သတင္း

ေရာဟိနီ သံဃေဝယ်ာဝစၥအဖြဲ႔ အလွဴေတာ္

နယုန္လျပည့္ (29.5.2018)ရက္ေန႔၊ မနက္ (၁၀း၃၀)နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ေစ်းဆိပ္ရပ္၊ ပုထုိးေတာ္ႀကီးအနီး ဓမၼေစတီေက်ာင္းမွာ ဆြမ္းဆက္ကပ္ပါတယ္။

အမရပူရၿမဳိ႕၊ ကြမ္းဆြဲရပ္၊ MK ေက်ာက္မ်က္လုပ္ငန္းပိုင္ရွင္ ဦးမိုးကို+ေဒၚခိုင္မာဝင္း သမီး မခင္ဇာျခည္ဝင္း မိသားစုတုိ႔ရဲ႕ အလွဴေတာ္ျဖစ္ပါတယ္။

မင္းကြန္း ပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း ဆရာေတာ္မ်ားႏွင့္ ဆရာ ဆရာမမ်ား ေက်ာင္းသူေက်ာင္းသားမ်ားအား အာဟာရဒါနအျဖစ္ ပဲထမင္းႏွင့္ ခဲဘြယ္ေဘာဇဥ္မ်ား ဆက္ကပ္လွဴဒါန္း ေကၽြးေမြးတာပါ။

အေအးဘူး တစ္ဘူးစီလည္း လွဴဒါန္းပါတယ္။ ေန႔ဆြမ္းအၿပီးမွာ ေရစက္ခ် အႏုေမာဒနာတရား ေဟာၾကားပါတယ္။
ဆြမ္းဒကာ ဆြမ္းအမ အလွဴဒါယကာ အလွဴဒါယိကာမ မိသားစုဦးေဆာင္ေသာ ေရာဟိနီ သံဃေဝယ်ာဝစၥအဖြဲ႔ ထမင္းစားေနစဥ္မွာ စာေရးသူက ေက်ာင္းသူေက်ာင္းသားမ်ားအား ၾသဝါဒေပးပါတယ္။

၎ေနာက္ ေရာဟိနီ ခတၱိယကညာဝတၳဳကို ေရာဟိနီမင္းသမီးေလးအမည္ျဖင့္ ေဟာၾကားပါတယ္။ သံဃေဝယ်ာဝစၥကုသိုလ္ အက်ဳိးႀကီးပုံႏွင့္ ဦးမုိးကို+ေဒၚခိုင္မာဝင္းမိသားစုတုိ႔ လျပည့္ လကြယ္ ကုဋီသန္႔ရွင္းေရးကုသုိလ္ယူၾကတာေတြဟာ ေရာဟိနီမင္းသမီးေလးလို အရွင္အႏုရုဒၶါမေထရ္ လုပ္ခုိင္းတဲ့ကုသိုလ္ေတြနဲ႔တူေနလို႔ စာေရးသူက ဦးမိုကိုတုိ႔အဖြဲ႔ကို ေရာဟိနီ သဃေဝယ်ာဝစၥအဖြဲ႔လို႔ အမည္ေပးျခင္းျဖစ္ပါတယ္။

ဦးမုိးကိုမိသားစုဟာ ေန႔ဆြမ္းဆက္ကပ္တဲ့အျပင္ စာေရးသူအားလည္း ၉၆၉ တံဆိပ္ပါ (၁)က်ပ္သားႏွင့္ (၃)ပဲ အခ်ိန္ရွိ ေရႊရင္ထုိးတစ္ခု လွဴဒါန္းပါတယ္။ သူတို႔မိသားစု သံုးဦးလည္း ရင္ထုိးတစ္ခုစီ ဆင္ထားၾကပါတယ္။

အမ်က္ေဒါသကို စြန္႔ရမွာ၊ စြန္႔မွ ခ်မ္းသာမွာ။
မာန္မာနကို စြန္႔ရမွာ၊ စြန္႔မွ ခ်မ္းသာမွာ။
သံေယာဇဥ္ကို စြန္႔ရမွာ၊ စြန္႔မွ ခ်မ္းသာမွာ။
ရုပ္နာမ္ျမင္ေအာင္ ရႈရမွာ၊ ျမင္မွ ခ်မ္းသာမွာ။

ဝီရသူ (မစိုးရိမ္)

 

“ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ အလှူတော်”

နယုန်လပြည့် (29.5.2018)ရက်နေ့၊ မနက် (၁၀း၃၀)နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဈေးဆိပ်ရပ်၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းမှာ ဆွမ်းဆက်ကပ်ပါတယ်။

အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ MK ကျောက်မျက်လုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း သမီး မခင်ဇာခြည်ဝင်း မိသားစုတို့ရဲ့ အလှူတော်ဖြစ်ပါတယ်။

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဆရာတော်များနှင့် ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများအား အာဟာရဒါနအဖြစ် ပဲထမင်းနှင့် ခဲဘွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်း ကျွေးမွေးတာပါ။

အအေးဘူး တစ်ဘူးစီလည်း လှူဒါန်းပါတယ်။ နေ့ဆွမ်းအပြီးမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားပါတယ်။
ဆွမ်းဒကာ ဆွမ်းအမ အလှူဒါယကာ အလှူဒါယိကာမ မိသားစုဦးဆောင်သော ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ ထမင်းစားနေစဉ်မှာ စာရေးသူက ကျောင်းသူကျောင်းသားများအား သြဝါဒပေးပါတယ်။

၎င်းနောက် ရောဟိနီ ခတ္တိယကညာဝတ္ထုကို ရောဟိနီမင်းသမီးလေးအမည်ဖြင့် ဟောကြားပါတယ်။ သံဃဝေယျာဝစ္စကုသိုလ် အကျိုးကြီးပုံနှင့် ဦးမိုးကို+ဒေါ်ခိုင်မာဝင်းမိသားစုတို့ လပြည့် လကွယ် ကုဋီသန့်ရှင်းရေးကုသိုလ်ယူကြတာတွေဟာ ရောဟိနီမင်းသမီးလေးလို အရှင်အနုရုဒ္ဓါမထေရ် လုပ်ခိုင်းတဲ့ကုသိုလ်တွေနဲ့တူနေလို့ စာရေးသူက ဦးမိုကိုတို့အဖွဲ့ကို ရောဟိနီ သဃဝေယျာဝစ္စအဖွဲ့လို့ အမည်ပေးခြင်းဖြစ်ပါတယ်။

ဦးမိုးကိုမိသားစုဟာ နေ့ဆွမ်းဆက်ကပ်တဲ့အပြင် စာရေးသူအားလည်း ၉၆၉ တံဆိပ်ပါ (၁)ကျပ်သားနှင့် (၃)ပဲ အချိန်ရှိ ရွှေရင်ထိုးတစ်ခု လှူဒါန်းပါတယ်။ သူတို့မိသားစု သုံးဦးလည်း ရင်ထိုးတစ်ခုစီ ဆင်ထားကြပါတယ်။

အမျက်ဒေါသကို စွန့်ရမှာ၊ စွန့်မှ ချမ်းသာမှာ။
မာန်မာနကို စွန့်ရမှာ၊ စွန့်မှ ချမ်းသာမှာ။
သံယောဇဉ်ကို စွန့်ရမှာ၊ စွန့်မှ ချမ်းသာမှာ။
ရုပ်နာမ်မြင်အောင် ရှုရမှာ၊ မြင်မှ ချမ်းသာမှာ။

ဝီရသူ (မစိုးရိမ်)