Monthly Archives: August 2018
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်ကလေးမြို့၊ ဦးစန္ဒာဝရမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (26.8.2018) မန်း မဟော်သဓာအတွက် (၁) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ် (၂) ကျာက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ (၃) ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ (၄) ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်း မိဘများအစည်းအဝေး
ဝါခေါင်လဆန်း ၃ ရက် (29.8.2018 ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ညဂိုက်တန်း စတင်ဖွင့်လှစ်တော့မှာမို့ ညဂိုက်တန်းတက်မည့် ကျောင်းသူကျောင်းသားများ၏ မိဘများကို ခေါ်ယူအသိပေးတာပါ။ အကြိုအပို့အစီအစဉ်တာဝန်ယူကြဖို့နှင့် သားသမီးများရဲ့ ပညာရေးကို အလေးထားဖို့ မှာကြားတာပဲဖြစ်ပါတယ်။ကျောင်းအုပ်ဆရာတော်လေးများဖြစ်ကြတဲ့ ဦးသုမန၊ ဦးဝေပုလ္လတို့ ဦးဆောင်ပြုလုပ်တာပါ။ညဂိုက်တန်းတက်ခွင့်ရသည့် ကျောင်းသူကျောင်းသားများ ၇၀ ဦး ရှိပါတယ်။ Repeater တန်းက ၅၀၊ Fresher တန်းက ၂၀ ပါ။စာမေးပွဲအောင်စာရင်းထွက်တဲ့အခါ ညဂိုက်တန်းတက်ခွင့်ရတဲ့သူတွေက အောင်တာများပါတယ်။ပြီးခဲ့တဲ့နှစ်က Fresher ...
သတင်း
သတင်း
ထိုင်းနိုင်ငံခရီးစဉ် (၁)
ဝါခေါင်လဆန်း ၁၄ ရက် (25.8.2018)ရက်နေ့၊ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ တပည့် အရှင်ဓမ္မာနန္ဒာဇောတိ (ဓမ္မနွယ်)နှင့် သူငယ်များ လာရောက်ကြိုဆိုကြပါတယ်။ စာရေးသူနှင့်အတူ အမျိုးသားရေးတေးသံရှင် အဆိုတော်လင်းထိုက်နှင့် ကလေးအဆိုတော် ကြည်ဖြူခင်မိသားစုတို့လည်း ပါပါတယ်။ မွန်းလွဲပိုင်းမှာ မဟာချိုင်ကိုရောက်ပါတယ်။ မဟာချိုင်ကအမျိုးတွေ WE LOVE WIRATHU ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုနေကြပါတယ်။ ပင့်ယူပြီး အခမ်းအနားအတွက် ဝေယျာဝစ္စလုပ်နေကြတဲ့ ပရဟိတသမား အနည်းငယ်ပဲ ဝက်ဆီမိန်ကျောင်းတိုက်ထဲမှာ ရှိကြပါတယ်။ ညနေပိုင်းမှာ တစ်ဦးစ နှစ်ဦးစ တစ်ဖွဲ့စ နှစ်ဖွဲ့စ လာရောက်နှုတ်ဆက်ကြပါတယ်။ ညဦးပိုင်းမှာတော့ ဝေယျာဝစ္စသမားများအားလုံး ထပ်မံတွေ့ဆုံပါတယ်။ အင်္ဂုတ္တိုရ်လာ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ပုံရိပ်အချို့
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းဆရာတော်များ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများရဲ့ ဆောင်ရွက်ချက် တစ်စိတ်တစ်ဒေသပါ။ မနက် ၅း၀၀ နာရီ ဘုရားဝတ်တက်ရပါတယ်။ ပြီးလျှင် အချိန်အနည်းငယ် တရားထိုင်ရပါတယ်။ မနက် ၈း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ၊ နေ့ ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျောင်းတက်ရပါတယ်။ ဆယ်တန်းတွေကတော့ မနက် ၆း၃၀ နာရီမှ ၇း၃၀ နာရီ၊ ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အချိန်ပိုတက်ရပါတယ်။ အခြေခံမှစပြီး Gramma သင်ယူတာ အင်္ဂလိပ်စာကျက်ရတာတွေ ရှိပါတယ်။ ကျောင်းပိတ်ရက်များမှာတော့ ...
