သတင်း

သဟာယကျောင်း အရုဏ်ဆွမ်းအလှူ

တန်ဆောင်မုန်းလပြည့်ကျော်(၁၃)ရက် 16.11.2017 မနက် ၆း၀၀ နာရီ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း စာသင်သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ခေါပုပ်နှင့်ငါးခြောက် ကပ်လှူပါတယ်။
စာသင်သံဃာတော်များအား ခေါပုပ်နှင့်ငါးခြောက် ကပ်လှူသော အလှူရှင်ကတော့ ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဖြစ်ပါတယ်။
ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဟာ စာရေးသူအား နေ့စဉ် အရုဏ်ဆွမ်းအဖြစ် နွားနို့ဆန်ပြုတ် ကပ်လှူသောမိသားစုဖြစ်ပြီး မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ နေ့ဆွမ်းကိုလည်း တစ်လတစ်ကြိမ် ဆက်ကပ်လှူဒါန်းပါတယ်။
ဒကာကြီးဦးမြင့်ကတော့ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းကျူရှင်ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရင်း မြန်မာစာ စာစီစာကုံး သင်ပြပေးနေပါတယ်။
ဦးမြင့်+ဒေါ်တင်လှ မိသားစုနှင့်အတူ အလှူရှင်အသီးသီး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။