတ်တီးလိုလို မိန်းကလေးအသုံးအဆောင်များပင် ရှင်းလင်းသုတ်သင်ပေးခဲ့ရပါသည်။
မှတ်တမ်းတင်မခံရသော ပရဟိတလုပ်ငန်းကား ကိုယ်စောင့်နတ်မှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်မျှ အသိအမှတ်ပြုနိုင်လောက်သည့် လုပ်ငန်းမဟုတ်ပါပေ။

ဤသို့သော ပေးဆပ်ခြင်းမှာ မွေ့လျော်သော်လည်း ယခုအခါ သားသားမီးမီးများနှင့် ခွဲခွါ၍နေခဲ့ရပါသည်။ အစပထမပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ နောက်ဆံမတင်းနိုင်ခဲ့ပါ။ နောက်ပိုင်းတွင်မူ နေသားကျခဲ့ပြီးဖြစ်၍ ဣစ္ဆာသယ လိုတရဂါထာ ရွတ်ဖတ်ပူဇော်ရင်း ကလေးငယ်များအတွက် ဆုတောင်းပေးခဲ့ရပါသည်။ အနယ်နယ်အရပ်ရပ်မှ ညီအစ်ကိုမောင်နှမများကျေးဇူးကြောင့် ပူပင်သောကမဖြစ်ရတော့ပါ။ ရမည်းသင်း မဘသမှ ဆရာတော်ဦးစန္ဒောဦးဆောင်သော မျိုးချစ်ပြည်သူများ စုပေါင်းလှူဒါန်းကြသည်မှစ၍ ပျံ့နှံ့ကျယ်ပြန့်ကာ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ကျောက်ဆည်၊ ရန်ကုန်၊ တိုက်ကြီး၊ သာယာဝတီ၊ ကရင်၊ ကယား၊ ရှမ်းတောင်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး စသည့် တိုင်းဒေသကြီး သံဃာတော်များဦးဆောင်သည့် မျိုးချစ်ပြည်သူများ ပရဟိတသမားများ ကြွရောက်လှူဒါန်းကြ၊ အားပေးစကားပြောကြ၊ ဆုံးမသြဝါဒပေးကြနှင့် မြင်ရသူသည်ပင် ဓမ္မပီတိ ကြည်နူးမိခဲ့လေသည်။

အဆိုပါအဖွဲ့များတွင် ဆန်အိတ်ရာကျော်လှူဒါန်းကြသူများလည်း ပါသည်။ ရိက္ခာများ ကားကြီးကားငယ်ဖြင့် ဆောင်ယူလှူဒါန်းကြသူများလည်း ပါသည်။ တစ်သိန်းကျပ်မှ သိန်းလေးငါးဆယ်ကျပ်အထိ ပညာရေးပဒေသာပင်စိုက်ထူလှူဒါန်းကြသူများလည်း ပါသည်။ ဝါတော်လေးငယ် ဆယ်ရ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများလည်း ပါသည်။ ရံဖန်ရံခါ ပညာရေးအကယ်ဒမီ ဖေ့စ်ဘုတ်အကောင့်မှ တိုက်ရိုက်ထုတ်လွှွင့်သဖြင့် စာရေးသူလည်း တရားနာခွင့် ရရှိခဲ့လေသည်။ မိုဘိုင်းဖုန်းဖြင့် တရားနာခြင်းဖြစ်သော်လည်း ရိုသေလေးစားစွာ လက်အုပ်ချီ၍ ကြည်ညိုနာယူမိခဲ့လေသည်။ အစားလည်း ကျွေး တရားလည်းပေးသော ဆရာတော်ကြီးများ၊ ရိက္ခာလည်းလှူ သိက္ခာလည်းထူတော်မူသော ဆရာတော်ကြီးများဖြစ်၏။ ကြည်နူးပီတိဖြင့် မျက်ရည်ဝဲမိလေတော့၏။ သြဝါဒများကလည်း မှတ်သားစရာပင်။ တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းထိမိလှ၏။ ကလေးငယ်များ ကံကောင်းပါသည်။ သံဃာတော်များက ရှာကျွေး၊ သံဃာတော်များက ထောက်ပံ့၊ သံဃာတော်များက တရားဟော၊ သံဃာတော်များက ဆုံးမ စသည်ဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သံဃာတော်များအား ဖူးမြော်ရခြင်း၊ တရားနာရခြင်း၊ သြဝါဒခံယူရခြင်းဖြင့် ဘဝတစ်ခုလုံး အကျိုးရှိစေမည့် အမွေးအနှစ်များ ရရှိခဲ့ခြင်း ဖြစ်လေသည်။ အနှစ်သာရပြည့်ဝသော ဘဝကိုယ်စီ တည်ဆောက်နိုင်တော့မည်ဖြစ်၏။