ထုတ်ပြန်ကြေညာချက်သတင်း
အမျိုးသားရေးအင်အားစု(ရန်ကုန်)၏ သဘောထားထုတ်ပြန်ချက်
တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင့်​ မြ၀တီ သတင်း Page တို့အား Facebook Team မှ ဖျက်​သိမ်းခဲ့မှုအား အမျိုးသားရေးအင်အားစု(ရန်ကုန်)မှ ပြင်းထန်စွာ ကန့်​ကွက်​​ကြောင်း သဘောထားထုတ်​ပြန်​ခြင်း ၁။ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင့်​ မြ၀တီ သတင်း Page တို့အား Facebook Team မှ (၂၇-၈-၂၀၁၈)ရက်နေ့တွင် ပိတ်သိမ်းခဲ့ကြောင်း ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း
ပါရမီပျိုးခင်းသွေးလှူအသင်း စုပေါင်းသွေးလှူဒါန်းပွဲ (ငွေတွင်း)”
၁၃၈၀-ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (26-8-2018) တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ သံဃနာယကဆရာတော်ကြီးသီတင်းသုံးရာ သပုညကာရီ ကျောင်းသစ်ကျောင်းမှာ ကျင်းပပါတယ်။ စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်းသွေးလှူအသင်းရဲ့ (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲပါ။ နိုင်ငံတော်ဘာသာနေ့အထိမ်းအဖြစ် ကျင်းပခြင်းဖြစ်ပြီး သွေးအိတ်ပေါင်း(၁၇၂)အိတ်ရရှိခဲ့ပါတယ်။ သွေးလှူဒါန်းပွဲကို ငွေတွင်း မဘသ အဖွဲ့ ဦးစီးကျင်းပတာပါ။ သွေးအလှူရှင်များကို အားဆေး၊ အအေး၊ စာအုပ်၊ တရားခွေ၊ ကြက်ဥများလှူဒါန်းပြီး ပရိသတ်များကို ကြာဇံဟင်းနှင့် ထမင်းများကျွေးမွေးပါတယ်။ ငွေတွင်း မဘက ဦးစီးကျင်းပတာ ယခုနဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်က မန္တလေး ပြည့်သူ့ဆေးရုံကြီးသွေးလှူဘဏ်မှာပြုလုပ်တာပါ။ နှစ်စဉ် ဝါခေါင်လပြည့်နေ့တိုင်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၄
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းရွာ၊ ဒေါ်ဝင်းမြမိသားစုက အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)လှူဒါန်းစဉ်။ (24.8.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
နဂါးနီစုဘူးသတင်း
ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦး0ီ၇သူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (28.8.2018) မွန်းလွဲ(၃း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း E.C အဖွဲ့ဝင် ဦးရဲမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောက် အရှင်ခေမိန္ဒ (ဝီရခေမိန်)တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၅)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်0ီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ ...
