Monthly Archives: June 2017

သတင်း

Facebook ပရိသတ်ကြီးမင်္ဂလာပါ 

ဦးပဉ္စင်း၏အကောင့် ဒီကနေ့ညနေပိုင်းမှာ ပြန်ပွင့်သွားပါပြီ။ အပိတ်ခံရစဉ်ကာလအတွင်း Like လုပ်မရ၊ လက်မလေးလည်းထောင်မရ၊ မက်ဆေ့ရောက်ရှိကြောင်းလည်း ပြန်ပြောလို့မရဖြစ်ခဲ့ရလို့ အကြောင်းမပြန်နိုင်တာတွေ ရှိခဲ့ပါတယ်။ နှုတ်ဆက်သူများ ဆုတောင်းသူများ အကြံပေးသူများ ဆဲရေးသူများ ခြိမ်းခြောက်သူများအားလုံး ကျေးဇူးတင်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ အားလုံးကောင်းမွန်စွာ အမျိုးဘာသာ သာသနာအရေး ဆက်လက် ရေးသားသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်) 30.6.2017 PM 11:24
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် အရှင်ဥာဏိက(ပုညခေတ္တဆရာတော်)နှင့် မိဘနှစ်ပါးမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၀၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၂၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် နှစ်သိန်း ငါးသောင်း ...
သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော သဝဏ်လွှာ

(25.6.2017 ရက်နေ့မှာကျင်းပတဲ့ အဂတိသာဝန်ကန့်ကွက်ရှုတ်ချပွဲ(ရန်ကုန်)သို့ ပေးပို့သော သဝဏ်လွှာဖြစ်ပါသည်။ ၄င်းနေ့၌ ရန်ကုန် မန္တလေးတို့၌ အဂတိသာဝန်ရှုတ်ချပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ကြပါသည်။ ရန်ကုန်သို့ပေးပို့သောသဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အရှင်တေဇဝန္တက ဖတ်ကြားပါသည်။) အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်ဇာနည်အပေါင်းတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် နေရာဌာနနှင့်လုံးဝမလိုက်ဖက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ သာသနာရေးဝန်ကြီးဖြစ်ပါလျက် သာသနာတော်ကို မချီးမြှောက်ခြင်း၊ သာသနာ့ဝန်ထမ်းရဟန်းသံဃာတော်များ ကို နှိပ်ကွပ်ခြင်း၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသော ထေရ်ကြီးဝါကြီးဆရာတော်များကို ပြစ်မှားခြင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးကို လူသိရှင်ကြား စော်ကားသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း၊ သာသနာ့ဝန်ထမ်း ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၂)

  မေး – အရှင်ဘုရားရဲ့ အားအရ ဆုံးအောင်မြင်မှုလို့ဆိုတဲ့ ထေရဝါဒ တိုက်ပွဲနဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်နှစ်အုပ်လုံးဟာ ဈေးကွက်မှာ မတွေ့ရတော့ပါဘူးဘုရား။ စာအုပ်တွေ ပြန်ထုတ်ဖို့ ရှိပါသလားဘုရား။ ဖြေ – အဲဒီစာအုပ်တွေ ဦးဇင်း မော်စကိုက ပြန်လာကတည်းကိုက တမ်းတမ်းတတ တိုက်တွန်းတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်တဲ့သူက ဝင်သွားပြီ။ ဒီအချိန်ထိ ဆက်တိုက်နေရင် မကောင်းတော့ဘူးထင်တယ်။ ဒါကြောင့် ဆက်မထုတ်ဖြစ်တော့တာပါ။ မေး – လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကက အရှင်ဘုရားကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း(နဝကမ္မအလှူတော်)

ကသာမြို့နေ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို (A-1 အထည်ရောင်းဝယ်ရေး)မိသားစုက ဆရာတော်ဦးဝီရသူ မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းသော နဝကမ္မအလှူငွေ (၅)သိန်းကျပ်ကို သွေးလှူရှင် တစ်ဦးက ဆက်ကပ်စဉ်။(26.6.2017)
သတင်း

ဝီရသူကို ချစ်ကြသူများ(၃)