ကြွရောက်ချီးမြှောက်တော်မူကြသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများတွင် ရေစကြိုမြို့မှ ရှင်မတောင်ဆရာတော်ဘုရားကြီး၊ နေပြည်တော်တပ်ကုန်းမှ ရှောက်ကုန်းဆရာတော်ဘုရားကြီး၊ ကယားပြည်နယ်မှ လွိုင်လင်လေးဆရာတော်ဘုရားကြီး၊ သာယာဝတီမှ …. ဆရာတော်ဘုရားကြီးတို့ ပါဝင်ပါသည်။ အလွန်တရာဝေးလံသောဒေသမှ အရောက်လာကာ အပင်ပန်းခံ အကုန်ကျခံ လှူဒါန်းထောက်ပံ့တော်မူကြသော ဆရာတော်ကြီးများ၏ ကျေးဇူးကား ကြီးမားကျယ်ပြောလှတော့၏။ ကျေးဇူးလည်း တင်၏။ ဝမ်းလည်းသာ၏။ အားလည်းရှိ၏။

အလှူအတန်းရှိတိုင်း ကြွရောက်ချီးမြှောက်တော်မူသော ဆရာတော်ကြီးကား မန္တလေး ဘုရားကြီးတိုက်မှ ပါဠိပါရဂူဆရာတော်ကြီး ဦးကုသလဖြစ်လေသည်။ ဆရာတော်ကြီးသည် စာရေးသူမရှိသည့်နောက်ပိုင်း ပညာရေးအကယ်ဒမီကို အထူးအာရုံစိုက်ကာ တပည့် ဒကာ ဒကာမများကို ဦးဆောင်လျက် မုန့်ဟင်းခါးကျွေးလိုက် ဒန်ပေါက်ကျွေးလိုက် မုန့်ဖိုးပေးလိုက် မုန့်ဝေလိုက်ဖြင့် အမြဲချီးမြှောက်တော်မူလေသည်။ အလှူရှင်အဖွဲ့များ ရောက်လာလျှင်လည်း ဒိုင်ခံ ဧည့်ခံတော်မူလေသည်။ စာရေးသူ၏ အဖိုးတမျှ သံယောဇဉ်ကြီးမားလှသော ဆရာတော်ဘုရားကြီးပင်တည်း။

စာရေးသူဦးဆောင်သည့် ပညာဒါနလုပ်ငန်းကြီးသုံးခုတွင် ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းအတွက် ပူပင်ကြောင့်ကြမှု မကြီးမားလှပါ။ မန်းမဟော်သဓာရံပုံငွေများမှ သုံးစွဲသောကြောင့် ဖြစ်ပါသည်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းအတွက်လည်း စိတ်အေးရသလောက် ရှိပါပြီ။ ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့နှင့် ဝီရသူဖောင်ဒေးရှင်းကို ဦးဆောင်တည်ထောင်ခဲ့သော အမရပူရမြို့နေ MKကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက တာဝန်ယူ ထောက်လှူနေသောကြောင့် ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက်ကား ယနေ့ထက်ထိ ရင်လေးနေဆဲပင်။ လက်ရှိအချိန်တွင် ပညာရေးပဒေသာပင်ငွေ သိန်းပေါင်း နှစ်ရာ့ငါးဆယ်ကျော် ရှိပါသည်။ စာရေးသူ၏ အခက်အခဲကို သိရှိကြသော မန်းမြို့ဈေး ရွှေမန်းမေအထည်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုက ကထိန်လာခင်းစဉ် ပညာရေးပဒေသာပင်အဖြစ် သိန်းနှစ်ဆယ် စိုက်ထူလှူဒါန်းခဲ့ရာမှ အလှူရှင်အသီးသီး ပေါ်ပေါက်လာခြင်းကြောင့် သိန်းနှစ်ရာ့ငါးဆယ် ပြည့်သွားခြင်း ဖြစ်ပါသည်။ ၎င်းငွေသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဝန်ထမ်းလစာပင် မလုံလောက်သေးပါ။ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန် ဆီ ငါးပိ ငါးခြောက် ငံပြာရည် ကြက်သွန် ပဲ တို့ကို သီးနှံပေါ်ချိန်တွင် ဆရာတော်သံဃာတော်များဦးဆောင်ထောက်ပံ့နေသောကြောင့် ရိက္ခာအတွက် စိတ်အေးနိုင်ပါသည်။

