သတင္း

ေကာလာဟလထုတ္ျပန္ေနတဲ့ စကားေတြကို ယုံတဲ့လူက ေကာလာဟလေျပာတဲ့လူရဲ႕ ေျခဖဝါးေအာက္မွာပဲရွိမွာ

ရာထူးအေျပာင္းအလဲသတင္းမ်ားႏွင့္ပတ္သက္ၿပီး တနသၤာရီတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း

အိမိုး (Dawei Watch)

တနသၤာရီတုိ္င္းဝန္ႀကီးခ်ဳပ္ရာထူး အေျပာင္းအလဲျဖစ္မည္ဟူ၍ ထြက္ေပၚေနသည့္သတင္းမ်ားအနက္ ေမလလယ္က ေနာက္ဆံုးထြက္ေပၚသည့္ ဝန္ႀကီးခ်ဳပ္ကို ေနျပည္ေတာ္တြင္ စသံုးလံုးက ေခၚစစ္ေနသည္ဆိုသည့္သတင္းသည္ တိုင္းအတြင္း လူထုအၾကား အလႈပ္ခတ္ဆံုးျဖစ္ခဲ့သည္။ ယင္းသုိ႔ သတင္းမ်ားလႈပ္ခတ္ေနခ်ိန္၌ ေနျပည္ေတာ္တြင္ အစည္းအေဝးတက္ေရာက္ေနျခင္းသာျဖစ္ေၾကာင္း တုိင္းအစုိးရအဖြဲ႔က သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါ သတင္းထြက္ေပၚမႈမ်ားႏွင့္ပတ္သက္ၿပီး ေမ ၂၄ ရက္က ေကာ့ေသာင္းခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ဧည့္ရိပ္သာတြင္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္အား ေတြ႔ဆံုေမးျမန္းခဲ့ပါသည္။

ထုတ္ျပန္ေၾကညာလိုက္တဲ့အေျခအေန(သတင္းမ်ားႏွင့္ပတ္သက္၍)မွာ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲရွင့္။

ကၽြန္မကေတာ့ စိတ္မဝင္စားပါဘူး။ ကၽြန္မတုိ႔လုပ္ေနတာ ျပည္သူအတြက္လုပ္ေနတာပဲ။ ဟုတ္တယ္မဟုတ္လား။ သူတုိ႔ ေကာလာဟလလုပ္တာကို ယုံတဲ့သူက ေကာလာဟလေျပာတဲ့သူရဲ႕ ေျခဖဝါးေအာက္မွာပဲရွိမွာေပါ့။ ဟုတ္တယ္ေနာ္။ ေကာလာဟလထုတ္ျပန္ေနတဲ့ စကားေတြကိုယုံတဲ့လူက ေကာလာဟလေျပာတဲ့သူရဲ႕ ေျခဖဝါးေအာက္မွာပဲရွိမွာ။ လူတစ္ေယာက္ရဲ႕စကားကို အခုက သမီးက အန္တီေျပာစကားကိုယုံလုိက္ရင္ အန္တီနဲ႔သမီးနဲ႔က Partner(မိတ္ဖက္) ျဖစ္သြားၿပီ။ ထိုနည္းတူစြာပဲ ေကာလာဟလေျပာတဲ့သူရဲ႕စကားကို ယုံတဲ့လူက ေကာလာဟလေျပာတဲ့အဆင့္ေလာက္ပဲရွိတယ္လို႔ အန္တီတုိ႔က သံုးသပ္ပါတယ္။

အဲဒီအေပၚ အန္တီအေနနဲ႔ ဘာမ်ားတုန္႔ျပန္ဖုိ႔ရွီသလဲ။

တံု႔ျပန္စရာမလိုပါဘူး။ အန္တီက ေကာလာဟလကို ယုံတဲ့သူမွမဟုတ္တာ။ သူနဲ႔ အန္တီနဲ႔က Partner မဟုတ္ဘူးေလ။ သူ႔ကို ဘာတုံ႔ျပန္စရာလိုလဲ။

