သတင်း
သီတင်းကျွတ်လက်ဆောင်
ဝီရသူ(မစိုးရိမ်)
12.10.2019
“သီတင်းကျွတ်လက်ဆောင်”
ဒီမိုကရေစီမိခင်ကြီးလက်ထက်မှာမှ
ဒီမိုကရေစီ နောက်ပြန်လှည့်သွားတာ ဘာကြောင့်လဲ?
လူ့အခွင့်အရေးနတ်သမီးလက်ထက်မှာမှ
မလွတ်လပ်တော့တာ ဘာကြောင့်လဲ?
တရားဥပဒေစိုးမိုးရေးနတ်သမီးလက်ထက်မှာမှ
တရားရေးမဏ္ဍိုင် ပိုယိုင်လာတာ ဘာကြောင့်လဲ?
ငြိမ်းချမ်ရေးနိုဘယ်လ်ဆုရှင်လက်ထက်မှာမှ
အရင်လောက်တောင် မငြိမ်းချမ်းတော့တာ ဘာကြောင့်လဲ?
လူထုခေါင်းဆောင်လက်ထက်မှာမှ
လူထု ခေါင်းမထောင်နိုင်တော့တာ ဘာကြောင့်လဲ?
ဒုတိယဘုရားသခင်လက်ထက်မှာမှ
ပြည်သူတွေဆင်းရဲတွင်း ပိုနက်ကုန်တာ ဘာကြောင့်လဲ?
ပြည်ထောင်စုမိခင်ကြီးလက်ထက်မှာမှ
ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ သွေးကွဲကုန်တာ ဘာကြောင့်လဲ?
အတိုက်အခံခေါင်းဆောင်လက်ထက်မှာမှ
အတိုက်အခံလုပ်ခွင့်မပေးတော့တာ ဘာကြောင့်လဲ?
ဗိုလ်ချုပ်သမီးလက်ထက်မှာမှ
ဗိုလ်ချုပ်လမ်းစဉ် ပျောက်သုဉ်းကုန်တာ ဘာကြောင့်လဲ?
တပ်မတော်ဖခင်ကြီးရဲ့ သမီးလက်ထက်မှာမှ
တပ်မတော်သားတွေ အနှိမ်ခံနေရတာ ဘာကြောင့်လဲ?
အမျိုးသားခေါင်းဆောင်ကြီးသမီးလက်ထက်မှာမှ
အမျိုးသားရေး ဖိနှိပ်ခံရတာ ဘာကြောင့်လဲ?
သံဃမာတာကြီးလက်ထက်မှာမှ
သံဃာတွေ စိတ်မချမ်းသာကြတာ ဘာကြောင့်လဲ?
ဗုဒ္ဓဘာသာသူရဲကောင်းကြီး လက်ထက်မှာမှ
ဗုဒ္ဓဘာသာ နလန်မထူနိုင်တာ ဘာကြောင့်လဲ?
(အမေးနွားကျောင်းသား အဖြေဘုရားလောင်း၊ ဘုရားလောင်းများ ဖြေပေးကြပါ။)
ဝီရသူ(မစိုးရိမ်)
12.10.2019