နဂါးနီစုဘူးသတင်း
နဂါးနီစုဘူးအသင်း ကျန်းမာရေးထောက်ပံ့မှု
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတာ် ဘဒ္ဒန္တဝိစိတ္တာဘိဝံ-0ီ၇သူ(မစိုးရိမ်) တည်ထောင်သော နဂါးနီစုဘူးအသင်းမှ အသင်းဝင်များအား ကျန်းမာရေးထောက်ပံ့မှုဖောင်တွေ ဖြစ်ပါတယ်။ စတင်တည်ထောင်တဲ့ ၂၀၁၃ ခုနှစ်ကစပြီး ယခုအချိန်ထိ ထောက်ပံ့ခဲ့တဲ့ ကျန်းမာရေးဖောင်တွေဖြစ်ပါတယ်။ အစပိုင်းတုန်းက ဖောင်မလုပ်ရတာတွေလည်း အများအပြားရှိပါတယ်။ ဖျားနာ၊ ဒဏ်ရာရ၊ မျက်စိခွဲ၊ မီးဖွား စတဲ့ ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ရတဲ့ အသင်းဝင်လူနာတွေကို ရောဂါအလိုက် လိုအပ်သလို ထောက်ပံ့ရတာပါ။ မီးဖွားလူနာတွေကိုတော့ ပုံမှန် ၃၀,၀၀၀ိ (သုံးသောင်းကျပ်စီ) ထောက်ပံ့ပြီး လိုအပ်လာရင် ထပ်မံထောက်ပံ့ပေးပါတယ်။ သေဆုံးသူတွေအတွက် ၁၀၀,၀၀၀ိ (တစ်သိန်းကျပ်စီ) ထောက်ပံ့ပါတယ်။ ကျန်းမာရေးထောက်ပံ့ခဲ့တဲ့ဦးရေ – ၃၅၀ ဦးရှိပြီး ကျန်းမာရေးထောက်ပံ့ငွေ ...
သတင်း
မစိုးရိမ်တိုက်သစ် ဆွမ်းအလှူပွဲ
ဝါခေါင်လဆန်း ၁၃ ရက် (24.5.2018)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ သံဃာတော်များအား ဆွမ်းလောင်းလှူပါတယ်။ မနက် ၉း၀၀ နာရီမှာ ရေစက်ချအမျှဝေပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အနုမောဒနာတရားဟောကြားပါတယ်။ မနက် ၁၁း၀၀ နာရီမှာ စာချဆရာတော်များ၊ ဓမ္မာစရိယဘွဲ့ရဆရာတော်များ၊ နာယကဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ကုသိုလ်ရှင်များကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းရွာ ဆရာတော်ဦးသုန္ဒရ အမှူးပြုတဲ့ ဒေါ်ဝင်းငွေ၊ ဒေါ်အေးကြည်၊ ဒေါ်ပြုံးကြည်နှင့် ဈေးသူဈေးသားများ ဖြစ်ပါတယ်။ ဒေါ်ဝင်းငွေ၊ ဒေါ်ဝင်းကြည်၊ ဒေါ်ပြုံးကြည်တို့ဟာ နမ့်မွန်း ရဲသုံးဖော်ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာနဲ့ပတ်သက်လာရင်တော့ အနီအကြောင်တွေ ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်း သြဝါဒ
ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ဟောကြားပါတယ်။ ညဂိုက်တန်းအတွက် ဆရာ ဆရာမများနှင့် ဆွေးနွေးတိုင်ပင်ရင်း ကလေးတွေကို သြဝါဒပေးတာပါ။ အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ၏ စာသင်နည်း (၈)မျိုးပါ။ သု စိ ပု ဘာ၊ ဝိ လိ သိ ဓာ၊ သုဏေယျ- နားထောင်ခြင်း၊ စိန္တေယျ – တွေးကြံခြင်း၊ ပုစ္ဆေယျ – မေးမြန်းခြင်း၊ ဘာသေယျ – ရွတ်ဆိုခြင်း ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်းရှင်များ ဆွေးနွေးပွဲ (၂)
ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မန္တလေးမြို့၊ ချမ်းမြသားစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ညဂိုက်တန်းဖွင့်လှစ်ဖို့အတွက် ဆွေးနွေးကြတာပါ။ Repeater တန်း (၅၀)၊ Fresher တန်း (၂၀)၊ စုစုပေါင်း (၇၀)ဦးကို စတင်သင်ကြားပေးသွားမှာပါ။ 1.9.2018 ရက်နေ့ စပါမယ်။ မတိုင်ခင် မိဘများကိုခေါ်ယူကာ အကြိုအပို့စီစဉ်ပေးကြဖို့ တိုက်တွန်းပေးသွားပါမယ်။ ညဂိုက်တန်းတက်ခွင့်ရသူအားလုံးဟာ လေ့ကျင့်ခန်းစာမေးပွဲ အောင်မြင်သူများ၊ အမှတ်မီသူများ ဖြစ်ပါတယ်။ သီတင်းကျွတ်လျှင် စာမေးပွဲထပ်မံကျင်းပပြီး အမှတ်နည်းသူများကို ညဂိုက်တန်းမှ ပြန်ဆင်းခိုင်းကာ ညဂိုက်တန်းမတက်ရသေးသော်လည်း အမှတ်မီသူများကို ညဂိုက်တန်းပြန်လည်တက်ခွင့်ပေးမှာဖြစ်ပါတယ်။ အဓိကကတော့ Fresher တန်းရော Repeater ...
