Monthly Archives: August 2018
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်းရှင်များ ဆွေးနွေးပွဲ
ဝါခေါင်လဆန်း ၇ ရက် (18.8.2018 ရက်နေ့၊ မန္တလေးမြို့၊ ချမ်မြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ Fresher တန်းပြ ဆရာ ဆရာမများနှင့် ဆွေးနွေးတိုင်ပင်ကြတာပါ။ Eng ပြ ဆရာတော်လေး ဦးဝေပုလ္လ၊ မြန်မာစာပြ ဆရာတော်လေး ဦးဇနက အမှူးရှိသော ဆရာ ဆရာမများ စည်းဝေးကြတာဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ မှာ Fresher တန်း ၄၂ ယောက် ဖြေဆိုရာမှ ၂ ယောက်သာ အောင်မြင်ခဲ့ပါတယ်။ (၎င်း ၂ ယောက်အနက် ၁ ယောက်က တစ်ဘာသာဂုဏ်ထူးထွက်ပါတယ်။) Repeater တန်းက ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နေ ဦးအေးနိုင်+ဒေါ်ယဉ်ယဉ်အေး မိသာစုမှ အလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (4.8.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း မွေးနေ့အရုဏ်ဆွမ်းအလှူ
ဝါခေါင်လဆန်း ၇ ရက် (18.8.2018)ရက်နေ့၊ မနက် ၆း၃၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဆရာတော် သံဃာတော်များကို မုန့်ဟင်းခါးအရုဏ်ဆွမ်းကပ်လှူတာပါ။ သံဃာတော်များကို ဆွမ်းကပ်အပြီးမှာ ဆရာ ဆရာများ ကျောင်းသားကျောင်းသူများအား ဆက်လက်ကျွေးမွေးပါတယ်။ အလှူရှင်က စာရေးသူရဲ့တပည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း၊ (အောင်ပင်လယ်ဈေးအရှေ့ဘက်)နေ ကိုသော်တာ+မဇင်မာ၊ သမီး မမေဇင်သွန်း (သော်တာ ဆိုင်ကယ်ပြုပြင်ရေးနှင့် ဝါယာရိန်း) မိသားစုဖြစ်ပါတယ်။ သမီးလေး မမေဇင်သွန်းရဲ့ (၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကပ်လှူတာဖြစ်ပါတယ်။ အလှူရှင်မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်ဝ်…။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၀
(2.8.2018) မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ ၁၂၅/ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကိုအောင်အောင် မိသားစုမှ အလှူငွေ ၃၀၀၀၀ိ (သုံးသောင်းကျပ်)လှူဒန်းပါသည်။  မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
သတင်း
ပြိုင်ပွဲဝင်ကဗျာများ (၂၀)
“သွေးကြောင်သူများမလာရ” မြင့်မြတ်စိတ်ထား ကြင်နာပွား၍ ဘိုးဘွားအမွေ ဓွန့် ကြာရှည်အောင် မနေမနား သူကြိုးစားခဲ့။ မျိုးဂုဏ်မဖျက် ဂုဏ်ရှည်တက်ဖို့  တွဲလက်ညီညာ မြန်ပြည်သာ၍ ဘာသာတန်ခိုး ရောင်မညိုးအောင် အားကြိုးမာန်တက် ရှေ့ သို့ ဆက်ခဲ့။ ဖြူမည်းမရော သွေးမနှောဘဲ ချစ်သောမြန်ပြေ(ပြည်) လှပန်းဝေဖို့  ခါနွေပူကြမ်း ခရောင်းလမ်းလည်း လျှောက်လှမ်း ကြည်သာ ပြည်ကျိုးရှာခဲ့။ သူရသတ္တိ ဝီရရှိလို့  မိုးထိစွန့် စား မျိုးချစ်အားနဲ့  ရိုးသားလူ့ ဘောင် ရှေ့ သို ...
