သတင္း

ညီညြတ္ေနတာ အျပစ္လား

RFA သတင္းတစ္ပုဒ္ ေခါင္းစဥ္ကိုၾကည့္လုိက္ပါ။ “တပ္မေတာ္လွဴဒါန္းပြဲ အရွင္ဝီရသူ ေရွ႕ဆုံးတန္းက ပါဝင္”တဲ့။ ဒီေခါင္းစဥ္ကိုၾကည့္ျခင္းအားျဖင့္ ဒီပို႔စ္ဟာ သတင္းမဟုတ္ဘူးဗ်။ အတင္းအဖ်င္းႀကီးဗ်။ ေနာက္ဆံုးမွာထည့္သြားေသးတယ္။ အရွင္ဝီရသူဟာ အမုန္းတရားေတြျပန္႔ပြားေအာင္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ဆိုပဲ။

တရားလည္း အပိတ္ခံရၿပီးၿပီ။ ေဖ့စ္ဘုတ္အေကာင့္လည္း အပိတ္ခံရၿပီးၿပီ။ ဝီရသူဓာတ္ပုံမွန္သမွ် အြန္လိုင္းမွာမရွိေရးအတြက္လည္း လုပ္ေဆာင္ေနၾကလို႔ ေဖ့့ဘုတ္မွာ ဝီရသူေပ်ာက္ကြယ္လုုနီးပါး ျဖစ္သြားၿပီ။ ဒါေတာင္ မေၾကနပ္ႏိုင္ေသးဘဲ အခုလို အတင္းအဖ်င္းထုၾကတယ္ဆိုေတာ့ ဝီရသူက အမုန္းတရားျပည့္ေနတာလား။

သတင္းသမားမ်ားက အမုန္းတရား ျပည့္ေနတာလားဗ်။ မစိုးရိမ္တုိက္သစ္မွာ နာယကဆရာေတာ္ အပါး (၂၀)ရွိပါတယ္။ ဝီရသူက စီနီယာနံပါတ္(၇)ပါ။ ၁၉၉၉ ခုႏွစ္မွာ ပရိယတၱိသာသနဟိတ (သက်သီဟ)ဓမၼာစရိယ (အဘိဝံသ)ဘြဲ႔ ရရွိလုိ႔ ၎ႏွစ္မွာပဲ မစုိးရိမ္နာယကအျဖစ္ တင္ေျမႇာက္ခံရတာပါ။

၎ႏွစ္ သက်သီဟ (အဘိဝံသ)ဘြဲ႔ရေအာင္ျမင္သူ (၆)ပါးထဲမွာ ဝီရသူက ပထမ အမွတ္အမ်ားဆံုး ေအာင္စဥ္နံပါတ္(၁)နဲ႔ ေအာင္ျမင္ခဲ့တာပါ။ တပ္မေတာ္လွဴဒါန္းပြဲမွာ NLD ဦးဝင္းထိန္ကိုေၾကာက္လို႔ ကာခ်ဳပ္ႀကီး ဆြမ္းကပ္တာေတာင္ အကပ္မခံဘဲ ေဘးထြက္ေနခဲ့တာပါ။

အခမ္းအနားမွာလည္း ေနာက္ဆံုးတန္းမွာဝင္ထုိင္ေနတာပါ။ ၾကြေရာက္ေတာ္မူလာတဲ့ တိုက္သစ္ တုိက္ေဟာင္း နာယကဆရာေတာ္ေတြႏွင့္ ကိုယ္စားလွယ္သံဃာေတြထဲမွာ ေထရ္ႀကီးဝါႀကီးေတြကို ေရြးခ်ယ္ၿပီး ေရွ႕တန္းမွာ ေနရာခ်ေပးခဲ့ပါတယ္။ နိရုတၱိဆရာေတာ္ အရွင္ဣႏၵာစကၠာဘိဝံသက စာေရးသူေအာက္ ဝါငယ္ေပမယ့္ ေရွ႕ဆံုးတန္း မဟာနာယကဆရာေတာ္ေဘးမွာ ေနရာခ်ေပးလိုက္ပါတယ္။ ေနာက္တန္းေတြမွာ နိရုတၱိဆရာေတာ္ထက္ ဝါႀကီးသူမရွိေတာ့လို႔ ျဖစ္ပါတယ္။

ဝီရသူက အိမ္ရွင္ပီပီ အနစ္နာခံတဲ့အေနနဲ႔ ေရွ႕တန္း အလယ္ခံု မဟာနာယကဆရာေတာ္ေဘးမွာ သြားမထုိင္ဘဲ အစြန္အဖ်ားမွာပဲ ထုိင္လုိက္မိတာပါ။ အဲဒီလို အာဂႏၲဳကိုဦးစားေပးခဲ့တာ အစြန္အဖ်ားမွာ သြားေပးထုိင္ေပးခဲ့တာ အျပစ္ျဖစ္ေလသလားဗ်ာ။
RFA နဲ႔ေတြ႔မွပဲ ဗုဒၶသာသနာေတာ္ ယဥ္ေက်းမႈတစ္ရပ္အရ ေထရ္စဥ္ဝါလုိက္ ေနရာခ်ေပးထားတာ ျပစ္ႀကီးတစ္ခုလို ျဖစ္သြားပါေတာ့တယ္။

ၾကည့္လည္းလုပ္ပါဦး RFA ရယ္။ ခင္ဗ်ာတုိ႔အလိုက် က်ဳပ္(ဝီရသူ) ခင္ဗ်ာတုိ႔ေရွ႕မွာပဲ ေသဆိုရင္ ေသေပးပါ့မယ္။ သတင္းဌာနႀကီးတစ္ခုျဖစ္ေနၿပီး အတင္းတုတ္တာမ်ဳိးေတာ့ မလုပ္ၾကပါနဲ႔ဗ်ာ။

