သတင္း

ငပလီၿမဳိ႕ ေက်ာင္းေရစက္ခ်ပြဲ(၃)

5.5.2018 ရက္ေန႔၊ မနက္ပိုင္းမွာေတာ့ အေစာႀကီးထၿပီး မန္း မဘသ ညီေနာင္ႏွစ္ပါး ပင္လယ္ေရခ်ဳိးၾကပါတယ္။ မနက္အေစာစာ ဘုဥ္းေပးၿပီး ငပလီၿမဳိ႕ ျမျပင္ရပ္ကြက္ ျမရတနာေက်ာင္းတုိက္အတြင္းရွိ မဟာေဗာဓိရုကၡ ေပၚေတာ္မူရုပ္ပြားေတာ္အား သြားေရာက္ဖူးေျမာ္ပူေဇာ္ၿပီး ဗုဒၶါဘိေသက အေနကဇာတင္ ကုသုိလ္ယူခဲ့ၾကပါတယ္။

မဟာေဗာဓိရုကၡ ေပၚေတာ္မူရုပ္ပြားေတာ္ေလးပြင့္ေတာ္မူလာတာ ေတာ္ေတာ္ဆန္းပါတယ္။ အခု ကဆုန္လဆန္း(၁၂)ရက္၊ 26.4.2018 ရက္ေန႔မွာ စတင္ေတြ႔ရွိခဲ့ရတာပါ။

ေက်ာင္းသားေလးေျခာက္ေယာက္ ေညာင္ကိုင္းေပၚတက္ၿပီး ေဆာ့ကစားၾကရာမွ ရုပ္ပြားေတာ္ေလးကို အမွတ္မထင္ ေတြ႔ျမင္လုိက္ရတာပါ။ ပထမေတာ့ ေက်ာက္ဆင္းတုေလး ေညာင္ကို္င္းၾကားထဲ ညပ္ေနတယ္ထင္ၿပီး ဆြဲယူျဖဳတ္ၾကည့္ၾကပါေသးတယ္။

ေညာင္သားႀကီးျဖစ္ေနလို႔ ေညာင္ေစးေတြသာ ထြက္လာၿပီး ရုပ္တုေလးကို ဆြဲယူလုိ႔မရခဲ့ပါ။ ေက်ာင္းသားေလးေတြမွတစ္ဆင့္ ေဂါပကသိသြားၿပီး ဓာတ္ပုံရိုက္ယူရာမွ ေညာင္သားစစ္စစ္ ရုပ္ပြားေတာ္ျဖစ္ေနတာ ေတြ႔လိုက္ရပါေတာ့တယ္။ တုိက္ဆုိင္တာကေတာ့ သက္ေတာ္(၉၂)ႏွစ္အရြယ္ ေဗာဓိရတနာေက်ာင္းတုိက္ဆရာေတာ္ႀကီးေမြးေန႔မွာ ေတြ႔ျမင္လုိက္ရျခင္းပါပဲ။ ဒီ ေပၚေတာ္မူရုပ္ပြားေတာ္ေလးအေၾကာင္းကို ေဂါပကႏွင့္ အင္တာဗ်ဴးထားတာေလး တင္ေပးပါဦးမယ္။

ဝီရသူ ဝက္ဘ္ဆိုဒ္ (အဂၤလိပ္) https://eng.wirathu.com/

၀ီရသူ ဝက္ဘ္ဆုိဒ္ (ျမန္မာ) = https://www.wirathu.com/

ဝီရသူ ဘေလာ့ = https://wirathu.blogspot.com/

“ငပလီမြို့ ကျောင်းရေစက်ချပွဲ(၃)”

5.5.2018 ရက်နေ့၊ မနက်ပိုင်းမှာတော့ အစောကြီးထပြီး မန်း မဘသ ညီနောင်နှစ်ပါး ပင်လယ်ရေချိုးကြပါတယ်။
မနက်အစောစာ ဘုဉ်းပေးပြီး ငပလီမြို့ မြပြင်ရပ်ကွက် မြရတနာကျောင်းတိုက်အတွင်းရှိ မဟာဗောဓိရုက္ခ ပေါ်တော်မူရုပ်ပွားတော်အား သွားရောက်ဖူးမြော်ပူဇော်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ကုသိုလ်ယူခဲ့ကြပါတယ်။

မဟာဗောဓိရုက္ခ ပေါ်တော်မူရုပ်ပွားတော်လေးပွင့်တော်မူလာတာ တော်တော်ဆန်းပါတယ်။ အခု ကဆုန်လဆန်း(၁၂)ရက်၊ 26.4.2018 ရက်နေ့မှာ စတင်တွေ့ရှိခဲ့ရတာပါ။ ကျောင်းသားလေးခြောက်ယောက် ညောင်ကိုင်းပေါ်တက်ပြီး ဆော့ကစားကြရာမှ ရုပ်ပွားတော်လေးကို အမှတ်မထင် တွေ့မြင်လိုက်ရတာပါ။

ပထမတော့ ကျောက်ဆင်းတုလေး ညောင်ကိုင်းကြားထဲ ညပ်နေတယ်ထင်ပြီး ဆွဲယူဖြုတ်ကြည့်ကြပါသေးတယ်။ ညောင်သားကြီးဖြစ်နေလို့ ညောင်စေးတွေသာ ထွက်လာပြီး ရုပ်တုလေးကို ဆွဲယူလို့မရခဲ့ပါ။

ကျောင်းသားလေးတွေမှတစ်ဆင့် ဂေါပကသိသွားပြီး ဓာတ်ပုံရိုက်ယူရာမှ ညောင်သားစစ်စစ် ရုပ်ပွားတော်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ တိုက်ဆိုင်တာကတော့ သက်တော်(၉၂)နှစ်အရွယ် ဗောဓိရတနာကျောင်းတိုက်ဆရာတော်ကြီးမွေးနေ့မှာ တွေ့မြင်လိုက်ရခြင်းပါပဲ။ ဒီ ပေါ်တော်မူရုပ်ပွားတော်လေးအကြောင်းကို ဂေါပကနှင့် အင်တာဗျူးထားတာလေး တင်ပေးပါဦးမယ်။

ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/