စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ဓမၼေစတီေက်ာင္းတုိက္၊ ပညာေရးအကယ္ဒမီေက်ာင္းဆရာေတာ္မ်ား ဆရာ ဆရာမမ်ား ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ ေဆာင္ရြက္ခ်က္ တစ္စိတ္တစ္ေဒသပါ။

မနက္ ၅း၀၀ နာရီ ဘုရားဝတ္တက္ရပါတယ္။ ၿပီးလွ်င္ အခ်ိန္အနည္းငယ္ တရားထိုင္ရပါတယ္။

မနက္ ၈း၀၀ နာရီမွ ၁၁း၀၀ နာရီအထိ၊ ေန႔ ၁း၀၀ နာရီမွ ၄း၀၀ နာရီအထိ ေက်ာင္းတက္ရပါတယ္။ ဆယ္တန္းေတြကေတာ့ မနက္ ၆း၃၀ နာရီမွ ၇း၃၀ နာရီ၊ ညေန ၄း၃၀ နာရီမွ ၅း၃၀ နာရီ အခ်ိန္ပိုတက္ရပါတယ္။ အေျခခံမွစၿပီး Gramma သင္ယူတာ အဂၤလိပ္စာက်က္ရတာေတြ ရွိပါတယ္။ ေက်ာင္းပိတ္ရက္မ်ားမွာေတာ့ ၅-၆-၇ တစ္သုတ္၊ ၈ တန္းတစ္သုတ္၊ ၉ တန္းတစ္သုတ္ စပိကင္ေလ့က်င့္ရပါတယ္။ ဆရာ ဆရာမေတြကိုလည္း စပိကင္အတြက္ သီျခားအခ်ိန္တစ္ခုထား ေလ့က်င့္ေပးေနပါတယ္။ ပုထိုးေတာ္ႀကီးဘုရား၊ ျမသိန္းတန္ဘုရားတုိ႔မွာ အပတ္စဥ္ ဗုဒၶေဝယ်ာဝစၥကုသိုလ္ယူၾကပါတယ္။

မနက္စာစားၿပီး တစ္ႀကိမ္၊ ညေနေက်ာင္းဆင္းတစ္ႀကိမ္ ေက်ာင္းတုိက္ေဝယ်ာဝစၥလုပ္ၾကရပါတယ္။ ပညာေရးအကယ္ဒမီေက်ာင္းမွာ ၅ တန္းမွ ၁၀ တန္းအထိ  ေက်ာင္းသားေက်ာင္းသူ ၁၃၇ ဦးရွိၿပီး ဆရာ ဆရာမ ၂၃ ဦးရွိပါတယ္။

အုပ္ခ်ဳပ္ေရးဆရာေတာ္ ၂ ပါးရွိပါတယ္။ မနက္ ေန႔ ည တစ္ရက္လွ်င္ သံုးနပ္ေကၽြးေမြးထားၿပီး က်န္းမာေရးလည္း ေစာင့္ေရွာက္ထားပါတယ္။

ည ၇း၀၀ နာရီမွ ၁၁း၀၀ နာရီအထိ စာအံေက်ာင္းတက္ရပါတယ္။ ဆရာ ဆရာမမ်ားက အနီးကပ္ႀကီးၾကပ္သင္ၾကားေပးေနပါတယ္။ ဓမၼေစတီေက်ာင္းတုိက္ဆရာေတာ္ အရွင္နာဂိႏၵာလကၤာရက ဆန္၊ ငါးပိ၊ ငါးေျခာက္၊ ၾကက္သြန္နီ ရိကၡာမ်ား ေထာက္ပံ့ပါတယ္။

ဟင္းသီးဟင္းရြက္မ်ား၊ ဟင္းလ်ာမ်ားႏွင့္ ပညာေရးစရိတ္၊ ဝန္ထမ္းလစာ အားလံုး စာေရးသူမွ ေထာက္ပံ့ေနပါတယ္။ ဇူလိုင္လကုန္အတြက္ လစာေပးစရာ ပုိက္ဆံမရွိေပမယ့္ မဟာခ်ဳိင္အမ်ဳိးေတြလွဴလိုက္တာ၊ အေမရိကန္လူမ်ဳိး ထုိင္းဆရာေတာ္ႀကီး လွဴလုိက္တာေတြေၾကာင့္ လခေပးႏုိင္သြားၿပီျဖစ္ပါေၾကာင္း…။

