ထုုတ္ျပန္ေၾကညာခ်က္သတင္း

အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထား

အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထား

သာသနာႏွစ္ ၂၅၆၂၊ ေကာဇာသကၠရာဇ္ ၁၃၈၀-ခုႏွစ္၊ နယုန္လဆန္း(၁)ရက္၊ (15.5.2018)၊ အဂၤါေန႔

ၿငိမ္းခ်မ္းေရးကဗ်ာရြတ္ပြဲႏွင့္ပတ္သက္၍ မႏၲေလးၿမဳိ႕ မစိုးရိမ္တုိက္သစ္၊ မဟာေအာင္ေျမၿမဳိ႕နယ္ ဓမၼသဟာယေက်ာင္းနာယက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထားေၾကညာခ်က္

14.5.2018 ရက္ေန႔တြင္ ၿငိမ္းစုစီမတင္ဘဲ ရန္ကုန္ၿမဳိ႕၌ ၿငိမ္းခ်မ္းေရးကဗ်ာရြတ္ပြဲ က်င္းပခဲ့သည္။ ထုိအထဲတြင္ပါဝင္ေသာ ေဇယ်ာလြင္ဆုိသူကို ရဲအရာရွိမ်ားက လာေရာက္ေခၚေဆာင္သည္ကိုလည္းေကာင္း၊ ေဇယ်ာလြင္က ကားျဖင့္တိမ္းေရွာင္ဖို႔ ျပင္ဆင္ေနသည္ကိုလည္းေကာင္း၊ ၿငိမ္းခ်မ္းေရးဘန္းျပ ေရာက္လာၾကသူ လူတစ္စုက ရဲဝန္ထမ္းမ်ား စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ ေျပာဆိုျပဳမူေနၾကသည္ကိုလည္းေကာင္း ေတြ႔ျမင္ခဲ့ ရသည္။

စစ္ပြဲေတြရပ္ဟု ေတာင္းဆိုရံု ကဗ်ာရြတ္ပြဲက်င္းပေနရုံမွ်ျဖင့္ ေတာင္းဆိုေနသူမ်ား ႏိုင္ငံျခားေဒၚလာမ်ား ရရွိေကာင္း ရရွိႏိုင္မည္ျဖစ္ေသာ္လည္း တိုင္းျပည္အတြက္ ဘာတစ္ခုမွ် အက်ဳိးရွိႏိုင္မည္မဟုတ္ပါ။ အမွန္ တကယ္ၿငိမ္းခ်မ္းေရးလုိလားလွ်င္ NCA (တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး)မွာ ေဆြးေႏြးညႇိႏိႈင္းၿပီး လက္မွတ္ ထိုးႏိုင္ဖုိ႔ ပဏာမအဆင့္အျဖစ္ လုပ္ေဆာင္ရပါမည္။ ထုိ႔ေနာက္ ထာဝရၿငိ္မ္းခ်မ္းေရးရေအာင္ ဆက္လက္တိုက္တြန္း ေတာင္းဆို ႏႈိးေဆာ္သြားရပါမည္။ ထို႔သို႔မဟုတ္ဘဲ ယခုလို ဆူပူလႈံ႕ေဆာ္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနလွ်င္ ျပည္သူမ်ားသာ အထိနာမည္ျဖစ္သည္။ ထို႔ေၾကာင့္ မင္းမဲ့စရိုက္ဆန္ဆန္ လူအုပ္ျဖင့္ ဆူပူမႈ ဖန္တီးေနျခင္းမ်ား ရပ္တန္းမွ ရပ္ၾကဖုိ႔ တိုက္တြန္းလုိက္သည္။

          ရပ္ကြက္ရံုးမွတစ္ဆင့္ လူႀကဳံျဖင့္ဆင့္ေခၚျခင္းထက္ ရဲစခန္းမွဖုန္းဆက္ေခၚျခင္းက ပို၍ေလးနက္သည္။

