သတင်း

အိမ်တွင်းရေးပြဿနာ အိမ်ရှင်မှာပဲတာဝန်ရှိသည်

မင်းတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင် ငါတို့နိုင်ငံဟာ ဇရပ်မဟုတ်ဘူး။ ကိုယ့်အိမ်တွင်းရေး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းမယ်။ ဘယ်သူစိမ်းမှ ဝင်ပါစရာမလိုဘူး။ ဝင်ပါချင်တဲ့ သူစိမ်းဆိုတဲ့သူတွေဟာလည်း ကျူးကျော်ချင်နေသူတွေပဲ။ ကိုယ့်အိမ်တွင်းရေးပြဿနာ ကိုယ်ကိုယ်တိုင်ဖြေရှင်းခွင့်ရှိတယ်။

ကိုယ့်အိမ်တွင်းရေးပြဿနာ သူတစ်ပါးဖြေရှင်းတာကို လက်ခံစရာမလိုဘူး။ ကယ်ပါယူပါ အော်ဟစ်အကူအညီတောင်းရလောက်အောင် ငါတို့တတွေဟာ ညံ့တဲ့လူမျိုးတွေမဟုတ်ဘူး။ သူများအိမ်ကို ကျူးကျော်နယ်ချဲ့ချင်တာနဲ့ တောင်အော်မြောက်အော် အော်မယ်မကြံနဲ့။

မနေချင်ရင် ထွက်သွားပါ။ မင်းတို့ကို ပင့်ဖိတ်ခေါ်ယူထားသူတစ်ယောက်မှ မရှိဘူး။ ဒီနိုင်ငံမှာနေလို့ ဒီလိုအနိုင်ကျင့်ခံရတယ်လို့ ခံစားနေရတယ်ဆိုရင် မင်းတို့ကိုမေတ္တာထားနေတဲ့ မင်းတို့ရဲ့အမျိုးတွေဆီမှာပဲ သွားနေပါ။ ကိုယ့်အိမ်ထဲခွေးအဝင်မခံနိုင်လို့ ခြံတံခါးပိတ်ထားတာကို မတရားဘူးလို့ထင်နေရင် မှားလိမ့်မယ်။

ဒီလောက်ပဲပြောလိုက်မယ်နော်။ ဒီထက်ပိုပြောစေချင်ရင် နောက်တစ်မျိုးထပ်တင်လိုက်ပါ။

ဝီရသူ(မစိုးရိမ်)
6.7.2017
PM 8:46

==========================================================
ဗူးပေါ်သလို ပေါ်ကုန်မှာစိုးလို့ ကုလသမဂ္ဂကို ၀င်ခွင့်မပေးပဲ ငြင်းဆိုနေတာလား မြန်မာအစိုးရ
=================================================

