မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ပညာရည္ခြၽန္ဆုေပးပြဲ (၂)

ဆက္လက္၍ ကရင္ျပည္နယ္မွ ေက်ာင္း လာတက္ေသာ ရခိုင္တိုင္းရင္းသူေလး မေအ မီမီဟန္ (အ႒မတန္း)က အဂၤလိပ္စကားေျပာ ထူးခြၽန္ဆုရရွိျခင္းအတြက္ ေက်းဇူးတင္စကား ကို အဂၤလိပ္ဘာသာျဖင့္ ပီသၾကည္ျမစြာ ေျပာၾကားသြားသည္။

ထူးခြၽန္ဆရာဆုရ ဆရာ ဦးေအးျမင့္ႏိုင္ႏွင့္ တကၠသိုလ္ဝင္တန္းအား ဆယ္ႏွစ္တိုင္တိုင္ႀကိဳးစား ေျဖဆိုခဲ့ၿပီးေနာက္ ပညာေရးအကယ္ဒမီတြင္ တက္ေရာက္သင္ယူ ေျဖဆိုခ်ိန္ၾကမွ ဂုဏ္ထူးတစ္ဘာသာ(ဇီဝေဗဒ)ျဖင့္ ေအာင္ျမင္ခဲ့သူ မခင္ခ်ိဳသက္တို႔က ေက်းဇူးတင္စကား ေျပာၾကားၾကသည္။

ထို႔ေနာက္ ဗုဒၶသာသနံ စိရံတိ႒တုသံုးႀကိမ္ ရြတ္ဆို၍ ဆုေပးအပ္ပြဲ အခမ္းအနား ေအာင္ျမင္စြာ က်င္းပၿပီးစီးသည္။

ဆက္လက္၍ အခမ္းအနား ဒုတိယပိုင္း အျဖစ္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား စတင္ရာ ႐ုပ္ရွင္ ႏွင့္ဗီဒီယို သ႐ုပ္ေဆာင္မ်ား၊ အႏုပညာရွင္မ်ားက ဟာသျပက္လံုးမ်ား၊ ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကရာ ေက်ာင္းသား ေက်ာင္းသူ မ်ား အထူးႏွစ္ၿခိဳက္စြာ အားေပးၾကသည္။

အႏုပညာရွင္မ်ားမွာ အကယ္ဒမီေအာင္ခိုင္၊ ထြဋ္ႀကီး (မႏၲေလး)၊ ရဲမြန္၊ ဘိုဘို၊ ေဇာ္ေဇာ္ ေအာင္၊ ေအာင္ေဇာ္မင္း၊ ခ်စ္ေခ်ာ၊ ပြမ္ပြမ္၊ ရႊင္ေပ်ာ္၊ ဒိုမီႏို၊ ျပံဳးခ်ိဳ၊ အကယ္ဒမီ ဝါဝါေအာင္၊ မိုးေလး၊ ေမခ၊ မီးငယ္၊ ဆုဝတီ၊ ၿဖိဳးဇာျခည္၊ နန္းေရႊအိမ္၊ ေမဂြၽန္တို႔ ျဖစ္ၾကသည္။ ဂီတမႉးအျဖစ္ ကီးဘုတ္ရဲေလးက ပါဝင္ အားျဖည့္ ကူညီၿပီး ေမာင္မ်ိဳးမင္း(မႏၲေလး)က စီစဥ္ တင္ဆက္ျခင္းျဖစ္သည္။
အလႉဒါယကာ ဦးမ်ိဳးမင္း+ အလႉဒါယိကာမ ေဒၚခင္ပပ၊ သမီး မႏွင္းအိေႁႏၵလင္း မိသားစုက အရွင္အရိယဝံသ (ေပါက္ကုိယ္ေတာ္)၏ သိကၡာ ထပ္ မဂၤလာႏွင့္ ရဟန္းခံ အလႉေတာ္မဂၤလာ ေအာင္ပြဲအျဖစ္ ေဖ်ာ္ေျဖတင္ဆက္ျခင္းလည္း ျဖစ္သည္။

