သတင်း






ဝီရသူ (မစိုးရိမ်)

 

“ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်ညီလာခံ”

26.5.2018 ရက်နေ့၊ မနက် (၁၀း၃၀)နာရီ၊ ရန်ကုန်မြို့သို့ရောက်ရှိပါတယ်။ ရန်ကုန်လေဆိပ်ကနေ အင်းစိန်ရွာမသို့ ဆက်သွားပါတယ်။ ကိုတမာ၊ ကိုမြင့်ဇော်(ဒိန်းဒေါင်)တို့ ကြိုကြ ပို့ကြပါတယ်။

ရွာမမှာ နေ့ဆွမ်းစားပြီး ရွာမဆရာတော်ကြီးအား ဖူးမြော်ပူဇော်ကာ ဂါရဝပြု သြဝါဒခံယူခဲ့ပါတယ်။ ၎င်းနောက် အောင်တပ်ဦးသို့ရောက်ရှိကာ နောင်တော်ညီတော်များနှင့် တွေ့ဆုံဆွေးနွေးကြပါတယ်။

ရွာမဆရာတော်ကြီး၊ ဇွဲကပင်ဆရာတော်ကြီး၊ မြစေတီရဲကျောင်းဆရာတော်ကြီးများကလည်း စိတ်ရှည်လက်ရှည် တုံ့ပြန်ဆွေးနွေးကြပါတယ်။ ဆွေးနွေးရင်း မှတ်တမ်းတင်ရင်း အတည်ပြုရင်းဖြင့် ညနေ (၆း၃၀)နာရီထိုးသွားပါတယ်။ ခဏတဖြုတ်နားပြီး အခမ်းအနားစပါတယ်။

တိုင်းနှင့်ပြည်နယ်မှ ဆရာတော်သံဃာတော်များက တိုင်းကိုယ်စားပြု ပြည်နယ်ကိုယ်စားပြု တင်ပြဆွေးနွေးကြပါတယ်။ စာရေးသူကတော့ ထိုင်းနိုင်ငံလိုမဖြစ်အောင် ကာကွယ်စောင့်ရှောက်ကြဖို့ ဖြစ်ရပ်များစွာ သာဓကထိုး တင်ပြခဲ့ပါတယ်။

ဝီရသူ (မစိုးရိမ်)