ထုတ်ပြန်ကြေညာချက်သတင်း
၂။ Facebook Team မှ
၂၈-၈-၂၀၁၈
အမျိုးသားရေးအင်အားစု(ရန်ကုန်)၏ သဘောထားထုတ်ပြန်ချက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Page၊ Senior General Min Aung Hlaing Page နှင့် မြဝတီ သတင်း Page တို့အား Facebook Team မှ ဖျက်သိမ်းခဲ့မှုအား အမျိုးသားရေးအင်အားစု(ရန်ကုန်)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း
သဘောထားထုတ်ပြန်ခြင်း
၁။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Page၊ Senior General Min Aung Hlaing Page နှင့် မြဝတီ သတင်း Page တို့အား Facebook Team မှ (၂၇-၈-၂၀၁၈)ရက်နေ့တွင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
၂။ Facebook Team မှ
၎င်းတို့၏ Community Standard နှင့် မကိုက်ညီသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် စွပ်စွဲထားပြီး အဆိုပါ Page များအား ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
၃။ အထက်ပါ Page များသည် အမုန်းစကားများ ပြန့်ပွားရေးအတွက်လည်း
ဆောင်ရွက်ခြင်းများ လုံးဝမရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ တပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှုများကို အများပြည်သူ
သိရှိနိုင်စေရန်အတွက်သာ ဖော်ပြပေးလျက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။
၄။ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ၎င်းဆောင်ရွက်ချက်များကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ဖော်ပြပေးနေခြင်း၊ တပ်မတော်နှင့်ပတ်သက်သော သတင်းမှန်များကို ပြန်ကြားပေးနေခြင်း၊ ရခိုင်ပြည်နယ်အရေးသာမက ပြည်တွင်းလုံခြုံရေးကိစ္စရပ်များတွင် ပြည်သူများ သိသင့်သိထိုက်သော သတင်းအချက်အလက်များကို မှန်မှန်ကန်ကန် ဖော်ပြပေးနေခြင်း စသည့် ပြည်သူလူထု အလေးထား ဝင်ရောက်ကြည့်ရှုနေရသည့် Page များဖြစ်ပါသည်။
၅။ အမျိုးသားရေးအင်အားစုများ၏ လှုပ်ရှားမှုများကိုလည်း မပြန့်နှံ့စေရန်ရည်ရွယ်၍ Facebook Team မှ အကောင့်များဖယ်ရှားခြင်း၊ ပို့စ်များဖျက်ခိုင်းခြင်း စသည်များကို ဆောင်ရွက်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
၆။ အမျိုးသားရေးအင်အားစုများ၏ မှန်မှန်ကန်ကန် တင်ပြရေးသားချက်များကို အမုန်းစကားဟူသော စွပ်စွဲချက်များဖြင့် Facebook Team မှ မတရားအနိုင်ကျင့်သည့်နည်းတူ တပ်မတော်၏ Page များအား မဟုတ်မမှန်စွပ်စွဲကာ ပိတ်သိမ်းလိုက်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ တပ်မတော်နှင့် အစိုးရအဖွဲ့အကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်စေနိုင်ခြင်း စသည်တို့ ဖြစ်ပွားစေနိုင်ပါသည်။
၇။ သို့ဖြစ်ပါ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Page၊ Senior General Min Aung Hlaing Page နှင့် မြဝတီ သတင်း Page တို့အား Facebook Team မှ တစ်ဖက်သက်အကြောင်းပြချက်ဖြင့် ဖြုတ်ချခဲ့ခြင်းအပေါ်
အမျိုးသားရေးအင်အားစု(ရန်ကုန်)မှ �ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။
အမျိုးသားရေးအင်အားစု(ရန်ကုန်)
၂၈-၈-၂၀၁၈