ဝီရသူ (မစိုးရိမ္)

29.8.2018

“ပညာရေးအကယ်ဒမီကျောင်း ပုံရိပ်အချို့”

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းဆရာတော်များ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများရဲ့ ဆောင်ရွက်ချက် စ်စိတ်တစ်ဒေသပါ။

မနက် ၅း၀၀ နာရီ ဘုရားဝတ်တက်ရပါတယ်။ ပြီးလျှင် အချိန်အနည်းငယ် တရားထိုင်ရပါတယ်။
မနက် ၈း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ၊ နေ့ ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျောင်းတက်ရပါတယ်။ ဆယ်တန်းတွေကတော့ မနက် ၆း၃၀ နာရီမှ ရး၃၀ နာရီ၊ ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အချိန်ပိုတက်ရပါတယ်။

အခြေခံမှစပြီး Gramma သင်ယူတာ အင်္ဂလိပ်စာကျက်ရတာတွေ ရှိပါတယ်။ ကျောင်းပိတ်ရက်များမှာတော့ ၅-၆-၇ တစ်သုတ်၊ ၈ တန်းတစ်သုတ်၊ ၉ တန်းတစ်သုတ် စပိကင်လေ့ကျင့်ရပါတယ်။ ဆရာ ဆရာမတွေကိုလည်း စပိကင်အတွက် သီခြားအချိန်တစ်ခုထား လေ့ကျင့်ပေးနေပါတယ်။

ပုထိုးတော်ကြီးဘုရား၊ မြသိန်းတန်ဘုရားတို့မှာ အပတ်စဉ် ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ မနက်စာစားပြီး တစ်ကြိမ်၊ ညနေကျောင်းဆင်းတစ်ကြိမ် ကျောင်းတိုက်ဝေယျာဝစ္စလုပ်ကြရပါတယ်။

ပညာရေးအကယ်ဒမီကျောင်းမှာ ၅ တန်းမှ ၁၀ တန်းအထိ ကျောင်းသားကျောင်းသူ ၁၃၇ ဦးရှိပြီး ဆရာ ဆရာမ ၂၃ ဦးရှိပါတယ်။ အုပ်ချုပ်ရေးဆရာတော် ၂ ပါးရှိပါတယ်။

မနက် နေ့ ည တစ်ရက်လျှင် သုံးနပ်ကျွေးမွေးထားပြီး ကျန်းမာရေးလည်း စောင့်ရှောက်ထားပါတယ်။ ည ရး၀၀ နာရီမှ ၁၁း၀၀ နာရီအထိ စာအံကျောင်းတက်ရပါတယ်။ ဆရာ ဆရာမများက အနီးကပ်ကြီးကြပ်သင်ကြားပေးနေပါတယ်။

ဓမ္မစေတီကျောင်းတိုက်ဆရာတော် အရှင်နာဂိန္ဒာလင်္ကာရက ဆန်၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်နီ ရိက္ခာများ ထောက်ပံ့ပါတယ်။ ဟင်းသီးဟင်းရွက်များ၊ ဟင်းလျာများနှင့် ပညာရေးစရိတ်၊ ဝန်ထမ်းလစာ အားလုံး စာရေးသူမှ ထောက်ပံ့နေပါတယ်။

ဇူလိုင်လကုန်အတွက် လစာပေးစရာ ပိုက်ဆံမရှိပေမယ့် မဟာချိုင်အမျိုးတွေလှူလိုက်တာ၊ အမေရိကန်လူမျိုး ထိုင်းဆရာတော်ကြီး လှူလိုက်တာတွေကြောင့် လခပေးနိုင်သွားပြီဖြစ်ပါကြောင်း…။

ဝီရသူ (မစိုးရိမ်)
29.8.2018