သတင္း

ေက်ာက္ေခ်ာက်ဴရွင္ေက်ာင္း ၾသဝါဒ

ဒုတိယဝါဆိုလျပည့္ 27.7.2018 ရက္ေန႔၊ ညေန ၃း၀၀ နာရီ၊ မႏၲေလး ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေက်ာက္ေခ်ာေက်းရြာ၊ ပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။

ကေလးမ်ားအား ေရခဲမုန္႔ေကၽြးရင္း ေက်ာင္းသူေက်ာင္းသားမ်ားကို ႀကဳံတုန္းႀကဳံခိုက္ ၾသဝါဒေပးတာပါ။ မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ ပါဠိပါရဂူဆရာေတာ္ႀကီး ဦးကုသလမေထရ္က အရင္ဆံုးၾသဝါဒေပးပါတယ္။
ၿပီးမွ စာေရးသူက ၾသဝါဒေပးတာပါ။

ခါတုိင္း က်ဴရွင္ေက်ာင္းကိုေရာက္တဲ့အခါ စာသင္ေနၾကလို႔ ၾသဝါဒမေပးျဖစ္ပါ။ ဒီေန႔ေတာ့ ရြာဦးေက်ာင္းမွာ ဝါဆုိသကၤန္းကပ္လွဴၾကၿပီးအျပန္ ေရခဲမုန္႔စားၿပီး အားလပ္ေနလို႔ ၾသဝါဒေပးျဖစ္သြားတာပါ။

စာေရးသူ အႀကီးတန္းေအာင္ခါစ ၂၂ ႏွစ္အရြယ္ မႏၲေလးတက္ခါနီး စာခ်ဘုန္းႀကီးေပါက္စဘဝတုန္းက ေရးစပ္ထားတဲ့ ကဗ်ာေလးကို ရြတ္ျပၿပီး အားေဆးေကၽြးခဲ့တာပါ။ ကဗ်ာေလးနာမည္ကေတာ့ ဘာမဆိုေအာင္ရမည္ ျဖစ္ပါတယ္။

သင့္ဆႏၵသာ၊ ျပင္းျပပါလွ်င္၊
ဘာလိုခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊
ထင္မလြဲနဲ႔၊
မရႏိုင္တာ၊ မျဖစ္ႏိုင္တာ၊
မရွိရာသည္၊
သင့္ဆႏၵသာ အဓိက။

ဝီရိယသာ၊ ႀကီးမားပါလွ်င္၊
ဘာလိုခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊
ထင္မလြဲနဲ႔၊
မရႏိုင္တာ၊ မျဖစ္ႏိုင္တာ၊
မရွိရာသည္၊
ဝီရိယသာ အဓိက။

သင့္စိတ္ဓာတ္သာ၊ ႀကံ့ခုိင္ပါလွ်င္၊
ဘာလိုခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊
ထင္မလြဲနဲ႔၊
မရႏိုင္တာ၊ မျဖစ္ႏိုင္တာ၊
မရွိရာသည္၊
သင့္စိတ္ဓာတ္သာ အဓိက။

နည္းဗ်ဴဟာသာ၊ ျပည့္စုံပါလွ်င္၊
ဘာလိုခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊
ထင္မလြဲနဲ႔၊
မရႏိုင္တာ၊ မျဖစ္ႏိုင္တာ၊
မရွိရာသည္၊
နည္းပညာသာ အဓိက။

ဆႏၵ စိတၱ၊ ဝီရိယႏွင့္၊
နယဗ်ဴဟာ၊ ျပည့္စံုပါလွ်င္၊
ဘာမဆုိပင္၊ သင္ ေအာင္ရလိမ့္၊
ဆႏၵဝေတာ၊ အစေဟာသည္၊
ရွင္ေစာက်မ္းဂန္အညီတည္း…။

အရွင္ဝိစိတၱ (ေက်ာက္ဆည္)

“ကျောက်ချောကျူရှင်ကျောင်း သြဝါဒ”

ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

ကလေးများအား ရေခဲမုန့်ကျွေးရင်း ကျောင်းသူကျောင်းသားများကို ကြုံတုန်းကြုံခိုက် သြဝါဒပေးတာပါ။ မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဦးကုသလမထေရ်က အရင်ဆုံးသြဝါဒပေးပါတယ်။ ပြီးမှ စာရေးသူက သြဝါဒပေးတာပါ။

ခါတိုင်း ကျူရှင်ကျောင်းကိုရောက်တဲ့အခါ စာသင်နေကြလို့ သြဝါဒမပေးဖြစ်ပါ။ ဒီနေ့တော့ ရွာဦးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်လှူကြပြီးအပြန် ရေခဲမုန့်စားပြီး အားလပ်နေလို့ သြဝါဒပေးဖြစ်သွားတာပါ။

စာရေးသူ အကြီးတန်းအောင်ခါစ ၂၂ နှစ်အရွယ် မန္တလေးတက်ခါနီး စာချဘုန်းကြီးပေါက်စဘဝတုန်းက ရေးစပ်ထားတဲ့ ကဗျာလေးကို ရွတ်ပြပြီး အားဆေးကျွေးခဲ့တာပါ။ ကဗျာလေးနာမည်ကတော့ ဘာမဆိုအောင်ရမည် ဖြစ်ပါတယ်။

သင့်ဆန္ဒသာ၊ ပြင်းပြပါလျှင်၊
ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊
ထင်မလွဲနဲ့၊
မရနိုင်တာ၊ မဖြစ်နိုင်တာ၊
မရှိရာသည်၊
သင့်ဆန္ဒသာ အဓိက။

ဝီရိယသာ၊ ကြီးမားပါလျှင်၊
ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊
ထင်မလွဲနဲ့၊
မရနိုင်တာ၊ မဖြစ်နိုင်တာ၊
မရှိရာသည်၊
ဝီရိယသာ အဓိက။

သင့်စိတ်ဓာတ်သာ၊ ကြံ့ခိုင်ပါလျှင်၊
ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊
ထင်မလွဲနဲ့၊
မရနိုင်တာ၊ မဖြစ်နိုင်တာ၊
မရှိရာသည်၊
သင့်စိတ်ဓာတ်သာ အဓိက။

နည်းဗျူဟာသာ၊ ပြည့်စုံပါလျှင်၊
ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊
ထင်မလွဲနဲ့၊
မရနိုင်တာ၊ မဖြစ်နိုင်တာ၊
မရှိရာသည်၊
နည်းပညာသာ အဓိက။

ဆန္ဒ စိတ္တ၊ ဝီရိယနှင့်၊
နယဗျူဟာ၊ ပြည့်စုံပါလျှင်၊
ဘာမဆိုပင်၊ သင် အောင်ရလိမ့်၊
ဆန္ဒဝတော၊ အစဟောသည်၊
ရှင်စောကျမ်းဂန်အညီတည်း…။

အရှင်ဝိစိတ္တ (ကျောက်ဆည်)