သို့
သမ္မတကြီး ဦးထင်ကျော်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ခင်ဗျား…

ကရင်ပြည်နယ် မဘသကို
ရာဇသံပေးခြင်းအတွက်
ဖြစ်လာနိုင်သည့်အခြေအနေများမှာ
လွန်စွာ စိုးရိမ်ဖွယ်ရာကောင်းသည့်
ဆိုးကျိုးများဆီသို့ဦးတည်နေပြီဖြစ်
ကြောင်းတင်ပြအပ်ပါသည် ။

ကရင်ပြည်နယ်သည်
ဘာသာရေးနှင့်ပတ်သက်လျှင်
အထိမခံအောင် အကဲဆတ်ပါသည်။
KNU သမိုင်းတွင်ဘာသာရေးကြောင့်
သွေးချောင်းစီးအကွဲအပြဲများ
ဖြစ်ခဲ့သည်မှာထင်ရှားသည့်သာဓက
ဖြစ်ပါ၏ ။

သည်ကနေ့
ဆရာတော်ကြီးကို (ဆရာတော်ကြီးဘက်က)
အကာအကွယ်ပေးနေတဲ့အဖွဲ့အစည်းများအား
ကြည့်မယ်ဆိုပါလျှင် –

၁။ ကရင်ပြည်နယ်သံဃာထု
၂။ တစ်ပြည်လုံးမှမဘသသံဃာများ
၃။ တစ်ပြည်လုံးကအမျိုးသားရေးအင်အားစုများ
၎။ နယ်ခြားစောင့်တပ် BGF
တို့ဖြစ်ပါသည် ။

ကရင်ပြည်နယ်အစိုးရမှ
မဘသဆိုင်းဘုတ်များဖြုတ်ရေး
အတွက် မူလအစီအစဉ်အတိုင်း
ပြည်ထဲရေးကိုအင်အားသုံး
ကိုင်တွယ်စေမည်ဆိုပါလျှင်
အောက်ဖော်ပြပါပြဿ နာများ
မလွဲမသွေကြုံတွေ့ရမည်ဖြစ်ပါသည် ။

၁။ ကရင်ပြည်နယ်ကသံဃာထုနှင့်
ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မည်။
၂။ တစ်ပြည်လုံးကအမျိုးသားရေးသမား
တွေ အုံကြွလာပါလိမ့်မည်။
၃။ သံဃာများတစ်စုံတစ်ရာသွေးထွက်သံယို
ဖြစ်ခဲ့လျှင် BGF တပ်တွေပါလာပါလိမ့်မည် ။
(သူတို့ကသူတို့ယုံကြည်ကိုးကွယ်မှုမှာတော့
တစ်ဘက်မြင်ရှိသူတွေဟုနာမည်ရှိပါသည်။)
ကရင်ပြည်နယ်တွင်ငြိမ်းချမ်းမှုပျက်ပြားကာ
သေနတ်သံများပြန်၍ လွှမ်းပါလိမ့်မည် ။
၎။ မြို့ကြီးများမှာ ရွှေဝါရောင်အရေးအခင်းကဲ့သို့
သံဃာများ လမ်းပေါ်ရောက်လာပါလိမ့်မယ် ။

ကျွန်တော်တို့ နိုင်ငံတွင်ယနေ့ကြိုးပမ်းနေသော
၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
၂။ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်
၃။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်
၎။ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်
များအားလုံးကိုထိခိုက်နိုင်ပြီး
အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ကြဖို့သာ
ရှိပါသည်။

မဘသဆိုင်းဘုတ်ဖြုတ်ရေးအတွက်နှင့်
၁။ ကျွန်တော်တို့ နှစ်ရှည်လများရင်းနှီးပေးဆပ်
ပြီး တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေး
၂။ နေ့စဉ် စိုးရိမ်နေရသည့်တရားဥပဒေစိုးမိုးရေး
၃။ ပြည်သူပဓာနဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှု
တို့ကို လဲလှယ်ရန် ဖြစ်နေပါသည် ။

တိုင်းပြည်ဥသျှောင်ကြီးများခင်ဗျား…
ကရင်ပြည်နယ်မှ မဘသဆိုင်းဘုတ်များဖြုတ်ရေးကို
သည်းကြီးမဲကြီးလုပ်ဆောင်နေခြင်းသည်
ရှုပ်ထွေးသောအခြေအနေများနှင့်
အနိဌာရုံများဆီသို့သာ ဦးတည်နေပါသဖြင့်
ပေါက်ဆိန်နှင့်ပေါက်ရသည့်အခြေအနေမျိုး
မရောက်မီ လိုအပ်သောညှိနှိုင်းစီမံမှုများပြု၍
နိုင်ငံတော် ၊ကရင်ပြည်နယ်နှင့် ဒေသခံလူထုများအား အကာအကွယ်ပေးကြပါရန် ပြည်သူတစ်ဦး
အနေဖြင့် လေးစားစွာ
တင်ပြမေတ္တာရပ်ခံအပ်ပါသည် ။

အမတ်ဒိန်
ဦးနေလင်း
၁၂/မဂဒ(နိုင်) ၀၀၃၄၁၉
ဆပ်သွားတောကျေးရွာ
မှော်ဘီမြို့ ။