Daily Archives: August 13, 2018
သတင်း
သဟာယကျောင်း နေ့ဆွမ်းအလှူ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တစိန္တာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ နေ့ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ဆရာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကာ စာသင်သားသံဃာတော်များအား နဝကမ္မဝတ္ထုငွေ တစ်သေင်းကျပ်စီ လှူဒါန်းပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ လှူဒါန်းထားတဲ့ ထမင်းစားပွဲခုံရှည်များအတွက်လည်း တပါတည်း ရေစက်ချ အမျှဝေပါတယ်။ နေ့လည်ပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရောက်ကာ ရေခဲမုန့်ကျွေးဦးမှာပါ။ ဒေါ်အေးအေးသိန်း ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ဗုဒ္ဓဝေယျာဝစ္စကုသိုလ်တော်
ဒုတိယဝါဆိုလဆုတ် ၁၅ ရက် (11.8.2018)စနေနေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာရှိတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသားကျောင်းသူလေးများ ပုထိုးတော်ကြီးမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူကြတာဖြစ်ပါတယ်။ ခါတိုင်း တနင်္ဂနွေနေ့မှာ ကုသိုလ်ပြုကြပေမယ့် ဝါတွင်းကာလဖြစ်နေလို့ ကျောင်းပိတ်ရက်ပြောင်းလဲသတ်မှတ်ကာ  ဥပုသ်နေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ အဖိတ် ဥပုသ်တိုင်းကျောင်းပိတ်ပြီး အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပေးပါတယ်။ သင်ကြားပေးသူကတော့ မင်းကွန်းတိုက်နယ် ချောင်းမကြီးကျေးရွာ မဟာသာလဘုန်းတော်ကြီးပညာရေးကျောင်းဆရာတော်လေး အရှင်ကုဏ္ဍလ(နိုင်ငံတကာငြိမ်းချမ်းရေးဆုရှင်)ဖြစ်ပါတယ်။ ၅-၆-၇ တန်း၊ ၈တန်း ကျောင်းသူကျောင်းသားများကို အသုတ်ခွဲသင်ကာ ဆရာမများကို သီးခြားသင်ကြားပေးပါတယ်။ လောလေးဆယ်တော့ ၉-၁၀ တန်းအတွက် ...
သတင်း
ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (10.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ပထမထပ်မှာ ကျင်းပပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်ကုသတာပါ။ ဓမ္မပါကဋကျောင်းနာယကဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသ ဦးဆောင်ပြုလုပ်တာပါ။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသလည်း ကြွရောက်ချီးမြှောက်ပါတယ်။ စာသင်သားသံဃာတော်များ ပရိယတ္တိပညာရေး စွမ်းစွမ်းတမံ ဆည်းပူးနိုင်ရန် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများလှူဒါန်းကာ ကိုယ်တိုင်ကိုယ်ကျ ဆေးကုသပေးတာဖြစ်ပါတယ်။ “နယ်လှည့်ဆေးကုသရေးအဖွဲ့ မစိုးရိမ်တိုက်သစ်သို့ လာရောက်ကုသပေး” ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (10.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ...
သတင်း