ဘယ္သူကမ်ား စၿပီးေတာ့ အဲဒီလိုမ်ဳိး (ျဖတ္ေျဖ)

အဲဒါကေတာ့ I don’t know မသိဘူး။ အန္တီကေတာ့ ဟို ရန္ကုန္မွာ အဲ ေနျပည္ေတာ္မွာ အစည္းအေဝးသြားတက္ေနတာ။ အစည္းအေဝးတက္ေနတာ။ အန္တီက ဒီမွာမရွိဘူးဆိုေတာ့ အန္တီလည္း မသိဘူး။ ဘယ္သူက Initiate(စျဖန္႔)လုပ္လဲ။ ဘယ္သူကပဲ ဒါကို ျပန္႔ေအာင္ျဖန္႔လဲ။ အဓိကကေတာ့ တို႔ပါတီကို အနာလိုတဲ့လူလည္း ျဖစ္ရင္ျဖစ္မယ္။ ဒါမွမဟုတ္ရင္လည္း ပါတီက ေရြးခ်ယ္ထားတဲ့ အစိုးရကို မေထာက္ခံတဲ့လူလည္း ျဖစ္ရင္ျဖစ္မယ္။ ဒါမွမဟုတ္လည္း Personal(ပုဂၢဳိလ္ေရးအရ) ကၽြန္မနဲ႔ ဒီ……….. ေပါ့။ လုပ္ရင္းကိုင္ရင္းနဲ႔ ထိပ္တုိက္ေတြ႔တဲ့အခါ လူပုဂၢဳိလ္တစ္ဦးလည္း ျဖစ္ရင္ျဖစ္မွာေပါ့။ အန္တီတုိ႔ကေတာ့ စည္းမ်ဥ္း စည္းကမ္းဥပေဒေတြနဲ႔ လုပ္ရတာဆိုေတာ့ Personal ထိပ္တုိက္ေတြ႔ႏိုင္တယ္ေလ။ ဟုတ္တယ္မဟုတ္လား။ အခု ကၽြန္းလိုေနတဲ့လူ။ သူလိုခ်င္တဲ့ကၽြန္းက ဥပေဒအရ မေပးႏိုင္ဘူးဆိုရင္ အန္တီနဲ႔ ထိပ္တုိက္ေတြ႔ၿပီေပါ့။ ဟုတ္တယ္ေနာ္။ ဟုတ္္တယ္ နားလည္တယ္ေနာ္။

ေက်းဇူးတင္ပါတယ္။

30.5.2018 – The Myanmar Post

 

“ကောလာဟလထုတ်ပြန်နေတဲ့ စကားတွေကို ယုံတဲ့လူက ကောလာဟလပြောတဲ့လူရဲ့ ခြေဖဝါးအောက်မှာပဲရှိမှာ”

ရာထူးအပြောင်းအလဲသတင်းများနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံမေးမြန်းခြင်း
အိမိုး (Dawei Watch)

