သတင်း

ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း)
========================================================
မေး- နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ Facebook မှာ ဟိုတုန်းက တရားပွဲလေးတွေ ပြန်တင်နေတာ တွေ့ပါတယ်ဘုရား။ အရှင်ဘုရားဟောခဲ့တဲ့
“လောကငြိမ်းချမ်း နိဗ္ဗာန် လမ်း၊ နမော တဿ တန်ဖိုး၊ ဆွေမျိုးဆိုတာ များလေကောင်းလေ၊ ထေရဝါဒခံတပ်ကြီး၊ မြေခွေးလူသား ရှောင်ကြဉ်ထား” စသည်ဖြင့်
တရားတွေဟောခဲ့တယ်။ အဲဒီအထဲမှာ ဘယ်တရားကို အကြိုက်ဆုံး၊ ဒါမှမဟုတ် အားအရဆုံးဖြစ်မလဲဘုရား။
ဖြေ – ၂ဝ၁၂ ဒီမှာဘက်ပိုင်းတော့ -အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့-ဆိုတာကို အားရတာပေါ့နော်။ နောက် စစ်မနိုင်မြို့တော်ဆိုတာကို အားရတာပေါ့။
ကျန်တာကတော့ သူ့ကဏ္ဍလေးနဲ့သူ လူကြိုက်များတာလေးတွေလည်း ရှိတာပေါ့နော်။ ဒါပေမယ့် အမျိုးသားရေးပေါ့ပေါ့မတွေးနဲ့ကတော့
အမေရိကန် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာပါလောက်အောင်၊ ကုလမှာ အဲဒီရုပ်သံဖိုင်တင်ပြီး အတိုင်ခံလောက်ရအောင်
ပေါက်သွားတာပေါ့နော့။ အဲဒါကတော့ ပွဲဦးထွက်တရားလေး ဖြစ်တဲ့အတွက်ကြောင့် အမှတ်တရလေးအဖြစ် တင်ကျန်နေခဲ့တာပေါ့လေ။
မေး – တပည့်တို့နဲ့ အင်တာဗျူးတစ်ခုမှာပဲ အရှင်ဘုရားက ဆရာတော်ကြီး ဦးရာဇဓမ္မဟာ ဦးဇင်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဆရာတော်ကြီးကို
ဘယ်လိုအကြောင်းအချက်တွေကြောင့် စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့
ကြည်ညိုမိတာလဲ။ နောက်ပြီးတော့ ဆရာတော်ကြီးရှိနေသေးရင်ရော လက်ရှိနိုင်ငံရေးအခြေအနေကို ဘာပြောမယ်ထင်လဲဘုရား။
ဖြေ – နံပါတ်တစ်ကတော့ ဆရာတော်ကြီးက ခေါင်းဆောင်ကောင်း ပီသတာပေါ့နော်။ ခေါင်းဆောင်ကောင်းဆိုတာက အဖက်ဖက်ကနေပြီးတော့
နောက်လိုက်တွေထက် သာအောင် နေရတာကိုး။ အဲဒီအပိုင်းမှာ သဘောကျတာပေါ့နော့။
ဆရာတော်ကြီးက မပျံလွန်ခင်လည်း ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်ပေါ့လေ။ ဗိုလ်ချုပ်သမီးဆိုပေမယ့် ငါတို့ကတော့ စောင့်ကြည့်ရဦးမယ်ဆိုတာလေ။
ခုနေချိန်ခါထိသာ ဆရာတော်ကြီးရှိနေဦးမယ်ဆိုရင် ဗိုလ်ချုပ်သမီးကို ပယ်ပယ်နယ်နယ်ကို ဆုံးမသြ၀ါဒပေးလိမ့်မယ်လို့ ယုံကြည်တာပေါ့နော့။

မေး – အမျိုးသားရေး အင်အားစုဆိုတဲ့အဖွဲ့တွေမှာ မူဝါဒ၊ လမ်းစဉ်၊ ပန်းတိုင်ဟာ တစ်ခါတစ်လေမှာ မပြတ်မသားဖြစ်နေတာမျိုးတွေတွေ့ရတယ်။
အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ပြီးနောက် အင်အားကောင်းကောင်းပေါ်လာဖို့ မျှော်လင့်ကြတာတွေလည်း ရှိတယ်ပေါ့ဘုရား။ အရှင်ဘုရားကို အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တစ်ယောက်လို့
အားလုံးက လက်ခံထားတဲ့အတွက် အရှင်ဘုရားက အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – အဓိကကတော့တို့ မဘသ(ဗဟို)နှိပ်ကွပ်ခံရတဲ့အပိုင်းမှာ အမျိုးသားရေးအဖွဲ့ သေးသေးလေးတွေက လွင့်စင်ကုန်တာပေါ့နော်။
အဲဒီတော့ ပြန်ပြီး စုစည်းဖို့ လိုတာပေါ့နော်။ စုစည်းဖို့ဆိုတာလည်း မဘသကနေ ဖောင်ဒေးရှင်းအဖြစ်ပြောင်းလဲသွားတဲ့အခါမှာ ပရဟိတဘက်ကို
ဦးစားပေးပြီး လုပ်သွားတဲ့အပိုင်းတွေလည်း ရှိတော့ စုစည်းဖို့ ခက်သွားတာပေါ့။ အမျိုးသားရေးအင်အားစုလေးတွေ အားလုံး စုစည်းနိုင်ဖို့အတွက်
အင်အားတောင့်တင်းမယ့်အဖွဲ့အစည်းကြီးတစ်ခု၊ အားကိုးအားထားပြုနိုင်လောက်တဲ့အဖွဲ့အစည်းကြီးတစ်ခု လိုအပ်လာတာပေါ့။
အဲဒီလိုအဖွဲ့အစည်းကြီးတစ်ခုပေါ်လာပြီး အားကိုးအားထားပြုလို့ရလောက်ပြီဆိုလို့ရှိရင် ဒီအဖွဲ့လေးတွေက ပြန်ပြီး စုစည်းမိသွားမှာပါ။
အဲဒီအချိန်ဆိုရင်တော့ ပိုပြီး သိပ်သိပ်သည်းသည်းနဲ့ အားကောင်းလာမှာပါနော်။

