မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ပညာရည္ခြၽန္ဆုေပးပြဲ (၁)

မင္းကြန္း ေအာက္တိုဘာ ၁၄
စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္း ၿမိဳ႕နယ္
မင္းကြန္းေတာင္႐ိုး ဓမၼေစတီေက်ာင္းတိုက္ရွိ ပညာေရးအကယ္ဒမီစင္တာ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ ပညာရည္ခြၽန္ဆုေပးပြဲ အခမ္း အနားကို ယေန႔ည ၇ နာရီက အဆိုပါေက်ာင္းတြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသည္။

မႏၲေလးၿမိဳ႕ ဒကၡိဏာရာမ ဘုရားႀကီးတိုက္ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ ဘဒၵႏၲကုသလ(ပါဠိပါရဂူ) မွ ဆုေပးၾသဝါဒစကား ႁမြက္ၾကားေတာ္မူရာတြင္ ပညာကို ႀကိဳးစား သင္ယူရန္၊ ေခါင္းေဆာင္ေကာင္း စိတ္ဓာတ္ ေမြးျမဴရန္၊ အနစ္နာခံကာ မ်ိဳးဆက္သစ္မ်ား တိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ရန္၊ အနာဂတ္ကာလတြင္ ပုခံုးေျပာင္းတာဝန္ ထမ္းေဆာင္ႏိုင္ေရး ဆည္းပူးေလ့က်င့္ရန္၊ ေက်ာင္း၏ ေဆာင္ပုဒ္အတိုင္း သာသနာ ပညာ ယဥ္ေက်းမႈ အဘက္ဘက္က ေကာင္းေအာင္ ေတာ္ေအာင္ ယဥ္ေက်းေအာင္ ႀကိဳးစားၾကရန္၊ ယခု ဆုခ်ီးျမႇင့္ ခံရသူမ်ားကိုၾကည့္၍ ေနာင္ႏွစ္ ဆုေပးပြဲမွာ ဆုတက္ယူႏိုင္သူမ်ားျဖစ္ေအာင္ အတုယူႀကိဳးစားၾကရန္၊ ရာဇဝင္တြင္ေသာ သူရဲေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္၊ ထူးခြၽန္ထက္ျမက္တဲ့ ႏုိင္ငံ့ေခါင္းေဆာင္မ်ား ျဖစ္ေအာင္ ႀကိဳးစားၾကရန္၊ ျပည္ေထာင္စုျမန္မာ ႏုိင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းေအာင္၊ သာယာေအာင္၊ ဖြံ႕ၿဖိဳးတိုးတက္ေအာင္၊ ကမၻာႏွင့္ရင္ေပါင္တန္း ႏုိင္ေအာင္ ဝုိင္းဝန္းႀကိဳးစားၾကရန္ မိန္႔မွာၾသဝါဒ ေပးခဲ့သည္။


ထို႔ေနာက္ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္ျမင္ခဲ့ၾကေသာ ပညာေရးအကယ္ဒမီ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဂုဏ္ထူးရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ဂုဏ္ထူး ရရွိေအာင္သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား၊ ႏွစ္ခ်င္းေပါက္ေအာင္ျမင္သူ ေက်ာင္းသားတစ္ဦး၊ ဂုဏ္ထူးဆုႏွင့္ ဇြဲဆုရရွိသူ ေက်ာင္းသူတစ္ဦး၊ ဂုဏ္ထူးဆုႏွင့္ လူငယ္ထူးခြၽန္ဆု ရရွိသူႏွစ္ဦး၊ ယဥ္ေက်းလိမၼာ သမီးေကာင္းရတနာဆု၊ ႐ိုးသား ႏိုးၾကားႀကိဳးစားဆု၊ ခ်စ္စရာ့အရြယ္ သမီးငယ္ဆု၊ အဂၤလိပ္စကားေျပာ ထူးခြၽန္ဆုရရွိၾကသူမ်ား အား ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ၾကသည္။

