သတင္း

ဆိပ္ျဖဴၿမဳိ႕နယ္ ေရွာက္ပင္အင္းရြာ ဆုေပးပြဲ

8.7.2018 ရက္ေန႔၊ ညေန ၃း၀၀ နာရီမွာ မေကြးတုိင္း၊ ပခုကၠဴခရိုင္၊ ဆိပ္ျဖဴၿမဳိ႕နယ္၊ ေရွာက္ပင္အင္းေက်းရြာသို႔ ေရာက္ရွိပါတယ္။ ဆိပ္ျဖဴ မဘသ ညီေတာ္မ်ားႏွင့္ ဓမၼအလင္းစာၾကည့္တုိက္ဝိုင္းေတာ္သားမ်ား၊ ဓမၼစကူးလ္ဆရာမမ်ား၊ မ်ဳိးခ်စ္ေမာင္မယ္မ်ား လုိက္ပို႔ၾကပါတယ္။

ေရွာက္ပင္အင္းရြာ ခန္းေနဆရာေတာ္ေလး အရွင္ေသာဘိတ၊ မဘသ ဗဟိုမွ ေဒါက္တာဥတၱမသီရိႏွင့္ ေဒါက္တာေတဇနိယတုိ႔ ဦးေဆာင္တဲ့ ႀကဳိဆုိေရးအဖြဲ႔က ယာဥ္တန္းျဖင့္ ႀကဳိဆုိၾကသလို ရြာသူရြာသားမ်ား ေက်ာင္းသူေက်ာင္းသားမ်ား ကိုရင္ဦးဇင္းမ်ား ေယာဂီမ်ားကလည္း ရြာအဝင္မွာ စီတန္းႀကဳိဆုိကာ ေမတၱာပို႔သံေပါက္မ်ား ရြတ္ဖတ္ပူေဇာ္ၾကပါတယ္။

ခဏနားၿပီး 2017-2018 ပညာသင္ႏွစ္ တကၠသုိလ္ဝင္တန္းေအာင္ ေက်ာင္းသူေက်ာင္းသားမ်ား ပညာရည္ ဆုေပးပြဲႏွင့္ ဓမၼစကူးလ္သင္တန္းဆင္းလက္မွတ္ ေပးအပ္ပြဲ အခမ္းအနားတက္ေရာက္ပါတယ္။ ဆင္ျဖဴကၽြန္း၊ စလင္း၊ ဆိပ္ျဖဴ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ မ်ဳိးခ်စ္မ်ား၊ မိဘျပည္သူမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ား စံုစံုလင္လင္ပါပဲ။

ဘုရားဆိုတာ မေမ့ေကာင္းေသာအရာ
တရားဆုိတာ မမဲ့ေကာင္းေသာ အရာ
သံဃာဆိုတာ မပစ္ပယ္ေကာင္းေသာအရာ
ဘုရားရွိခုိးရင္ ကုသုိလ္ရမယ္၊ နတ္ျပည္ေရာက္မယ္
တရားက်င့္ရင္ စိတ္ခ်မ္းသာမယ္၊ နတ္ျပည္ေရာက္မယ္
သံဃာပူေဇာ္ရင္ ဘုန္းကံႀကီးမယ္၊ နတ္ျပည္ေရာက္မယ္
ဒါေလးေတြကို ရွစ္လံုးဖြဲ႔သံေပါက္ေလးကို ႏႈတ္တုိက္ခ်ေပးၿပီး ေဟာၾကားခဲ့ပါတယ္။

အခမ္းအနားအၿပီးမွာ သာသနတကၠသီလ မဟာဓမၼာစရိယ B.A (Buddhist Studies) Ph.D (Buddhist Studies) ရန္ကုန္တုိင္းေဒသႀကီး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း ဥကၠ႒ ေဒါက္တာအရွင္ဥတၱမသီရိက စာေရးသူအား နဝကမၼအလွဴေငြ ၅၀၀၀၀၀ိ က်ပ္ လွဴဒါန္းပါတယ္။

7.7.2018 ရက္ေန႔ည တရားပြဲ ပထမညမွာ ရရွိခဲ့တဲ့ ဓမၼပူဇာေငြထဲက လမ္းစရိတ္ႏႈတ္ၿပီး စာေရးသူကို လွဴဒါန္းတာပါ။
ညေနေစာင္းမွာ ပညာပါရမီေဖာင္ေဒးရွင္းကတည္ေထာင္ထားတဲ့ ေစတနာစာသင္ဝိုင္းသုိ႔ ေရာက္ရွိခဲ့ပါတယ္။ ဆယ္တန္းေက်ာင္းသူေလးမ်ား ႏွစ္ဆယ္နီးပါး ေတြ႔ရွိခဲ့ပါတယ္။ စာေမးပြဲေအာင္ျမင္ရာေအာင္ျမင္ေၾကာင္း ေအာင္ဂါထာေပးခဲ့ပါတယ္။ သတိရတုိင္း ရြတ္ဆိုဖုိ႔ပါ။
ေအာင္ဂါထာကေတာ့
ဥဳံ… မပူနဲ႔ မေပါ့နဲ႔ ဟူသတည္း…။