တနင်္သာရီတိုင်းဝန်ကြီးချုပ်ရာထူး အပြောင်းအလဲဖြစ်မည်ဟူ၍ ထွက်ပေါ်နေသည့်သတင်းများအနက် မေလလယ်က နောက်ဆုံးထွက်ပေါ်သည့် ဝန်ကြီးချုပ်ကို နေပြည်တော်တွင် စသုံးလုံးက ခေါ်စစ်နေသည်ဆိုသည့်သတင်းသည် တိုင်းအတွင်း လူထုအကြား အလှုပ်ခတ်ဆုံးဖြစ်ခဲ့သည်။ ယင်းသို့ သတင်းများလှုပ်ခတ်နေချိန်၌ နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေခြင်းသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထွက်ပေါ်မှုများနှင့်ပတ်သက်ပြီး မေ ၂၄ ရက်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန ဧည့်ရိပ်သာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထုတ်ပြန်ကြေညာလိုက်တဲ့အခြေအနေ(သတင်းများနှင့်ပတ်သက်၍)မှာ ဝန်ကြီးချုပ်အနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။
ကျွန်မကတော့ စိတ်မဝင်စားပါဘူး။ ကျွန်မတို့လုပ်နေတာ ပြည်သူအတွက်လုပ်နေတာပဲ။ ဟုတ်တယ်မဟုတ်လား။ သူတို့ ကောလာဟလလုပ်တာကို ယုံတဲ့သူက ကောလာဟလပြောတဲ့သူရဲ့ ခြေဖဝါးအောက်မှာပဲရှိမှာပေါ့။ ဟုတ်တယ်နော်။ ကောလာဟလထုတ်ပြန်နေတဲ့ စကားတွေကိုယုံတဲ့လူက ကောလာဟလပြောတဲ့သူရဲ့ ခြေဖဝါးအောက်မှာပဲရှိမှာ။ လူတစ်ယောက်ရဲ့စကားကို အခုက သမီးက အန်တီပြောစကားကိုယုံလိုက်ရင် အန်တီနဲ့သမီးနဲ့က Partner(မိတ်ဖက်) ဖြစ်သွားပြီ။ ထိုနည်းတူစွာပဲ ကောလာဟလပြောတဲ့သူရဲ့စကားကို ယုံတဲ့လူက ကောလာဟလပြောတဲ့အဆင့်လောက်ပဲရှိတယ်လို့ အန်တီတို့က သုံးသပ်ပါတယ်။

အဲဒီအပေါ် အန်တီအနေနဲ့ ဘာများတုန့်ပြန်ဖို့ရှီသလဲ။
တုံ့ပြန်စရာမလိုပါဘူး။ အန်တီက ကောလာဟလကို ယုံတဲ့သူမှမဟုတ်တာ။ သူနဲ့ အန်တီနဲ့က Partner မဟုတ်ဘူးလေ။ သူ့ကို ဘာတုံ့ပြန်စရာလိုလဲ။

ဘယ်သူကများ စပြီးတော့ အဲဒီလိုမျိုး (ဖြတ်ဖြေ)
အဲဒါကတော့ I don’t know မသိဘူး။ အန်တီကတော့ ဟို ရန်ကုန်မှာ အဲ နေပြည်တော်မှာ အစည်းအဝေးသွားတက်နေတာ။ အစည်းအဝေးတက်နေတာ။ အန်တီက ဒီမှာမရှိဘူးဆိုတော့ အန်တီလည်း မသိဘူး။ ဘယ်သူက Initiate(စဖြန့်)လုပ်လဲ။ ဘယ်သူကပဲ ဒါကို ပြန့်အောင်ဖြန့်လဲ။ အဓိကကတော့ တို့ပါတီကို အနာလိုတဲ့လူလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း ပါတီက ရွေးချယ်ထားတဲ့ အစိုးရကို မထောက်ခံတဲ့လူလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း Personal(ပုဂ္ဂိုလ်ရေးအရ) ကျွန်မနဲ့ ဒီ……….. ပေါ့။ လုပ်ရင်းကိုင်ရင်းနဲ့ ထိပ်တိုက်တွေ့တဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အန်တီတို့ကတော့ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လုပ်ရတာဆိုတော့ Personal ထိပ်တိုက်တွေ့နိုင်တယ်လေ။ ဟုတ်တယ်မဟုတ်လား။ အခု ကျွန်းလိုနေတဲ့လူ။ သူလိုချင်တဲ့ကျွန်းက ဥပဒေအရ မပေးနိုင်ဘူးဆိုရင် အန်တီနဲ့ ထိပ်တိုက်တွေ့ပြီပေါ့။ ဟုတ်တယ်နော်။ ဟုတ်တယ် နားလည်တယ်နော်။
ကျေးဇူးတင်ပါတယ်။
30.5.2018 – The Myanmar Post