သတင်း
ကျောက်ချောရွာ ကျူရှင်ကျောင်းဟောပြောပွဲ
ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ၉-၁၀ တန်း ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။ ဘက်စုံပညာထူးချွန်ဆုများရှင်၊ စာပေဆုများရှင် ဘာသာစုံဂုဏ်ထူးရှင် ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်နဲ့ ဟောပြောတာပါ။ တဝါးဝါးတဟားဟားနဲ့ ပရိသတ်များ ပွဲကျကြပါတယ်။ ဆရာ့မေးခွန်းကို ဖြေနိုင်သည့် ကလေးများအား တစ်သောင်းကျပ်စီ ဆရာကြီးမှ ဆုချပါတယ်။ ကျောက်ချောရွာကျူရှင်ကျောင်းကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဘက်စုံပညာထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်ဖြင့် ဟောပြောပါတယ်။ ပညာရေးအကယ်ဒမီ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်နားထောင်ကြပါတယ်။ ဆရာကြီး မေးတဲ့မေးခွန်းကို ဖြေနိုင်တဲ့ ကလေးတွေကို ဆုငွေ တစ်သောင်းကျပ် ဆုချပါတယ်။ အဟောအပြောကောင်းပြီး စေတနာအပြည့်ပါလို့ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများက လေးစားတမှုနဲ့ ဦးချကန်တော့ကြပါတယ်။ တဝါးဝါးတဟားဟားနဲ့ အားလုံးပွဲကျခဲ့တဲ့ ဟောပြောပုံလေးပါ။ “ပညာရေးအကယ်ဒမီကျောင်း ဟောပြောပွဲ” ဝါခေါင်လဆန်း ...
သတင်း
သင်္ကန်းကပ်အလှူ
ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂×၈၃ လမ်းကြား၊ ၂၅ လမ်း၊ ဦးကျော်မင်းနိုင်+ဒေါ်ဇင်မာဝင်း (မင်းမင်း Beauty Life 2 ) နေအိမ်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်၊ နာယကဆရာတော်လေးများဖြစ်တဲ့ ဦးသူရိယာဘိဝံ၊ ဦးစေတိယာလင်္ကာရာဘိဝံသနှင့် သံဃာတော်များအား နေ့ဆွမ်းနှင့် သင်္ကန်းဆက်ကပ်တာပါ။ အနုမောဒနာတရားအဖြစ် ထေရဝါဒသာသနာ တရား ဟောကြားခဲ့ပါတယ်။ ထေရဝါဒဆိုသည်မှာ၊ မထေရ်မြတ်တို့သာသနာ၊ သာသနာဆိုတာ အဆုံးအမ၊ မြတ်ဘုရားသြဝါဒ။ “သင်္ကန်းကပ်အလှူ” ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ ...