သတင်း
“အသင်လူသားသတိထား” လောကလူ့ ဘုံ ခဏကြုံခိုက် အဆိုးအကောင်း ဒုက္ခပေါင်းကို ခံစားတွေ့ ကြုံ အမြဲဆုံသော် ဆင်ခြင်ပိုင်းခြား မပြုငြား၍ ကံကြမ္မာဆိုး လက်ညှိုးထိုးကာ ဘာသိဘာသာ နေတုံပါမူ လူဖြစ်သင့်မှာ ရှုံးလိမ့်သာတည်း။ ရတုန်းဘဝ တစ်ခဏတွင် လောကဓံမျိုး ရင်ဆိုင်တိုးလျက် အတ္တပရ ဟိတနှစ်မျိုး ထိုအကျိုးကို သယ်ဆောင်ပိုးကာ စိတ်ဓာတ်မြင့်မား နှလုံးသားဖြင့် ကုသိုလ်ဓမ္မ ပွားများကြ၍ အကုသိုလ်များ ပယ်ရှောင်ရှားသော် လူဖြစ်သင့်မှာ မြတ်လိမ့်သာတည်း။ ကေသရာဇာ(၄၀မြေ) “ပြိုင်ပွဲဝင်ကဗျာများ (၁၉)” “အသင်လူသားသတိထား” လောကလူ့ဘုံ ခဏကြုံခိုက် အဆိုးအကောင်း ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီ၇သူ (မစိုးရိမ်) တည်ထောင်သော ပါရမီပျိုးခင်း သွေးလှူအသင်း၏ (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဝါခေါင်လပြည့်နေ့ (26.8.2018) တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာမှာ ကျင်းပပါမည်။ မေတ္တာဖွေးလက် သွေးတစ်စက် ပေးဆပ်ခဲ့လေသော် ဥပပါရမီ မြတ်ဂုဏ်ရည် ရွှေပြည်နိဗ္ဗာန် ရောက်လေသော်…။ “ပါရမီပျိုးခင်းသွေးလှူအသင်း (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပမည်” ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီ၇သူ (မစိုးရိမ်) တည်ထောင်သော ပါရမီပျိုးခင်း သွေးလှူအသင်း၏ (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဝါခေါင်လပြည့်နေ့ ...
သတင်း
ဒုတိယ ဝါဆိုလဆုတ် ၁၅ရက် (11-8-2018)ရက်နေ့  မွန်းလွဲ ၁း၀၀ နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။ မန်းမ.ဘ.သ ဦးဆောင်ဆရာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ မန်းမ.ဘ.သ ဝိုင်းတော်သူ / သားများ စုပေါင်းဆက်ကပ်တဲ့ပွဲပါ။ အခမ်းအနားက မွန်းလွဲ ၂း၀၀ နာရီမှာ ကျင်းပဖို့ စီစဉ်ထားသော်လည်း စာရေးသူက သွားစရာရှိလို့  အခမ်းအနားမစခင် ကြိုတင်သင်္ကန်းအကပ်ခံခြင်းဖြစ်ပါတယ်။ “မန်းမ.ဘ.သ ဝါဆိုသင်္ကန်းကပ်လှူပွဲ” ဒုတိယ ဝါဆိုလဆုတ် ၁၅ရက် (11-8-2018)ရက်နေ့ မွန်းလွဲ ...
သတင်း
ရာကျော်ဆေး
စိတ်လည်း မတိုနဲ့ စိတ်လည်း မဆိုးနဲ့ စိတ်လည်း မကောက်နဲ့ စိတ်လည်း မယုတ်နဲ့ စိတ်လည်း မညံ့နဲ့ စိတ်လည်း မပျက်နဲ့ စိတ်လည်း ညစ်နဲ့ စိတ်လည်း မကျနဲ့ စိတ်လည်း မကုန်နဲ့ စိတ်လည်း မနာနဲ့ စိတ်လည်း မပူနဲ့ စိတ်လည်း မလေးနဲ့ စိတ်လည်း မလွင့်နဲ့ စိတ်လည်း မဖောက်နဲ့ စိတ်လည်း မကြောက်နဲ့ စိတ်လည်း မကြောင်နဲ့ သတိတရား လက်ကိုင်ထား အရာအားလုံး ဖြစ်ကျော်လွှာ။   ။ ၀ီ၇သူ (မစိုးရိမ်) 15.8.2018 PM ...
သတင်း
မန်းမဟော်သဓာသတင်း
မန်းမဟော် ပညာဒါနကျူရှင်ကျောင်း ရေခဲမုန့်အလှူတော်
ဝါခေါင်လဆန်း ၂ ရက် (13.8.2018)ရက်နေ့၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျွေးမွေးပါတယ်။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း ဆရာ ဆရာမများ၊ ၉-၁၀ တန်း ကျောင်းသားကျောင်းသူများအား ရေခဲမုန့် ကျွေးမွေးတာပါ။ အလှူရှင်ကတော့ မိုးကုတ်ရိပ်သာမှ သဒ္ဓမ္မဝံသ အရှင်ကောသလ္လ (ဘိက္ခုကောသလ္လ)နှင့် ဒကာ ဒကာမများ ဖြစ်ပါတယ်။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းကို မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ထားတာပါ။ အလှူရင် အရှင်ကောသလ္လနှင့် ဒကာ ဒကာမ မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ရေခဲမုန့်အလှူတော်
ဒုတိယဝါဆိုလဆုတ် ၁၅ ရက် (11.8.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျွေးမွေးပါတယ်။ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများအား ရေခဲမုန့်ကျွေးတာပါ။ ဆရာတော်များအား နဝကမ္မဝတ္ထုငွေ တစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။ အလှူရှင်ကတော့ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ယွန်းဝတီရွှေဆိုင်မိသားစုဟာ ပညာရေးအကယ်ဒမီကျောင်းမှာ ထမင်းစား စားပွဲခုံရှည် ၂၅ လုံး+ ပလပ်စတစ်အထူ စားပွဲခင်းများလည်း လှူဒါန်းထားပါတယ်။ (အခု ဓာတ်ပုံထဲမှာ ပါတဲ့ စာပွဲခုံရှည်တွေဟာ ယွန်းဝတီရွှေဆိုင်မိသားစု လှူဒါန်းထားတဲ့ ခုံကြီးတွေဖြစ်ပါတယ်။) ဘုရားဖူးရင်း ...
