Daily Archives: May 31, 2018

သတင်း


27.5.2018 ရက်နေ့၊ မနက် (၈း၀၀)နာရီမှာ အခမ်းအနားပြန်စပါတယ်။ အောင်ဆန်းတပ်ဦးကျောင်းမှာပါပဲ။ သံဃာတော်များ သီလရှင်များ မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက်ကြပါတယ်။ ဆရာတော်ကြီးတွေရဲ့သြဝါဒတွေက မှတ်သားစရာကောင်းသလို တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်သံဃာတော်များရဲ့ တင်ပြလျှောက်ထားချက်တွေကလည်း အင်အားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ တင်ပြချက်တွေပါပဲ။ နေ့ဆွမ်းချိန်နီးမှ အခမ်းအနားပြီးဆုံးပါတယ်။ စာရေးသူကို ဒီအခမ်းအနားမှာ မတွေ့ရတော့ဘူး ထင်ခဲ့ကြတဲ့ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများကတော့ အားရဝမ်းသာနဲ့ ဓာတ်ပုံတွဲရိုက်ကြပါတယ်။ ပျော်စရာကြီးပါနော်။ ဝီရသူ (မစိုးရိမ်) 31.5.2018   “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်ညီလာခံ (၂)” 27.5.2018 ရက်နေ့၊ မနက် ...
သတင်း

ညီညွတ်နေတာ အပြစ်လား

RFA သတင်းတစ်ပုဒ် ခေါင်းစဉ်ကိုကြည့်လိုက်ပါ။ “တပ်မတော်လှူဒါန်းပွဲ အရှင်ဝီရသူ ရှေ့ဆုံးတန်းက ပါဝင်”တဲ့။ ဒီခေါင်းစဉ်ကိုကြည့်ခြင်းအားဖြင့် ဒီပို့စ်ဟာ သတင်းမဟုတ်ဘူးဗျ။ အတင်းအဖျင်းကြီးဗျ။ နောက်ဆုံးမှာထည့်သွားသေးတယ်။ အရှင်ဝီရသူဟာ အမုန်းတရားတွေပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်နေကြောင်း ဆိုပဲ။ တရားလည်း အပိတ်ခံရပြီးပြီ။ ဖေ့စ်ဘုတ်အကောင့်လည်း အပိတ်ခံရပြီးပြီ။ ဝီရသူဓာတ်ပုံမှန်သမျှ အွန်လိုင်းမှာမရှိရေးအတွက်လည်း လုပ်ဆောင်နေကြလို့ ဖေ့ဘုတ်မှာ ဝီရသူပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီ။ ဒါတောင် မကြေနပ်နိုင်သေးဘဲ အခုလို အတင်းအဖျင်းထုကြတယ်ဆိုတော့ ဝီရသူက အမုန်းတရားပြည့်နေတာလား။ သတင်းသမားများက အမုန်းတရား ပြည့်နေတာလားဗျ။ မစိုးရိမ်တိုက်သစ်မှာ နာယကဆရာတော် အပါး (၂၀)ရှိပါတယ်။ ဝီရသူက စီနီယာနံပါတ်(၇)ပါ။ ၁၉၉၉ ခုနှစ်မှာ ပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယ (အဘိဝံသ)ဘွဲ့ ရရှိလို့ ၎င်းနှစ်မှာပဲ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း အရုဏ်ဆွမ်းအလှူ

နယုန်လပြည့်နေ့၊ (29.5.2018)ရက်နေ့၊ အနက် (၅း၃၀)နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ မန္တလေးမြို့၊ ဘုရားကြီးတိုက် ဦးဉာဏောဘာသကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)နှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ပြီးတဲ့အခါ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများအား ကျွေးမွေးလှူဒါန်းပါတယ်။ ဒီကနေ့ အရုဏ်ဆွမ်းအဖြစ် မုန့်တီလှူဒါန်းသူမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဝိမုတ္တိသင်္ကန်းတိုက်၊ ဦးတင်ယု+ဒေါ်ခင်မျိုးသန့် မိသားစုတို့ ဖြစ်ပါတယ်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ (၁၅၀)ကျော်နှင့် ဆရာ ...
သတင်း

ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ အလှူတော်

နယုန်လပြည့် (29.5.2018)ရက်နေ့၊ မနက် (၁၀း၃၀)နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဈေးဆိပ်ရပ်၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းမှာ ဆွမ်းဆက်ကပ်ပါတယ်။ အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ MK ကျောက်မျက်လုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း သမီး မခင်ဇာခြည်ဝင်း မိသားစုတို့ရဲ့ အလှူတော်ဖြစ်ပါတယ်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဆရာတော်များနှင့် ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများအား အာဟာရဒါနအဖြစ် ပဲထမင်းနှင့် ခဲဘွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်း ကျွေးမွေးတာပါ။ အအေးဘူး တစ်ဘူးစီလည်း လှူဒါန်းပါတယ်။ နေ့ဆွမ်းအပြီးမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားပါတယ်။ ဆွမ်းဒကာ ဆွမ်းအမ ...
သတင်း


26.5.2018 ရက်နေ့၊ မနက် (၁၀း၃၀)နာရီ၊ ရန်ကုန်မြို့သို့ရောက်ရှိပါတယ်။ ရန်ကုန်လေဆိပ်ကနေ အင်းစိန်ရွာမသို့ ဆက်သွားပါတယ်။ ကိုတမာ၊ ကိုမြင့်ဇော်(ဒိန်းဒေါင်)တို့ ကြိုကြ ပို့ကြပါတယ်။ ရွာမမှာ နေ့ဆွမ်းစားပြီး ရွာမဆရာတော်ကြီးအား ဖူးမြော်ပူဇော်ကာ ဂါရဝပြု သြဝါဒခံယူခဲ့ပါတယ်။ ၎င်းနောက် အောင်တပ်ဦးသို့ရောက်ရှိကာ နောင်တော်ညီတော်များနှင့် တွေ့ဆုံဆွေးနွေးကြပါတယ်။ ရွာမဆရာတော်ကြီး၊ ဇွဲကပင်ဆရာတော်ကြီး၊ မြစေတီရဲကျောင်းဆရာတော်ကြီးများကလည်း စိတ်ရှည်လက်ရှည် တုံ့ပြန်ဆွေးနွေးကြပါတယ်။ ဆွေးနွေးရင်း မှတ်တမ်းတင်ရင်း အတည်ပြုရင်းဖြင့် ညနေ (၆း၃၀)နာရီထိုးသွားပါတယ်။ ခဏတဖြုတ်နားပြီး အခမ်းအနားစပါတယ်။ တိုင်းနှင့်ပြည်နယ်မှ ဆရာတော်သံဃာတော်များက တိုင်းကိုယ်စားပြု ပြည်နယ်ကိုယ်စားပြု တင်ပြဆွေးနွေးကြပါတယ်။ စာရေးသူကတော့ ထိုင်းနိုင်ငံလိုမဖြစ်အောင် ကာကွယ်စောင့်ရှောက်ကြဖို့ ...