24.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ဒဂုံမြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ မောင်မကန်လမ်း We Love Wirathu လက်မှတ်ရေးထိုးလှုပ်ရှားမှု Campaign ပွဲသို့ ရောက်ရှိပါတယ်။ နေပူကျဲတဲမှာ ဒဂုံသူဒဂုံသားများ အားနှင့်မာန်နှင့် စိတ်အားတက်ကြွစွာ လက်မှတ်ထိုးပွဲ ဆင်နွှဲနေတာကို တွေ့ရှိရပါတယ်။ ကိုရင်လေးများ၊ ညီတော်လေးများ၊ မျိုးချစ်ညီကိုမောင်နှမများနှင့်အတူ လက်မှတ်လာထိုးကြသော လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကိုလည်း အားပါးတရတွေ့ရှိရပါတယ်။ နောင်တော်ကြီး ဦးပညိန္ဒ(ပွင့်လင်းဆရာတော်)နှင့်အတူ သီရိမင်္ဂလာကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော် ကြပါတယ်။ သီရိမင်္ဂလာဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စက မြို့နယ်သံဃနာယကအဖွဲ့ဝင်တစ်ပါးပါ။ တိုင်းရင်းသားလေးများကို ကျောင်းထားပေးတဲ့အပြင် ပရဟိတလုပ်ငန်းတွေလည်း အများကြီး ဦးစီးဆောင်ရွက် ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက် အဖြစ် လတ်တလောဖြစ်ပျက်သမျှ နိုင် ငံရေးသုံးသပ်ချက်တွေကို အောင်ဇေယျ တုမှာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာ တော်ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်၊ ဆရာတော်ရဲ့ ပရဟိတလုပ်ငန်းများကို လည်းပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဝေဖန် မှုရှိနေတဲ့ တချို့အကြောင်းအရာတွေ ကိုလည်းပဲ ဆရာတော်ဦးဝီရသူဘက်က ပြန်လည် ဖြေရှင်းနိုင်စေဖို့ အချို့သော မေးခွန်းတွေကို ကြိုးစားတည်ဆောက် ထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ ခံ ယူချက်နဲ့ ကြိုးစားမှုတွေကို ဆရာတော် ရဲ့အဖြေတွေမှာ ရှာဖွေနိုင်ဖို့ ...
သတင်း

ဦးဝီရသူမွေးနေ့အထိမ်းအမှတ်သွေးလှူဒါန်းပွဲကြီးတွင် ပါဝင်ကုသိုလ်ပြုကြကုန်သော ပါရမီရှင်များ

သွေးလှူဒါန်းပွဲကြီးဖြစ်မြောက်အောင် ထောက်ပံ့လှူဒါန်းကြသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု မော်လမြိုင် သိန်း၅၀ကျပ်။ ၂။ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို (A-1 အထည်ရောင်းဝယ်ရေး)မိသားစု ကသာမြို့ ငါးသိန်းကျပ်။ ၃။ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ ရွှေမန်းမေအထည်ဆိုင် မန်းမြို့ဈေး ရှစ်သောင်းကျပ်။ ၄။ ဦးဣန္ဓာစရိယ(ဦးဇင်းမဲကြီး)အောင်ပန်း တစ်သိန်းကျပ် ၅။ ကိုအေးနိုင် မယဉ်ယဉ်အေး သုံးသောင်းကျပ် ၆။ မန်း မဘသ ညီကိုမောင်နှမများမှ ရှစ်သောင်းကျပ် ၇။ ကိုသန်းစိုး+မအေးမြမွန်(သား)မောင်ထူးမြတ်ငြိမ်း ရဲစုရပ်မှ သုံးသောင်းကျပ် ၈။ သဇင်ဂုဏ်ရောင်အဖွဲ့(ရန်ကုန်)မှ တစ်သိန်းကျပ် လှူဒါန်းပါသည်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မအလှူတော်)

ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု မော်လမြိုင်မှ ဆရာတော်ဦးဝီရသူ ရွှေရတုမွေးနေ့အကြိုပွဲအဖြစ် နဝကမ္မအလှူငွေ သိန်း(၅၀)ကျပ် လှူဒါန်းစဉ်။(26.6.2017)
သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၄)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ============================== (င) ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ဖြင့် အရေးယူရန် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်ချက်။ ၄၁။ သက်သေပြရန်တာဝန်နှင့်စပ်လျဉ်းသော အခြေခံသဘောတရားများကို သက်သေခံဥပဒေပုဒ်မ ၁၀၁ နှင့် ၁၀၂ တို့တွင် ပြဋ္ဌာန်းထားပါသည်။ ပြစ်မှုမြောက်စေသည့် အကြောင်းအင်္ဂါရပ်များစုံလင်အောင် ...
သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၅)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ============================= (စ) လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်အတွက် အကြုံးဝင်သက်ဆိုင်မှုမရှိ ကြောင်း သုံးသပ်ချက် ၆၄။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတို့သည် လူပုဂ္ဂိုလ်များအတွက် ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများမဟုတ်ပါသဖြင့် လူပုဂ္ဂိုလ်များသည် စောင့်ထိန်းလိုက်နာရန် တာဝန်မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ၆၅။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ ပြင်ဦးလွင်မြို့နေ ဦးသုအောင်ဇော် မိသားစုက အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။(26.6.2017 ) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သတင်း