သတင်း
သတင်း
သဟာယကျောင်း နေ့ဆွမ်းအလှူ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တစိန္တာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ နေ့ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ဆရာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကာ စာသင်သားသံဃာတော်များအား နဝကမ္မဝတ္ထုငွေ တစ်သေင်းကျပ်စီ လှူဒါန်းပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ လှူဒါန်းထားတဲ့ ထမင်းစားပွဲခုံရှည်များအတွက်လည်း တပါတည်း ရေစက်ချ အမျှဝေပါတယ်။ နေ့လည်ပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရောက်ကာ ရေခဲမုန့်ကျွေးဦးမှာပါ။ ဒေါ်အေးအေးသိန်း ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ဗုဒ္ဓဝေယျာဝစ္စကုသိုလ်တော်
ဒုတိယဝါဆိုလဆုတ် ၁၅ ရက် (11.8.2018)စနေနေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာရှိတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသားကျောင်းသူလေးများ ပုထိုးတော်ကြီးမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူကြတာဖြစ်ပါတယ်။ ခါတိုင်း တနင်္ဂနွေနေ့မှာ ကုသိုလ်ပြုကြပေမယ့် ဝါတွင်းကာလဖြစ်နေလို့ ကျောင်းပိတ်ရက်ပြောင်းလဲသတ်မှတ်ကာ  ဥပုသ်နေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ အဖိတ် ဥပုသ်တိုင်းကျောင်းပိတ်ပြီး အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပေးပါတယ်။ သင်ကြားပေးသူကတော့ မင်းကွန်းတိုက်နယ် ချောင်းမကြီးကျေးရွာ မဟာသာလဘုန်းတော်ကြီးပညာရေးကျောင်းဆရာတော်လေး အရှင်ကုဏ္ဍလ(နိုင်ငံတကာငြိမ်းချမ်းရေးဆုရှင်)ဖြစ်ပါတယ်။ ၅-၆-၇ တန်း၊ ၈တန်း ကျောင်းသူကျောင်းသားများကို အသုတ်ခွဲသင်ကာ ဆရာမများကို သီးခြားသင်ကြားပေးပါတယ်။ လောလေးဆယ်တော့ ၉-၁၀ တန်းအတွက် ...
သတင်း
ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (10.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ပထမထပ်မှာ ကျင်းပပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်ကုသတာပါ။ ဓမ္မပါကဋကျောင်းနာယကဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသ ဦးဆောင်ပြုလုပ်တာပါ။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသလည်း ကြွရောက်ချီးမြှောက်ပါတယ်။ စာသင်သားသံဃာတော်များ ပရိယတ္တိပညာရေး စွမ်းစွမ်းတမံ ဆည်းပူးနိုင်ရန် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများလှူဒါန်းကာ ကိုယ်တိုင်ကိုယ်ကျ ဆေးကုသပေးတာဖြစ်ပါတယ်။ “နယ်လှည့်ဆေးကုသရေးအဖွဲ့ မစိုးရိမ်တိုက်သစ်သို့ လာရောက်ကုသပေး” ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (10.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ...
သတင်း
သတင်း
ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မစိုးရိမ်တိုက်သစ် ပထမအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ အောင်မြင်ခဲ့ကြတဲ့ တပည့်လေးများဖြစ်ပါတယ်။ ကိုရင်သေးသေးလေးက ရှင်စန္ဒာသီရိ (ရှင်ကျင့်ဝတ်အောင်) ကိုရင်သေးသေးလေးရဲ့ဘေးက အရှင်တေဇောဘာသ (အကြီးတန်း တတိယအောင်) ညာဘက်စွန်း မျက်မှန်နဲ့ကိုရင်က ရှင်ဝရသေဋ္ဌ (သာမဏေကျော် ဒုတိယဆင့်အောင်) စာရေးသူရဲ့ညာဘက်ဘေးကပ်ရပ်က အရှင်ဝိသေဋ္ဌ (စာသင်တန်းအောင်) သင်္ကန်းခြင်း တစ်ခုစီ ဆုပေးပါတယ်။ သဟာယ တပည့်လေးများ၏ အောင်မြင်မှု ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မစိုးရိမ်တိုက်သစ် ပထမအကြိမ် ...
နဂါးနီစုဘူးသတင်း
မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီ၇သူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (8.8.2018) မွန်းလွဲ(၃း၃၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောင် အရှင်ခေမိန္ဒ(ဝီ၇ခေမိန်)နှင့် မာလကာခြံ နဂါးနီ EC များ တက်ရောက်ကြပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၅၉)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၈)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၇၇)ဦးရှိပြီး ...
သတင်း