သတင်း




“မစိုးရိမ်တိုက်သစ် ဆွမ်းအလှူ”

ဒုတိယဝါဆိုလဆုတ် ၁၃ရက်၊ 9.8.2018 ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ သံဃာတော်များအား ဆွမ်းလောင်းလှူကာ နဝကမ္မဝတ္ထု လေးထောင်ကျပ်စီလည်း လှူဒါန်းပါတယ်။

နာယကဆရာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပါတယ်။ အလှူရှင်ကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၀×၇၁ လမ်းကြား၊ ကိုအိုက်ပီ+မလီချင်း၊ သမီး မအေးအေးမြ၊ သား မောင်မျိုးမင်းသန့်၊ မောင်မျိုးမင်းခန့် မိသားစုဖြစ်ပါတယ်။