သွေးပျက်နေရင်လည်း ဘေးထွက်ပြီးတော့ နေလိုက်ပါတော့ ဦးအောင်ကို

ဝန်ကြီးဦးအောင်ကိုကို ပြောချင်ပါတယ်။ သာသနာသန့်ရှင်းရေး လုပ်မယ်ဆိုလို့ ဝမ်းမြောက်ဝမ်းသာ ရှိနေပါတယ်။ သာသနာတော်သန့်ရှင်းရေး တကယ်လုပ်မှာလား? ဝန်ကြီးကိုနှုတ်ထွက်ခိုင်းလို့ ဆန္ဒပြတဲ့သံဃာတော်တွေ သီလရှင်တွေကို န.ဝ.တ ဥပဒေတွေနဲ့ အရေးယူချင်လို့ သာသနာသန့်ရှင်းရေးခေါင်းစဉ်တပ်တာလား? အမှန်တကယ် သာသနာတော်သန့်ရှင်းစေချင်တယ်ဆိုရင် ခေါင်ကစပြီးမိုးလုံမှဖြစ်မှာ။ ခေါင်ကစပြီး အရင်လုံအောင်လုပ်ပေးပါ။ ဝန်ကြီးအမိန့်ကို အကောင်အထည်ဖော်နေတဲ့ ဝန်ကြီးအနားက(……)ပါးဆိုသူတွေထဲမှာ မဟာယာနပုံစံချိုးနေပြီး သားနဲ့ မယားနဲ့ အတူတကွ နေထိုင်သူတွေတောင် ရှိနေပါတယ်။ အဲဒါလေးကို အရင် သန့်ရှင်းပေးပါဦး။ DNA နည်းနဲ့သန့်ရှင်းရင် လွယ်လွယ်လေးပါ။ အဲဒါအပြင် လာဘ်စားပြီး အဂတိလိုက် မတရားဆုံးဖြတ်တဲ့ မဟနဆရာတော်အချို့ရှိပါတယ်။ သူတို့တတွေကိုကော အရင်သန့်ရှင်းဖို့လုပ်ပေးပါဦး။ ဝန်ကြီးအဂတိလိုက်လို့ ဝန်ကြီးမတရားလုပ်လို့ ဝန်ကြီးတရားရေးမှာဝင်စွက်ဖက်လို့ ဝန်ကြီးသာသနာတော်ကို နှိပ်ကွပ်နေလို့ ဝန်ကြီးသံဃာတော်တွေကိုရန်တိုက်ပေးနေလို့ ...
သတင်း

ဦးဝီရသူမွေးနေ့ သွေးလှူပွဲ(ရန်ကုန်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ ၄၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇီဝိတိဒါန သွေးလှူပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ခုတင်၁၀၀၀ တပ်မတော်စစ်ဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ ဦးဝီရသူ၏မွေးနေ့ 26.6.2017 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တာပါ။ ဦးဆောင်သူများက မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ဖြစ်ပြီး သွေးလှူဒါန်းသူများမှာ အမျိုးသားရေး ညီအစ်ကိုမောင်နှမများဖြစ်ကြပါတယ်။ ရဟန်းတော် ၄၀ လူပုဂ္ဂိုလ် ၁၅၀ တက်ရောက်လှူဒါန်းရာတွင် သွေးအိတ်ပေါင်း ၁၁၁ အိတ် ထမြောက်အောင်မြင်ခဲ့ပါတယ်။ သွေးလှူသူများအား တစ်ကမ္ဘာလုံးနှင့်တစ်ယောက်စာအုပ်တစ်အုပ်စီ ရှပ်အင်္ကျီတစ်ထည်စီ မေတ္တာလက်ဆောင် အဖြစ် ပြန်လည်လှူဒါန်းကြပါတယ်။ နေ့လည်စာကို တပ်မတော်စစ်ဆေးရုံက ဆက်ကပ်ကျွေးမွေးပြီး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၃)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မိတ္ထီလာမြို့ ဦးမြင့်ဝင်း+ဒေါ်ဝင်းလွင်သန်း (သား) မောင်အောင်မျိုးမြတ် (သမီး)မပန်ဆုပြည့်၊ မနီလာဆုပြည့်၊ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မိတ္ထီလာမြို့ ဦးစောဌေး+ဒေါ်ခင်ကြည်မိုး မိသားစုမှ အလှူငွေ ငါးသောင်းကျပ် လှူဒါန်းစဉ်။(17.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
ထုတ်ပြန်ကြေညာချက်သတင်း

မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ် မေတ္တာသဝဏ်လွှာ

ဒီကနေ့ 26.6.2017 ရက်နေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အီးဒ်နေ့မှာ မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အလားတူပင် အခြားသော ကုရ်ဘာနီလို အီးဒ်ကြီးနေ့များမှာလည်း ဘာသာတရားနှင့် လုံးဝမအပ်စပ်သည့် သားသတ်ပူဇော်ခြင်း သားသတ်လှူဒါန်းထောက်ပံ့ခြင်းများ မပါဝင်စေဘဲ ယခုကဲ့သို့ပင် အပြစ်ကင်းစင်သည့် ဘာသာရေးပွဲတော်ကြီးတစ်ခုအဖြစ် ဆက်လက် ကျင်းပနိုင်ပါစေကြောင်းလည်း ထပ်လောင်းမေတ္တာပို့သလိုက် ပါသည်။ ဦးပဉ္စင်းသည် မူဆလင်အားလုံး အစ္စလာမ်ဘာသာဝင်အားလုံးကို ရည်ညွှန်း၍ ပို့စ်တင်ခြင်း စာရေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။ ဦးပဉ္စင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေရှိသည့် အမိမြန်မာပြည်ကိုချစ်သော ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

မွေးနေ့ကျေးဇူးတင်လွှာ

ဦးပဉ္စင်း၏ အသက် ၄၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးပဉ္စင်း၏ဇာတိ ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ဒီကနေ့ 26.6.2017 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာတော်များ မျိုးချစ်သီလရှင်များ မျိုးချစ်ညီအစ်ကိုမောင်နှမများ လာရောက် သွေးလှူဒါန်းခြင်း ဝေယျာဝစ္စဆောင်ရွက်ခြင်း နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်းတို့ ပြုလုပ်ခြင်းဖြင့် ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြတာကို တွေ့ရပါတယ်။ ထို့အပြင် ရန်ကုန်မြို့ မင်္ဂလာဒုံတပ်မတော်စစ်ဆေးရုံမှာ ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြသည့် ညီတော်နောင်တော်များ မျိုးချစ် မောင်နှမများလည်း စိတ်အားတက်ကြွစွာ မွေးနေ့ပွဲကို ကျင်းပပေးတာ တွေ့ရပါတယ်။ တိုက်ဆိုင်စွာပင် ...
သတင်း

မဘသ(ဗဟို) တစ်ဖြစ်လဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ နုတ်ထွက်ခြင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသဗဟို)ကို ပြန်လည် ဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှ နုတ်ထွက်လိုက်ပါသည်။ ထိုသို့ နုတ်ထွက်ကြောင်းကို မေလ ၂၈ ရက် မနက် ၁၀း၃၀နာရီမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသအား လျှောက်ထားရာ အင်းစိန်ရွာမဆရာတော်ကြီးက သဘောတူလက်ခံပါသည်။ သို့ဖြစ်ပါ၍ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ-မစိုးရိမ်၏ ပြုမူ ပြောဆို ရေးသား ဆောင်ရွက်ချက်မှန်သမျှသည် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ...
သတင်း

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်တောင်းဆို ချက်များကို လျစ်လျူရှုပါက သပိတ်စခန်းဖွင့်မည်

ရန်ကုန်၊ ဇွန် ၂၅ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန် ၂၅ ရက်ကပြုလုပ်ခဲ့သည်။ ယင်းကန့်ကွက်ပွဲများကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းပေါ်ရှိ မနောရမ္မံလူထုဟစ်တိုင်တွင် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၀ ရက်က နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်ရာ၌ တောင်းဆိုခဲ့သည့်အချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်းကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တွင်ပြုလုပ်သည့် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မဟာဂန္ဓာရုံ၊ ငွေကျားတိုက်ကျောင်းဆောင် သံဃာတော်များမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၈၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၀၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် ကိုးသိန်း ငါးထောင့်ငါးရာကျပ်) ...