သတင်း





“နယ်လှည့်ဆေးကုသရေးအဖွဲ့ မစိုးရိမ်တိုက်သစ်သို့ လာရောက်ကုသပေး”

ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (10.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ပထမထပ်မှာ ကျင်းပပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်ကုသတာပါ။

ဓမ္မပါကဋကျောင်းနာယကဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသ ဦးဆောင်ပြုလုပ်တာပါ။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသလည်း ကြွရောက်ချီးမြှောက်ပါတယ်။

စာသင်သားသံဃာတော်များ ပရိယတ္တိပညာရေး စွမ်းစွမ်းတမံ ဆည်းပူးနိုင်ရန် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများလှူဒါန်းကာ ကိုယ်တိုင်ကိုယ်ကျ ဆေးကုသပေးတာဖြစ်ပါတယ်။