ပညာရည္ခၽြန္ဆုေပးပြဲသို႔ ညီေနာင္က်ဴရွင္မ်ား ျဖစ္ၾကေသာ ပုသိမ္ႀကီးၿမိဳ႕ရွိ မန္းမေဟာ္သဓာပညာဒါန က်ဴရွင္ေက်ာင္း၊ မႏၲေလးၿမိဳ႕ရွိေလာကအလင္း ပညာဒါနက်ဴရွင္ေက်ာင္းတို႔မွ အုပ္ခ်ဳပ္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလည္း တက္ေရာက္ အားေပးၾကသည္။

အခမ္းအနားမႉး မ်ားအျဖစ္ ႐ုပ္ရွင္ႏွင့္ ဗီဒီယို ဟာသသ႐ုပ္ေဆာင္ ရႊင္ေပ်ာ္ႏွင့္ ဦးႏိုင္(ျပည္ခ်စ္သား)တို႔က ေဆာင္ရြက္ၾကသည္။

ယေန႔ဆုခ်ီးျမႇင့္ပြဲတြင္
စာေမးပြဲေအာင္ျမင္ သူ ၇ ဦးတို႔အား တစ္ဦးလွ်င္ ၃ေသာင္းက်ပ္စီ၊

ႏွစ္ခ်င္းေပါက္ ေအာင္ျမင္သည့္အျပင္ ထူးခြၽန္ ေက်ာင္းသားဆုရရွိသူ ေမာင္ရွင္းသန္႔ေနာင္ (ပုသိမ္ႀကီးၿမိဳ႕)အား ဆုေငြ တစ္သိန္းက်ပ္၊

ပထဝီဝင္ႏွင့္သမိုင္း ႏွစ္ဘာသာဂုဏ္ထူးရွင္ မဇင္မာေအာင္ (ပင္လည္ဘူးၿမိဳ႕)အား ေငြက်ပ္ ႏွစ္သိန္း၊

ပထဝီဝင္ဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ မသူဇာခိုင္ (ပင္လည္ဘူးၿမိဳ႕)အား ဆုေငြက်ပ္ တစ္သိန္း၊

ဇီဝေဗဒဂုဏ္ထူးရရွိသူ မခင္ခ်ိဳသက္ (ျမစ္ႀကီးနားၿမိဳ႕)အား ဂုဏ္ထူးရရွိမႈႏွင့္ ဇြဲဆု အတြက္ ဆုေငြေငြက်ပ္ႏွစ္သိန္း၊

“ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ” (၂)

ဆက်လက်၍ ကရင်ပြည်နယ်မှ ကျောင်း လာတက်သော ရခိုင်တိုင်းရင်းသူလေး မအေ မီမီဟန် (အဋ္ဌမတန်း)က အင်္ဂလိပ်စကားပြော ထူးချွန်ဆုရရှိခြင်းအတွက် ကျေးဇူးတင်စကား ကို အင်္ဂလိပ်ဘာသာဖြင့် ပီသကြည်မြစွာ ပြောကြားသွားသည်။

ထူးချွန်ဆရာဆုရ ဆရာ ဦးအေးမြင့်နိုင်နှင့် တက္ကသိုလ်ဝင်တန်းအား ဆယ်နှစ်တိုင်တိုင်ကြိုးစား ဖြေဆိုခဲ့ပြီးနောက် ပညာရေးအကယ်ဒမီတွင် တက်ရောက်သင်ယူ ဖြေဆိုချိန်ကြမှ ဂုဏ်ထူးတစ်ဘာသာ(ဇီဝဗေဒ)ဖြင့် အောင်မြင်ခဲ့သူ မခင်ချိုသက်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ ဆုပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အဖြစ် ဖျော်ဖြေရေးအစီအစဉ်များ စတင်ရာ ရုပ်ရှင် နှင့်ဗီဒီယို သရုပ်ဆောင်များ၊ အနုပညာရှင်များက ဟာသပြက်လုံးများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ကျောင်းသား ကျောင်းသူ များ အထူးနှစ်ခြိုက်စွာ အားပေးကြသည်။