          ရဲစခန္းမွဖုန္းဆက္ေခၚျခင္းထက္ စာထုတ္ေခၚျခင္းက ပို၍ေလးနက္သည္။

          စာထုတ္ေခၚျခင္းထက္ တာဝန္ရွိသူတစ္ဦး ကိုယ္တုိက္လာေရာက္၍ ေခၚဆိုျခင္းက ပို၍ေလးနက္သည္။

          တာဝန္ရွိသူတစ္ဦး လာေရာက္၍ေခၚဆိုျခင္းထက္ စခန္းမွဴးကိုယ္တုိင္ လာေရာက္ေခၚဆိုျခင္းက ပုိ၍ေလး နက္သည္။

          14.5.2018 ရက္ေန႔ ၿငိမ္းခ်မ္းေရးကိုအေၾကာင္းျပဳ၍ ကဗ်ာရြတ္ပြဲျပဳလုပ္ရာတြင္ 13.5.2018 ရက္ေန႔ ညေနပိုင္းက ၿငိမ္းစုစီဥပေဒ ပုဒ္မ(၂၀)ျဖင့္ တရားစြဲခံထားရၿပီး အာမခံျဖင့္ လြတ္လာသည့္ ေဇယ်ာလြင္ကို လာေရာက္ေခၚေဆာင္သူမ်ားသည္ စခန္းမွဴးထက္ အဆင့္အမ်ားႀကီးသာေသာ ရဲအရာရွိႀကီးမ်ား ျဖစ္ၾကသည္။ ထိုအရာရွိႀကီးမ်ားကိုယ္တုိင္ တေလးတစား လာေရာက္ေခၚေဆာင္ေနပါလ်က္ မလိုက္ဘဲေနျခင္း၊ စာဆင့္ထုတ္ခုိင္း ျခင္း၊ ျပည္သူတစ္ေယာက္အေနျဖင့္သိလို၍ ေမးျခင္းျဖစ္သည္ဟု ျပည္သူကိုအသံုးခ်ကာ ရဲအရာရွိႀကီးမ်ားအား ေမးခြန္းထုတ္ျခင္းတုိ႔ ျပဳလုပ္ေနၾကသည္မွာ ဥပေဒကိုမေလးစားျခင္း၊ ျပည္သူ႔ဝန္ထမ္းမ်ားကို အေႏွာက္အယွက္ ျပဳျခင္းပင္ျဖစ္သည္။

          ၿငိမ္းခ်မ္းေရးလုိလားသူမ်ားကိုယ္တုိင္က ဥပေဒကိုမေလးစားလွ်င္ အျခားသာမန္ျပည္သူမ်ား ဥပေဒကို ေလးစားလိုက္နာဖုိ႔ ပို၍ခဲယဥ္းမည္ျဖစ္သည္။ ထုိအခါ ဥပေဒစုိးမိုးေရးပ်က္ျပားၿပီး ႏိုင္ငံတည္ၿငိမ္ေရးထိခိုက္ကာ စီးပြားေရး ပညာေရး စသည္အားလံုး အႏၲရာယ္က်ေရာက္သြားႏိုင္သည္။ ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုလားပါလွ်င္ ဥပေဒကိုေလးစားလုိက္နာရမည္။ သို႔မဟုတ္ပါလွ်င္ ၿငိမ္းခ်မ္းေရးကိုအေရာင္ျပ၍ တုိင္းျပည္ဆူပူ ေအာင္ တမင္ဖန္တီးေသာ ျပည္ပၾသဇာခံ ေၾကးစားႏိုင္ငံေရးသမားမ်ားဟု သတ္မွတ္ရမည္ျဖစ္သည္။ ၎တုိ႔ကို အကာအကြယ္ေပးေသာ၊ ၎တုိ႔ကိုဝန္းရံေသာ၊ ၎တုိ႔ကိုေထာက္ခံအားေပးသူမ်ားသည္ တုိင္းျပည္ပ်က္စီးရာ ပ်က္စီးေၾကာင္းတြင္ ပါဝင္ေနသည့္ လူမုိက္အားေပးပုဂၢဳိလ္မ်ားပင္ျဖစ္သည္ဟု သတ္မွတ္ရမည္။

          ႏိုင္ငံေတာ္အစုိးရအေနျဖင့္ ျပည္သူ႔ဝန္ထမ္းမ်ားကို မထီမဲ့ျမင္ျပဳေနေသာ ဥပေဒကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ေနေသာ ေက်ာင္းသားအမည္ခံ ၿငိမ္းခ်မ္းေရးအေရာင္ျပ အဖ်က္အေမွာင့္သမားမ်ားကို တိက်ျပတ္သားစြာ ကိုင္တြယ္ရမည္ျဖစ္သည္။ ထိုသို႔မကိုင္တြင္လွ်င္ တိုင္းျပည္အႏၲရာယ္က်ေရာက္လာႏိုင္သည္။