ဂ်ပန္သတင္းေထာက္ႀကီးလည္း လုိက္လံမွတ္တမ္းတင္ပါတယ္။

“ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းရွာ ဆုပေးပွဲ”

8.7.2018 ရက်နေ့၊ ညနေ ၃း၀၀ နာရီမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာသို့ ရောက်ရှိပါတယ်။ ဆိပ်ဖြူ မဘသ ညီတော်များနှင့် ဓမ္မအလင်းစာကြည့်တိုက်ဝိုင်းတော်သားများ၊ ဓမ္မစကူးလ်ဆရာမများ၊ မျိုးချစ်မောင်မယ်များ လိုက်ပို့ကြပါတယ်။

ရှောက်ပင်အင်းရွာ ခန်းနေဆရာတော်လေး အရှင်သောဘိတ၊ မဘသ ဗဟိုမှ ဒေါက်တာဥတ္တမသီရိနှင့် ဒေါက်တာတေဇနိယတို့ ဦးဆောင်တဲ့ ကြိုဆိုရေးအဖွဲ့က ယာဉ်တန်းဖြင့် ကြိုဆိုကြသလို ရွာသူရွာသားများ ကျောင်းသူကျောင်းသားများ ကိုရင်ဦးဇင်းများ ယောဂီများကလည်း ရွာအဝင်မှာ စီတန်းကြိုဆိုကာ မေတ္တာပို့သံပေါက်များ ရွတ်ဖတ်ပူဇော်ကြပါတယ်။

ခဏနားပြီး 2017-2018 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူကျောင်းသားများ ပညာရည် ဆုပေးပွဲနှင့် ဓမ္မစကူးလ်သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ပါတယ်။ ဆင်ဖြူကျွန်း၊ စလင်း၊ ဆိပ်ဖြူ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်များ၊ မိဘပြည်သူများ၊ ကျောင်းသူကျောင်းသားများ စုံစုံလင်လင်ပါပဲ။

ဘုရားဆိုတာ မမေ့ကောင်းသောအရာ
တရားဆိုတာ မမဲ့ကောင်းသော အရာ
သံဃာဆိုတာ မပစ်ပယ်ကောင်းသောအရာ
ဘုရားရှိခိုးရင် ကုသိုလ်ရမယ်၊ နတ်ပြည်ရောက်မယ်
တရားကျင့်ရင် စိတ်ချမ်းသာမယ်၊ နတ်ပြည်ရောက်မယ်
သံဃာပူဇော်ရင် ဘုန်းကံကြီးမယ်၊ နတ်ပြည်ရောက်မယ်
ဒါလေးတွေကို ရှစ်လုံးဖွဲ့သံပေါက်လေးကို နှုတ်တိုက်ချပေးပြီး ဟောကြားခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ သာသနတက္ကသီလ မဟာဓမ္မာစရိယ B.A (Buddhist Studies) Ph.D (Buddhist Studies) ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာအရှင်ဥတ္တမသီရိက စာရေးသူအား နဝကမ္မအလှူငွေ ၅၀၀၀၀ဝိ ကျပ် လှူဒါန်းပါတယ်။

7.7.2018 ရက်နေ့ည တရားပွဲ ပထမညမှာ ရရှိခဲ့တဲ့ ဓမ္မပူဇာငွေထဲက လမ်းစရိတ်နှုတ်ပြီး စာရေးသူကို လှူဒါန်းတာပါ။
ညနေစောင်းမှာ ပညာပါရမီဖောင်ဒေးရှင်းကတည်ထောင်ထားတဲ့ စေတနာစာသင်ဝိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဆယ်တန်းကျောင်းသူလေးများ နှစ်ဆယ်နီးပါး တွေ့ရှိခဲ့ပါတယ်။ စာမေးပွဲအောင်မြင်ရာအောင်မြင်ကြောင်း အောင်ဂါထာပေးခဲ့ပါတယ်။ သတိရတိုင်း ရွတ်ဆိုဖို့ပါ။
အောင်ဂါထာကတော့
ဥုံ… မပူနဲ့ မပေါ့နဲ့ ဟူသတည်း…။

ဂျပန်သတင်းထောက်ကြီးလည်း လိုက်လံမှတ်တမ်းတင်ပါတယ်။