သတင်း






“ထိုင်းနိုင်ငံခရီးစဉ် (၁)”

ဝါခေါင်လဆန်း ၁၄ ရက် (25.8.2018)ရက်နေ့၊ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။

တပည့် အရှင်ဓမ္မာနန္ဒာဇောတိ (ဓမ္မနွယ်)နှင့် သူငယ်များ လာရောက်ကြိုဆိုကြပါတယ်။
စာရေးသူနှင့်အတူ အမျိုးသားရေးတေးသံရှင် အဆိုတော်လင်းထိုက်နှင့် ကလေးအဆိုတော် ကြည်ဖြူခင်မိသားစုတို့လည်း ပါပါတယ်။

မွန်းလွဲပိုင်းမှာ မဟာချိုင်ကိုရောက်ပါတယ်။ မဟာချိုင်ကအမျိုးတွေ WE LOVE WIRATHU ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုနေကြပါတယ်။ ပင့်ယူပြီး အခမ်းအနားအတွက် ဝေယျာဝစ္စလုပ်နေကြတဲ့ ပရဟိတသမား အနည်းငယ်ပဲ ဝက်ဆီမိန်ကျောင်းတိုက်ထဲမှာ ရှိကြပါတယ်။

ညနေပိုင်းမှာ တစ်ဦးစ နှစ်ဦးစ တစ်ဖွဲ့စ နှစ်ဖွဲ့စ လာရောက်နှုတ်ဆက်ကြပါတယ်။ ညဦးပိုင်းမှာတော့ ဝေယျာဝစ္စသမားများအားလုံး ထပ်မံတွေ့ဆုံပါတယ်။

အင်္ဂုတ္တိုရ်လာ ပုဂ္ဂိုလ်လေးမျိုး သြဝါဒပေးခဲ့ပါတယ်။ အတ္တဟိတပဲလုပ်ပြီး ပရဟိတမလုပ်တဲ့သူ၊ ပရဟိတပဲလုပ်ပြီး ပရဟိတမလုပ်တဲ့သူ၊ အတ္တဟိတရော ပရဟိတရော လုပ်တဲ့သူ၊
အတ္တဟိတလည်းမလုပ် ပရဟိတလည်း မလုပ်တဲ့သူ၊ စီးပွားရှာလို့ ရလာတဲ့ငွေတွေကို ဖြုန်းတီးမပစ်ကြဖို့၊ ခြိုးခြံချွေတာပြီး လုပ်ငန်းတွေထူထောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။