သတင်း
ကျောက်ချောရွာ ကျူရှင်ကျောင်း မိဘဆရာများအသင်း ဖွဲ့စည်း
ဝါခေါင်လဆန်း ၈ ရက် (19.8.2018) ရက်နေ့၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းစောင့်ရှောက်ရေးအဖွဲ့အဖြစ် မိဘဆရာများအသင်း ဖွဲ့စည်းပါတယ်။ မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကျောင်းသားမိဘများ ရပ်မိရပ်ဖများ မန်း မဟော်သဓာ ပညာရေးကော်မတီဝင်များ တက်ရောက်ကြပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဆယ်အိမ်ခေါင်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ ကျောင်းသားမိဘများကိုလည်းကောင်း၊ ရပ်မိရပ်ဖများကိုလည်းကောင်း ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မိဘဆရာများကို ဥက္ကဋ္ဌအဖြစ် ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့် (လက်ထောက်ပညာရေးမှူး-ငြိမ်း) အတွင်းရေးမှူးအဖြစ် ဘောဂဗေဒပြ ဆရာဦးအေးမြင့်နိုင်တို့ကို ရွေးချယ်တင်မြှောက်ကာ နာယကအဖြစ် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ်၊ အရှင်ဉာဏိက (B.A Thailand M.C.U Thailand) မှ အလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (17.8.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...
သတင်း
အဂ္ဂါဘိဓဇ စာအုပ်လှူဒါန်းပွဲ
ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (29.7.2018) ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ လွန်တော်မူခြင်း ၁၅ နှစ်ပြည့် အမှတ်တရ အထူးထုတ် မဂ္ဂဇင်းစာအုပ်ကြီးကို ဝါဆိုသံဃာတော်များအား ကျောင်းစဉ်အလိုက် လှူဒါန်းနေပုံလေးပါ။ ကျောင်းကြီးလျှင် ကြီးသလို သံဃာအရေအတွက် များပြားလို့ တွန်းလှည်းနဲ့ သယ်ယူရတာလည်း ရှိပါတယ်။ ကျောင်းအသေးလေးများအတွက်တော့ ပွေ့ယူသယ်ဆောင်သွားကြပါတယ်။ စာရေးသူက ဝါဆိုသံဃာစာရင်းကိုင်ပြီး တစ်ကျောင်းချင်းစီ အမည်တပ်ခေါ်ကာ စနစ်တကျ ခွဲဝေပေးပါတယ်။ ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ကြီး ပျံလွန်တော်မူတာက ၂၀၀၃ ဧပြီလ ၃၀ ...
သတင်း
ငွေတွင်း မဘသ သြဝါဒခံယူပွဲ
ဝါခေါင်လဆန်း ၈ ရက် (19.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ဗုဒ္ဓဂုဏာရာမငွေတွင်းကျောင်းတိုက်မှာ ကျင်းပပါတယ်။ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ ငွေတွင်း မ-ဘ-သ အဖွဲ့သားများ လာရောက်သြဝါဒခံယူကြတာပါ။ ငွေတွင်း မ-ဘ-သ ဥက္ကဋ္ဌဆရာတော်လေး ဦးအဂ္ဂသီရိကျောင်းမှာ ကျင်းပခြင်းဖြစ်ပါတယ်။ လာမည့် ဝါခေါင်လပြည့် (နိုင်ငံတော်ဘာသာနေ့)အထိမ်းအမှတ်အဖြစ် ငွေတွင်းရွာမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနိုင်ရေးအတွက် အကြိုသြဝါဒခံယူခြင်းဖြစ်ပါတယ်။ ငွေတွင်း မ-ဘ-သ အဖွဲ့က မန္တလေးဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပတာ နှစ်ကြိမ်ရှိခဲ့ပါပြီ။ အခု တတိယအကြိမ်မြောက်မှာ ငွေတွင်းရွာမှာ ကျင်းပဖို့စီစဉ်ခြင်းဖြစ်ပါတယ်။ စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်း သွေးလှူအသင်း (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲပါ။ ၎င်းပွဲမှာ ...