          သို႔ျဖစ္၍ အဆိုပါအဖ်က္အေမွာင့္သမားမ်ားကို တရားဥပေဒက ေပးအပ္ထားသည့္ အခြင့္အာဏာျဖင့္ ျပတ္ျပတ္သားသား အေရးယူေဆာင္ရြက္ေပးရန္ ေတာင္းဆိုလိုက္သည္။

 

ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္

ဘဒၵႏၲဝိစိတၱာဘိ္ဝံသ – အရွင္ဝီရသူ (မစိုးရိမ္)

ဓမၼသဟာယေက်ာင္းနာယက၊ မစုိးရိမ္တုိက္သစ္၊

မဟာေအာင္ေျမၿမဳိ႕နယ္၊ မႏၲေလးၿမဳိ႕

 

 

အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား

သာသနာနှစ် ၂၅၆၂၊ ကောဇာသက္ကရာဇ် ၁၃၈၀-ခုနှစ်၊ နယုန်လဆန်း(၁)ရက်၊ (15.5.2018)၊ အင်္ဂါနေ့

ငြိမ်းချမ်းရေးကဗျာရွတ်ပွဲနှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားကြေညာချက်

14.5.2018 ရက်နေ့တွင် ငြိမ်းစုစီမတင်ဘဲ ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ ကျင်းပခဲ့သည်။ ထိုအထဲတွင်ပါဝင်သော ဇေယျာလွင်ဆိုသူကို ရဲအရာရှိများက လာရောက်ခေါ်ဆောင်သည်ကိုလည်းကောင်း၊ ဇေယျာလွင်က ကားဖြင့်တိမ်းရှောင်ဖို့ ပြင်ဆင်နေသည်ကိုလည်းကောင်း၊ ငြိမ်းချမ်းရေးဘန်းပြ ရောက်လာကြသူ လူတစ်စုက ရဲဝန်ထမ်းများ စိတ်အနှောက်အယှက်ဖြစ်အောင် ပြောဆိုပြုမူနေကြသည်ကိုလည်းကောင်း တွေ့မြင်ခဲ့ ရသည်။
စစ်ပွဲတွေရပ်ဟု တောင်းဆိုရုံ ကဗျာရွတ်ပွဲကျင်းပနေရုံမျှဖြင့် တောင်းဆိုနေသူများ နိုင်ငံခြားဒေါ်လာများ ရရှိကောင်း ရရှိနိုင်မည်ဖြစ်သော်လည်း တိုင်းပြည်အတွက် ဘာတစ်ခုမျှ အကျိုးရှိနိုင်မည်မဟုတ်ပါ။ အမှန် တကယ်ငြိမ်းချမ်းရေးလိုလားလျှင် NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး)မှာ ဆွေးနွေးညှိနှိုင်းပြီး လက်မှတ် ထိုးနိုင်ဖို့ ပဏာမအဆင့်အဖြစ် လုပ်ဆောင်ရပါမည်။ ထို့နောက် ထာဝရငြိမ်းချမ်းရေးရအောင် ဆက်လက်တိုက်တွန်း တောင်းဆို နှိုးဆော်သွားရပါမည်။ ထို့သို့မဟုတ်ဘဲ ယခုလို ဆူပူလှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်နေလျှင် ပြည်သူများသာ အထိနာမည်ဖြစ်သည်။ ထို့ကြောင့် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်ဖြင့် ဆူပူမှု ဖန်တီးနေခြင်းများ ရပ်တန်းမှ ရပ်ကြဖို့ တိုက်တွန်းလိုက်သည်။

