မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

မင္းကြန္း ပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း အရုဏ္ဆြမ္းအလွဴ

နယုန္လျပည့္ေန႔၊ (29.5.2018)ရက္ေန႔၊ အနက္ (၅း၃၀)နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထိုးေတာ္ႀကီးအနီး ဓမၼေစတီေက်ာင္းတိုက္မွာ ဆက္ကပ္ပါတယ္။

မႏၲေလးၿမဳိ႕၊ ဘုရားႀကီးတုိ္က္ ဦးဉာေဏာဘာသေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲကုသလ (ပါဠိပါရဂူ)ႏွင့္ ဆရာေတာ္ သံဃာေတာ္မ်ား ၾကြေရာက္ခ်ီးေျမႇာက္ပါတယ္။

သံဃာေတာ္မ်ားအား အရုဏ္ဆြမ္းဆက္ကပ္ၿပီးတဲ့အခါ ေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာ ဆရာမမ်ားအား ေကၽြးေမြးလွဴဒါန္းပါတယ္။

ဒီကေန႔ အရုဏ္ဆြမ္းအျဖစ္ မုန္႔တီလွဴဒါန္းသူမွာ ရန္ကုန္ၿမဳိ႕ ေျမာက္ဥကၠလာပၿမဳိ႕နယ္ ဝိမုတၱိသကၤန္းတုိက္၊ ဦးတင္ယု+ေဒၚခင္မ်ဳိးသန္႔ မိသားစုတုိ႔ ျဖစ္ပါတယ္။

မင္းကြန္း ပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွာ ပဥၥမတန္းမွ ဒသမတန္းအထိ ေက်ာင္းသားေက်ာင္းသူ (၁၅၀)ေက်ာ္ႏွင့္ ဆရာ ဆရာမ (၃၀)နီးပါး ရွိပါတယ္။

ဆရာေတာ္ သံဃာေတာ္မ်ား ႀကီးၾကပ္အုပ္ခ်ဳပ္လ်က္ရွိၿပီး ေက်ာင္းဖြင့္ရက္မ်ားတြင္ ေန႔ေရာ ညပါ စာသင္ယူျခင္း စာက်က္ျခင္း ေလ့က်င့္ခန္းလုပ္ျခင္း စာျပန္ျခင္းမ်ား ျပဳလုပ္ရပါတယ္။ တနဂၤေႏြေန႔မွာေတာ့ ဓမၼစကူးလ္ႏွင့္ ပုထုိးေတာ္ႀကီး ဗုဒၶေဝယ်ာဝစၥ ကုသုိလ္အျဖစ္ သန္႔ရွင္းေရးလုပ္ၾကပါတယ္။ ဦးတင္ယု+ေဒၚခင္မ်ဳိးသန္႔ မိသားစုရဲ႕ အရုဏ္ဆြမ္းအလွဴကေတာ့ ပထမဦးဆံုး ပြဲဦးထြက္အလွဴပဲ ျဖစ္ပါတယ္။

ဝီရသူ (မစိုးရိမ္)

31.5.2018

 

“မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း အရုဏ်ဆွမ်းအလှူ”

နယုန်လပြည့်နေ့၊ (29.5.2018)ရက်နေ့၊ အနက် (၅း၃၀)နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။

မန္တလေးမြို့၊ ဘုရားကြီးတိုက် ဦးဉာဏောဘာသကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)နှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။

သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ပြီးတဲ့အခါ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများအား ကျွေးမွေးလှူဒါန်းပါတယ်။

ဒီကနေ့ အရုဏ်ဆွမ်းအဖြစ် မုန့်တီလှူဒါန်းသူမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဝိမုတ္တိသင်္ကန်းတိုက်၊ ဦးတင်ယု+ဒေါ်ခင်မျိုးသန့် မိသားစုတို့ ဖြစ်ပါတယ်။

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ (၁၅၀)ကျော်နှင့် ဆရာ ဆရာမ (၃၀)နီးပါး ရှိပါတယ်။

ဆရာတော် သံဃာတော်များ ကြီးကြပ်အုပ်ချုပ်လျက်ရှိပြီး ကျောင်းဖွင့်ရက်များတွင် နေ့ရော ညပါ စာသင်ယူခြင်း စာကျက်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်း စာပြန်ခြင်းများ ပြုလုပ်ရပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဓမ္မစကူးလ်နှင့် ပုထိုးတော်ကြီး ဗုဒ္ဓဝေယျာဝစ္စ ကုသိုလ်အဖြစ် သန့်ရှင်းရေးလုပ်ကြပါတယ်။ ဦးတင်ယု+ဒေါ်ခင်မျိုးသန့် မိသားစုရဲ့ အရုဏ်ဆွမ်းအလှူကတော့ ပထမဦးဆုံး ပွဲဦးထွက်အလှူပဲ ဖြစ်ပါတယ်။

ဝီရသူ (မစိုးရိမ်)
31.5.2018