မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း







“ပညာရေးအကယ်ဒမီကျောင်း ဗုဒ္ဓဝေယျာဝစ္စကုသိုလ်တော်”

ဒုတိယဝါဆိုလဆုတ် ၁၅ ရက် (11.8.2018)စနေနေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာရှိတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသားကျောင်းသူလေးများ ပုထိုးတော်ကြီးမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူကြတာဖြစ်ပါတယ်။

ခါတိုင်း တနင်္ဂနွေနေ့မှာ ကုသိုလ်ပြုကြပေမယ့် ဝါတွင်းကာလဖြစ်နေလို့ ကျောင်းပိတ်ရက်ပြောင်းလဲသတ်မှတ်ကာ ဥပုသ်နေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ အဖိတ် ဥပုသ်တိုင်းကျောင်းပိတ်ပြီး အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပေးပါတယ်။

သင်ကြားပေးသူကတော့ မင်းကွန်းတိုက်နယ် ချောင်းမကြီးကျေးရွာ မဟာသာလဘုန်းတော်ကြီးပညာရေးကျောင်းဆရာတော်လေး အရှင်ကုဏ္ဍလ(နိုင်ငံတကာငြိမ်းချမ်းရေးဆုရှင်)ဖြစ်ပါတယ်။ ၅-၆-၇ တန်း၊ ၈တန်း ကျောင်းသူကျောင်းသားများကို အသုတ်ခွဲသင်ကာ ဆရာမများကို သီးခြားသင်ကြားပေးပါတယ်။ လောလေးဆယ်တော့ ၉-၁၀ တန်းအတွက် မပါသေးပါ။

ဥပုသ်နေ့တိုင်းမှာ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်က သင်ကြားပေးတာပါ။ ကျောင်းအုပ်ဆရာတော်လေး ဦးသောဘိတ ကြီးကြပ်ဆောင်ရွက်ပါတယ်။ ဓမ္မစကူးလ်ပြီးမှ ဗုဒ္ဓဝေယျာဝစ္စ ကုသိုလ်ယူကြတာပါ