အယ်ဒီတာအဖွဲ့
Moe.Z.Y
ဖုန်းကွယ်စရာ ဘာအကြောင်းမှ မရှိဖူးဆိုရင်၊ နိုဗလ်ဆုရှင်တစ်ယောက်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကိုလာပြီး ကုလ စုံစမ်းစစ်ဆေးသူတွေကို ဘာကြောင့် ၀င်ခွင့် မပေးရပါလိမ့်။
မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေးဘက်ကို ကူးပြောင်းစဉ်အခါတုန်းက၊ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ပဋိပက္ခကို အသစ်တက်လာတဲ့ အစိုးရကတော့ ဖြေရှင်းပေးတော့မှာပဲလို့ လူအများကြီးက မျှော်လင့်ထားခဲ့ကြတယ်။
လူထုခေါင်းဆောင် ယခင် နိုဗာလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်တွင်းမှာ နှစ်ပေါင်း များစွာ နေထိုင်လာခဲ့ကြသော်လည်းပဲ တိုင်းပြည်ရဲ့ အပယ်ခံဘ၀ ရောက်နေရှာတဲ့ မွတ်စလင်လူမျိုးတွေရဲ့ ရပိုင်ခွင့် အခွင့် ရေးတွေအတွက် တိုက်ပွဲဝင်ပေးလိမ့်မယ်လို့ လူအများကြီးက ယုံကြည်မျှော်လင့်ခဲ့ကြတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရက်-၁၀၀ မြောက် အုပ်ချုပ်ရေးအပီးမှာပဲ ငြိမ်းချမ်းရေး မျှော်လင့်ချက်အားလုံးဟာ သဲထဲ ရေသွန်ဖြစ်သွားခဲ့ရပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သိသိသာသာ သြဇာအာဏာကို ချုပ်ကိုင်လာတဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေရဲ့ ကြေနပ်နှစ်သိမ့်မှု့ရအောင်လို့ ဆိုပီး ရိုဟင်ဂျာလို့ သုံးတာကိုလည်း တားမြစ်ခဲ့ပါတယ်။
သူမရဲ့ လူ့အခွင့်ရေးကို ထောက်ခံအားပေးတဲ့ လုပ်ရပ်တွေကြောင့် နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ၁၅ နှစ်တာ နေခဲ့ရတဲ့ အောင်ဆန်းစုကြည်ဟာ အသိမှတ်ပြုမခံရတဲ့ မွတ်စလင်လူနဲစု အရေးအတွက် ဗုဒ္ဓဘာသာ လူများစုကြီးကို ဖယ်ကျဉ်မထား နိုင်တာ လုံးဝ ရှင်းပါတယ်။
အမှန်စင်စစ်တော့ ၊ မြန်မာနိုင်ငံကနေ ရရှိလာတဲ့ နောက်ဆုံးသတင်းများအရ၊ သူမဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို ခွဲခြားဆက်ဆံတဲ့နေရာမှာ ကြံရာပါ တစ်ယောက်ဖြစ်ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီးတစ်ယောက်ဖြစ်နေတဲ့ စုကြည်ဟာ မကြာသေးခင်ကမှ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာစစ်သား တွေက ဖမ်းဆီး ၊နှိပ်စက် သတ်ဖြတ်ညှင်းဆဲ၊ မုဒိန်းကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့ အပေါ်မှာ စုံစမ်းစစ်ဆေးရအောင်လို့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ဝင်တွေ ၀င်ရောက်ခွင့်ကိုလည်း ပြည်ဝင်ခွင့်မပေးပဲ ညင်းဆန်ခဲ့ပါတယ်။
“ကုလ အချက်လက်ရှာဖွေရေးအဖွဲ့နဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက်ကို လွှတ်မယ်ဆိုရင်၊ သူတို့ကို လာခွင့်ပေးဖို့ ကျွန်ုပ်တို့မှာ အကြောင်းရင်း မရှိဘူးခင်ဗျ” လို့ မြန်မာ့နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကျော်ဇေယျက ပြောခဲ့ပါတယ်။
“တကမ္ဘာလုံးက ကျွန်ုပ်တို့ သွားနေတဲ့ အဖွဲ့တွေကိုလည်း ဒီအတိုင်းပဲ တိုက်တွန်းတယ်။” လို့ သူက ထပ်ပြောတယ်။
ကုလသမဂ္ဂ စုံစမ်းရေး မစ်ရှင်အဖွဲ့ဟာ ရခိုင်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင် တွေကို စစ်တပ်က အငြင်းပွားဖွယ်ရာ ဖြိုခွင်းမှု့ပြုလုပ်အပီးမှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အစုလိုက် အပြုံလိုက်သေဆုံးပြီး ရာပေါင်းများစွာသော အခြားသူများ စုစုပေါင်း ခုနစ်သောင်းခွဲလောက်ဟာ အိုးပစ်အိမ်ပစ် နဲ့ အိမ်နီးချင်းတိုင်းပြည်ကို ခိုလှုံဖို့အတွက် ထွက်ပြေးခဲ့ကြရပါတယ်။ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာသူများကတော့ ရိုဟင်ဂျာ မွတ်စလင်တွေကို စနစ်တကျ လူမျိုးဖြုတ်သတ်ဖြတ်နေတဲ့ တစ်စိတ်တပိုင်း အဖြစ်ယုံကြည်နေပါတယ်။
မြန်မာ စစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အိမ်တွေကို မီးရှို့ခြင်း၊ တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ အမျိုးသမီးတွေကိုလည်း မုဒိန်းကျင့်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေကို စောစောက ပြောထားတဲ့အတိုင်း ညှင်းပန်းနှိပ်စက်မှု့တွေ မရေမတွက်နိုင်အောင် ထွက်ပေါ်လာ ခဲ့ပေမဲ့၊ စုကြည်ကတော့ ထုံးစံအတိုင်း တုံဏှိဘာဝေ လုပ်ပီး ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့အား တိုင်းပြည်ကို လာခွင့်ပေးဖို့ စိတ်မပါ လက်မပါ ဖြစ်နေပြီး မတူညီတဲ့ အသိုင်းဝိုင်းနှစ်ခုကြားမှာ ဒီထက်ပိုဆိုးတဲ့ ရန်လိုမှု့တွေသာ ဖန်တီးရာကျမယ်လို့ ညင်းဆန်နေပါတယ်။ (ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီးတော့ ထိန်ချန်ထားတာကရော ပြသနာကို ဖြေရှင်းတဲ့ နေရာမှာ အထောက်ကူ ဖြစ်လို့လား? လုံးဝ မဟုတ်ဘူး)
မြန်မာအစိုးရ အနေနဲ့ ဖုံးကွယ်ထားစရာ မရှိဖူးဆိုရင်၊ အောင်ဆန်းစုကြည်က ဘာလို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လာရောက် စုံစမ်းဖို့ ခွင့်မပေးရတာလဲ?
Why Is Myanmar Refusing A UN Probe If There Is No Rohingya Genocide?
ကို ဘာသာပြန်ဆိုထားပါသည်။
https://www.facebook.com/MyanmarMuslimMedia2/posts/1722897677750689:0