သတင္းသမားမ်ား အတင္းတအားေပးၾကတဲ့
ဝီရသူ (မစုိးရိမ္)
31.5.2018

“ညီညွတ်နေတာ အပြစ်လား”

RFA သတင်းတစ်ပုဒ် ခေါင်းစဉ်ကိုကြည့်လိုက်ပါ။ “တပ်မတော်လှူဒါန်းပွဲ အရှင်ဝီရသူ ရှေ့ဆုံးတန်းက ပါဝင်”တဲ့။ ဒီခေါင်းစဉ်ကိုကြည့်ခြင်းအားဖြင့် ဒီပို့စ်ဟာ သတင်းမဟုတ်ဘူးဗျ။ အတင်းအဖျင်းကြီးဗျ။ နောက်ဆုံးမှာထည့်သွားသေးတယ်။ အရှင်ဝီရသူဟာ အမုန်းတရားတွေပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်နေကြောင်း ဆိုပဲ။

တရားလည်း အပိတ်ခံရပြီးပြီ။ ဖေ့စ်ဘုတ်အကောင့်လည်း အပိတ်ခံရပြီးပြီ။ ဝီရသူဓာတ်ပုံမှန်သမျှ အွန်လိုင်းမှာမရှိရေးအတွက်လည်း လုပ်ဆောင်နေကြလို့ ဖေ့ဘုတ်မှာ ဝီရသူပျောက်ကွယ်လုုနီးပါး ဖြစ်သွားပြီ။ ဒါတောင် မကြေနပ်နိုင်သေးဘဲ အခုလို အတင်းအဖျင်းထုကြတယ်ဆိုတော့ ဝီရသူက အမုန်းတရားပြည့်နေတာလား။

သတင်းသမားများက အမုန်းတရား ပြည့်နေတာလားဗျ။ မစိုးရိမ်တိုက်သစ်မှာ နာယကဆရာတော် အပါး (၂၀)ရှိပါတယ်။ ဝီရသူက စီနီယာနံပါတ်(၇)ပါ။ ၁၉၉၉ ခုနှစ်မှာ ပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယ (အဘိဝံသ)ဘွဲ့ ရရှိလို့ ၎င်းနှစ်မှာပဲ မစိုးရိမ်နာယကအဖြစ် တင်မြှောက်ခံရတာပါ။

၎င်းနှစ် သကျသီဟ (အဘိဝံသ)ဘွဲ့ရအောင်မြင်သူ (၆)ပါးထဲမှာ ဝီရသူက ပထမ အမှတ်အများဆုံး အောင်စဉ်နံပါတ်(၁)နဲ့ အောင်မြင်ခဲ့တာပါ။ တပ်မတော်လှူဒါန်းပွဲမှာ NLD ဦးဝင်းထိန်ကိုကြောက်လို့ ကာချုပ်ကြီး ဆွမ်းကပ်တာတောင် အကပ်မခံဘဲ ဘေးထွက်နေခဲ့တာပါ။

အခမ်းအနားမှာလည်း နောက်ဆုံးတန်းမှာဝင်ထိုင်နေတာပါ။ ကြွရောက်တော်မူလာတဲ့ တိုက်သစ် တိုက်ဟောင်း နာယကဆရာတော်တွေနှင့် ကိုယ်စားလှယ်သံဃာတွေထဲမှာ ထေရ်ကြီးဝါကြီးတွေကို ရွေးချယ်ပြီး ရှေ့တန်းမှာ နေရာချပေးခဲ့ပါတယ်။ နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက စာရေးသူအောက် ဝါငယ်ပေမယ့် ရှေ့ဆုံးတန်း မဟာနာယကဆရာတော်ဘေးမှာ နေရာချပေးလိုက်ပါတယ်။ နောက်တန်းတွေမှာ နိရုတ္တိဆရာတော်ထက် ဝါကြီးသူမရှိတော့လို့ ဖြစ်ပါတယ်။ ဝီရသူက အိမ်ရှင်ပီပီ အနစ်နာခံတဲ့အနေနဲ့ ရှေ့တန်း အလယ်ခုံ မဟာနာယကဆရာတော်ဘေးမှာ သွားမထိုင်ဘဲ အစွန်အဖျားမှာပဲ ထိုင်လိုက်မိတာပါ။

အဲဒီလို အာဂန္တုကိုဦးစားပေးခဲ့တာ အစွန်အဖျားမှာ သွားပေးထိုင်ပေးခဲ့တာ အပြစ်ဖြစ်လေသလားဗျာ။ RFA နဲ့တွေ့မှပဲ ဗုဒ္ဓသာသနာတော် ယဉ်ကျေးမှုတစ်ရပ်အရ ထေရ်စဉ်ဝါလိုက် နေရာချပေးထားတာ ပြစ်ကြီးတစ်ခုလို ဖြစ်သွားပါတော့တယ်။
ကြည့်လည်းလုပ်ပါဦး RFA ရယ်။

ခင်ဗျာတို့အလိုကျ ကျုပ်(ဝီရသူ) ခင်ဗျာတို့ရှေ့မှာပဲ သေဆိုရင် သေပေးပါ့မယ်။ သတင်းဌာနကြီးတစ်ခုဖြစ်နေပြီး အတင်းတုတ်တာမျိုးတော့ မလုပ်ကြပါနဲ့ဗျာ။

သတင်းသမားများ အတင်းတအားပေးကြတဲ့
ဝီရသူ (မစိုးရိမ်)
31.5.2018