အနုပညာရှင်များမှာ အကယ်ဒမီအောင်ခိုင်၊ ထွဋ်ကြီး (မန္တလေး)၊ ရဲမွန်၊ ဘိုဘို၊ ဇော်ဇော် အောင်၊ အောင်ဇော်မင်း၊ ချစ်ချော၊ ပွမ်ပွမ်၊ ရွှင်ပျော်၊ ဒိုမီနို၊ ပြုံးချို၊ အကယ်ဒမီ ဝါဝါအောင်၊ မိုးလေး၊ မေခ၊ မီးငယ်၊ ဆုဝတီ၊ ဖြိုးဇာခြည်၊ နန်းရွှေအိမ်၊ မေဂျွန်တို့ ဖြစ်ကြသည်။ ဂီတမှူးအဖြစ် ကီးဘုတ်ရဲလေးက ပါဝင် အားဖြည့် ကူညီပြီး မောင်မျိုးမင်း(မန္တလေး)က စီစဉ် တင်ဆက်ခြင်းဖြစ်သည်။

အလှူဒါယကာ ဦးမျိုးမင်း+ အလှူဒါယိကာမ ဒေါ်ခင်ပပ၊ သမီး မနှင်းအိန္ဒြေလင်း မိသားစုက အရှင်အရိယဝံသ (ပေါက်ကိုယ်တော်)၏ သိက္ခာ ထပ် မင်္ဂလာနှင့် ရဟန်းခံ အလှူတော်မင်္ဂလာ အောင်ပွဲအဖြစ် ဖျော်ဖြေတင်ဆက်ခြင်းလည်း ဖြစ်သည်။

ပညာရည်ချွန်ဆုပေးပွဲသို့ ညီနောင်ကျူရှင်များ ဖြစ်ကြသော ပုသိမ်ကြီးမြို့ရှိ မန်းမဟော်သဓာပညာဒါန ကျူရှင်ကျောင်း၊ မန္တလေးမြို့ရှိလောကအလင်း ပညာဒါနကျူရှင်ကျောင်းတို့မှ အုပ်ချုပ်သူများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက် အားပေးကြသည်။

အခမ်းအနားမှူး များအဖြစ် ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ရွှင်ပျော်နှင့် ဦးနိုင်(ပြည်ချစ်သား)တို့က ဆောင်ရွက်ကြသည်။

ယနေ့ဆုချီးမြှင့်ပွဲတွင်
စာမေးပွဲအောင်မြင် သူ ၇ ဦးတို့အား တစ်ဦးလျှင် ၃သောင်းကျပ်စီ၊

နှစ်ချင်းပေါက် အောင်မြင်သည့်အပြင် ထူးချွန် ကျောင်းသားဆုရရှိသူ မောင်ရှင်းသန့်နောင် (ပုသိမ်ကြီးမြို့)အား ဆုငွေ တစ်သိန်းကျပ်၊

ပထဝီဝင်နှင့်သမိုင်း နှစ်ဘာသာဂုဏ်ထူးရှင် မဇင်မာအောင် (ပင်လည်ဘူးမြို့)အား ငွေကျပ် နှစ်သိန်း၊
ပထဝီဝင်ဂုဏ်ထူးဖြင့် အောင်မြင်သူ မသူဇာခိုင် (ပင်လည်ဘူးမြို့)အား ဆုငွေကျပ် တစ်သိန်း၊

ဇီဝဗေဒဂုဏ်ထူးရရှိသူ မခင်ချိုသက် (မြစ်ကြီးနားမြို့)အား ဂုဏ်ထူးရရှိမှုနှင့် ဇွဲဆု အတွက် ဆုငွေငွေကျပ်နှစ်သိန်း၊