မေး- သီဟိုဋ္ဌ်ဆရာတော်တွေလာရောက်တွေ့ဆုံတုန်းက မေးသွားတဲ့ ရခိုင်ဖြစ်ရပ်မှန်အကြောင်း၊ ကမ္ဘာ့မီဒီယာများဘာကြောင့် မမှန်သတင်းလွှင့်နေရလဲဆိုတာနဲ့ အစ္စလာမ်မိုက်ဇေးရှင်းခြိမ်းခြောက်ခံရမှု
နိုင်ငံတကာရှိ ဗုဒ္ဓဘာသာများကို ပြောလိုတဲ့စကား …ဆိုတဲ့ မေးခွန်းတွေမေးသွားတယ်လို့ သိရပါတယ်ဘုရား အဲဒီမေးခွန်းတွေရဲ့ အဖြေကို အနှစ်ချုပ်လေး ပြန်ပြောပေးပါဦးဘုရား။
ဖြေ – သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်ပုံကို အစပျိုးပြီးတော့ ဟိနူရွာလုံးကျွတ် နှစ်ရွာ အသတ်ခံရတယ်။ အဲဒီထဲမှာမှ ရွာတစ်ရွာက လုံးဝ အလောင်းပြန်ရှာဖို့ မရသေးဘူး။
ရွာတစ်ရွာကတော့ တစ်ဝက်ပဲ မြေကြီးထဲကနေ တူးဖော်ပြီး ရရှိသေးတယ်။ နောက် အသတ်ခံရတဲ့လူတွေရဲ့ မိသားစုတွေက အိမ်ကို ရွာကို မပြန်ချင်ကြဘူး။
ဒါပမေယ့် အစိုးရက ပြန်လွှတ်နေတယ်။ အစိုးရက ပြန်လွှတ်တဲ့အတွက် အစိုးရကိုကြောက်လို့ ပြန်ရတဲ့အခါမှာ ဟိုရောက်တဲ့အခါ ကုလားသတ်လို့သေမှာ ကြောက်နေရတယ်ပေါ့။
အဲဒီ ရခိုင်ရဲ့ ပကတိအခြေအနေကို ပြောပြတာက နံပါတ်တစ်ပေါ့နော်။

နံပါတ်နှစ်ကတော့ ကမ္ဘာမီဒီယာတွေရဲ့ နောက်ကွယ်က လက်မည်းကြီးတွေ ရှိတဲ့အကြောင်းပေါ့့။ အဲဒီ လက်မည်းကြီးတွေက ရေနံသူဌေးတွေဖြစ်တဲ့အကြောင်း၊
သူတို့တတွေက ဂျီဟတ်ဝါဒီတွေဖြစ်တဲ့အကြောင်း၊ ဂျီဟတ်ဝါဒီသူဌေးကြီးတွေက မြန်မာပြည်ကို မွတ်ဆလင်နိုင်ငံလုပ်ဖို့အတွက်ကို ရခိုင်စ ဖဲ့ထုတ်ယူဖို့အတွက်
ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကို သတင်းအမှောင်ချပြီး ထိန်းချုပ်ထားတယ်ဆိုတဲ့အကြောင်းပေါ့။

နံပါတ်သုံးကတော့ ၁၉၃၈ တုန်းက ကုလားဗမာအဓိကုရုဏ်းဖြစ်ရတဲ့အကြောင်းတွေပြောပြတယ်။ ၁၉၄၂ ခု ပထမဆုံး လူမျိုးတုန်းသတ်ဖြတ်မှုကို
ရခိုင်တွေ ခံခဲ့ရတယ်ဆိုတာကို ပြောပြတယ်။ ဒီကနေ့ နောက်ပိုင်းအခြေအနေအထိ သုံးသပ်ပြလိုက်တာပေါ့နော်။

ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။