ဆရာေတာ္ဘဒၵႏၲ ကုသလ၊ ပညာေရးအကယ္ဒမီ ေက်ာင္းအုပ္ ဆရာေတာ္ဘဒၵႏၲဥကၠ႒၊ ဓမၼေစတီ ေက်ာင္း တိုက္အုပ္ဆရာေတာ္ ဘဒၵႏၲသုမနာလကၤာရ တို႔က ဂုဏ္ျပဳလႊာမ်ားကို ေပးအပ္ခ်ီးျမႇင့္ၾကသည္။


မန္းမေဟာ္ သဓာ ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီဝင္ မ်ား၊ သဟာယ ဝိုင္းေတာ္သားမ်ားႏွင့္အတူ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္မ်ားျဖစ္ၾကေသာ အကယ္ဒမီ ေအာင္ခိုင္၊ အကယ္ဒမီဝါဝါေအာင္ ႏွင့္ ေဇာ္ေဇာ္ေအာင္တို႔က ဆုေငြမ်ား ဂုဏ္ျပဳ ေပးအပ္ၾကသည္။

“ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ” (၁)

မင်းကွန်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်
မင်းကွန်းတောင်ရိုး ဓမ္မစေတီကျောင်းတိုက်ရှိ ပညာရေးအကယ်ဒမီစင်တာ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့ည ၇ နာရီက အဆိုပါကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) မှ ဆုပေးသြဝါဒစကား မြွက်ကြားတော်မူရာတွင် ပညာကို ကြိုးစား သင်ယူရန်၊ ခေါင်းဆောင်ကောင်း စိတ်ဓာတ် မွေးမြူရန်၊ အနစ်နာခံကာ မျိုးဆက်သစ်များ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ အနာဂတ်ကာလတွင် ပုခုံးပြောင်းတာဝန် ထမ်းဆောင်နိုင်ရေး ဆည်းပူးလေ့ကျင့်ရန်၊ ကျောင်း၏ ဆောင်ပုဒ်အတိုင်း သာသနာ ပညာ ယဉ်ကျေးမှု အဘက်ဘက်က ကောင်းအောင် တော်အောင် ယဉ်ကျေးအောင် ကြိုးစားကြရန်၊ ယခု ဆုချီးမြှင့် ခံရသူများကိုကြည့်၍ နောင်နှစ် ဆုပေးပွဲမှာ ဆုတက်ယူနိုင်သူများဖြစ်အောင် အတုယူကြိုးစားကြရန်၊ ရာဇဝင်တွင်သော သူရဲကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားကြရန်၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်းအောင်၊ သာယာအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်၊ ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်အောင် ဝိုင်းဝန်းကြိုးစားကြရန် မိန့်မှာသြဝါဒ ပေးခဲ့သည်။

ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသော ပညာရေးအကယ်ဒမီ ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ဂုဏ်ထူး ရရှိအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ နှစ်ချင်းပေါက်အောင်မြင်သူ ကျောင်းသားတစ်ဦး၊ ဂုဏ်ထူးဆုနှင့် ဇွဲဆုရရှိသူ ကျောင်းသူတစ်ဦး၊ ဂုဏ်ထူးဆုနှင့် လူငယ်ထူးချွန်ဆု ရရှိသူနှစ်ဦး၊ ယဉ်ကျေးလိမ္မာ သမီးကောင်းရတနာဆု၊ ရိုးသား နိုးကြားကြိုးစားဆု၊ ချစ်စရာ့အရွယ် သမီးငယ်ဆု၊ အင်္ဂလိပ်စကားပြော ထူးချွန်ဆုရရှိကြသူများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆရာတော်ဘဒ္ဒန္တ ကုသလ၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ် ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီ ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရ တို့က ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။

မန်းမဟော် သဓာ ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင် များ၊ သဟာယ ဝိုင်းတော်သားများနှင့်အတူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဝါဝါအောင် နှင့် ဇော်ဇော်အောင်တို့က ဆုငွေများ ဂုဏ်ပြု ပေးအပ်ကြသည်။