သတင်း










“သဟာယကျောင်း နေ့ဆွမ်းအလှူ”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တစိန္တာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။

နေ့ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ဆရာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကာ စာသင်သားသံဃာတော်များအား နဝကမ္မဝတ္ထုငွေ တစ်သေင်းကျပ်စီ လှူဒါန်းပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ လှူဒါန်းထားတဲ့ ထမင်းစားပွဲခုံရှည်များအတွက်လည်း တပါတည်း ရေစက်ချ အမျှဝေပါတယ်။ နေ့လည်ပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရောက်ကာ ရေခဲမုန့်ကျွေးဦးမှာပါ။

ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု၏ အလှူဒါနကို အွန်လိုင်းပရိသတ်ကြီးအား အမျှအတန်းပေးဝေပါတယ်။ အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြသူ ပရိသတ်အားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်ဝ်…။