ပညာရေးအကယ်ဒမီကျောင်းသားကျောင်းသူများတွင် အမိမဲ့သွားသူများ၊ အဖမဲ့သွားသူများ၊ မိဘနှစ်ပါးလုံး မဲ့သွားသူများ၊ မိဘနှစ်ပါးလုံး ရှိသေးသော်လည်း ကျောင်းမထားနိုင် ပညာရေးကို ဦးစားမပေးနိုင်သူများက အများစုဖြစ်ကာ ကျောင်းထားနိုင် ထောက်ပံ့နိုင်သည့် မိဘများရှိသည့် ကလေးငယ်မျိုးမှာ အနည်းငယ်သာ ရှိပါသည်။ ၎င်းတို့သည် လိမ္မာရေးခြားရှိစေလိုသော မိဘများ စည်းကမ်းသေဝပ်လိုသော မိဘများက ဂရုစိုက်အပ်နှံထားသူများ ဖြစ်ပါသည်။ ချင်း၊ ကချင်၊ ရှင်း၊ ပအိုဝ်၊ ပလောင်၊ ဓနု တိုင်းရင်းသားများ စုံလင်ပြီး ရခိုင်နှင့် ကရင်မှာ တစ်ဦးစ နှစ်ဦးစသာ ရှိပါသည်။ ကယား၊ မွန်တို့ မရှိသေးသဖြင့် တိုင်းရင်းသားအားလုံး မစုံသေးဟု ဆိုရပါမည်။

ကျောက်ရိုင်းတုံးလေးများကို ထိန်းကျောင်းပြုပြင် သွန်သင်ဆုံးမ၍ လိမ္မာယဉ်ကျေး အဖိုးတန်ကလေးများဖြစ်အောင် နိစ္စဓူဝ ကြည့်ရှုစောင့်ရှောက်မှုကား အင်မတန်တာဝန်ကြီးလေးပါသည်။ ပညာရေးတစ်ခုတည်းအတွက်ပင် အချိန်ပေးဖို့ မလုံလောက်ပါ။ အမြဲနေ ဆရာဆရာမများ ရှားပါးခြင်း၊ လိုအပ်လျှင် လိုအပ်သလို အဆင့်မြင့်ဆရာ ဆရာမများ ဖိတ်ခေါ်၍ အချိန်ပိုသင်ပေးရခြင်း၊ ဂိုက်ဆရာ ဆရာမများ ရှာဖွေရခြင်းနှင့်ပင် စိတ်ပန်းလူပန်း ဖြစ်ခဲ့ရပါသည်။

ပညာရေးအကယ်ဒမီ၏ ထူးခြားချက်တစ်ခုမှာ ရှစ်တန်း ကိုးတန်းများအား အင်္ဂလိပ်စကားပြော (English Speaking) သင်တန်း ဘာသာရပ်တစ်ခုအဖြစ် သီးသန့်ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ပါသည်။

ပညာရေးအကယ်ဒမီဆောင်ပုဒ်မှာ “သာသနာ ပညာ ယဉ်ကျေးမှု၊ ကောင်း တော် ယဉ်အောင်ပြု” ဖြစ်ပါသည်။ လူကောင်း လူတော် လူယဉ်ကျေးလေးတွေ ထွန်းကားစေရေး အဓိက ဖြစ်ပါသည်။

ကောင်း တော် ယဉ် – အဖိုးတန်ကလေးငယ်များ ထွန်းကားရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီ လှူဒါန်းထောက်ပံ့ ပြုစုပျိုးထောင် ထိန်းကျောင်းပြုပြင်ပေးတော်မူကြသော မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများအားလုံးကို အထူးတလည် ကျေးဇူးတင်ဂုဏ်ပြုအပ်ပေသည်။ ။

ဝီရသူ(မစိုးရိမ်)
16.3.2020