ရပ်ကွက်ရုံးမှတစ်ဆင့် လူကြုံဖြင့်ဆင့်ခေါ်ခြင်းထက် ရဲစခန်းမှဖုန်းဆက်ခေါ်ခြင်းက ပို၍လေးနက်သည်။
ရဲစခန်းမှဖုန်းဆက်ခေါ်ခြင်းထက် စာထုတ်ခေါ်ခြင်းက ပို၍လေးနက်သည်။
စာထုတ်ခေါ်ခြင်းထက် တာဝန်ရှိသူတစ်ဦး ကိုယ်တိုက်လာရောက်၍ ခေါ်ဆိုခြင်းက ပို၍လေးနက်သည်။
တာဝန်ရှိသူတစ်ဦး လာရောက်၍ခေါ်ဆိုခြင်းထက် စခန်းမှူးကိုယ်တိုင် လာရောက်ခေါ်ဆိုခြင်းက ပို၍လေး နက်သည်။

14.5.2018 ရက်နေ့ ငြိမ်းချမ်းရေးကိုအကြောင်းပြု၍ ကဗျာရွတ်ပွဲပြုလုပ်ရာတွင် 13.5.2018 ရက်နေ့ ညနေပိုင်းက ငြိမ်းစုစီဥပဒေ ပုဒ်မ(၂၀)ဖြင့် တရားစွဲခံထားရပြီး အာမခံဖြင့် လွတ်လာသည့် ဇေယျာလွင်ကို လာရောက်ခေါ်ဆောင်သူများသည် စခန်းမှူးထက် အဆင့်အများကြီးသာသော ရဲအရာရှိကြီးများ ဖြစ်ကြသည်။ ထိုအရာရှိကြီးများကိုယ်တိုင် တလေးတစား လာရောက်ခေါ်ဆောင်နေပါလျက် မလိုက်ဘဲနေခြင်း၊ စာဆင့်ထုတ်ခိုင်း ခြင်း၊ ပြည်သူတစ်ယောက်အနေဖြင့်သိလို၍ မေးခြင်းဖြစ်သည်ဟု ပြည်သူကိုအသုံးချကာ ရဲအရာရှိကြီးများအား မေးခွန်းထုတ်ခြင်းတို့ ပြုလုပ်နေကြသည်မှာ ဥပဒေကိုမလေးစားခြင်း၊ ပြည်သူ့ဝန်ထမ်းများကို အနှောက်အယှက် ပြုခြင်းပင်ဖြစ်သည်။

ငြိမ်းချမ်းရေးလိုလားသူများကိုယ်တိုင်က ဥပဒေကိုမလေးစားလျှင် အခြားသာမန်ပြည်သူများ ဥပဒေကို လေးစားလိုက်နာဖို့ ပို၍ခဲယဉ်းမည်ဖြစ်သည်။ ထိုအခါ ဥပဒေစိုးမိုးရေးပျက်ပြားပြီး နိုင်ငံတည်ငြိမ်ရေးထိခိုက်ကာ စီးပွားရေး ပညာရေး စသည်အားလုံး အန္တရာယ်ကျရောက်သွားနိုင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါလျှင် ဥပဒေကိုလေးစားလိုက်နာရမည်။ သို့မဟုတ်ပါလျှင် ငြိမ်းချမ်းရေးကိုအရောင်ပြ၍ တိုင်းပြည်ဆူပူ အောင် တမင်ဖန်တီးသော ပြည်ပသြဇာခံ ကြေးစားနိုင်ငံရေးသမားများဟု သတ်မှတ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အကာအကွယ်ပေးသော၊ ၎င်းတို့ကိုဝန်းရံသော၊ ၎င်းတို့ကိုထောက်ခံအားပေးသူများသည် တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းတွင် ပါဝင်နေသည့် လူမိုက်အားပေးပုဂ္ဂိုလ်များပင်ဖြစ်သည်ဟု သတ်မှတ်ရမည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဝန်ထမ်းများကို မထီမဲ့မြင်ပြုနေသော ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော ကျောင်းသားအမည်ခံ ငြိမ်းချမ်းရေးအရောင်ပြ အဖျက်အမှောင့်သမားများကို တိကျပြတ်သားစွာ ကိုင်တွယ်ရမည်ဖြစ်သည်။ ထိုသို့မကိုင်တွင်လျှင် တိုင်းပြည်အန္တရာယ်ကျရောက်လာနိုင်သည်။
သို့ဖြစ်၍ အဆိုပါအဖျက်အမှောင့်သမားများကို တရားဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော်
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက၊ မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့