ဦးပဉ္စင်း၏ အသက် ၄၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးပဉ္စင်း၏ဇာတိ ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ဒီကနေ့ 26.6.2017 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာတော်များ မျိုးချစ်သီလရှင်များ မျိုးချစ်ညီအစ်ကိုမောင်နှမများ လာရောက် သွေးလှူဒါန်းခြင်း ဝေယျာဝစ္စဆောင်ရွက်ခြင်း နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်းတို့ ပြုလုပ်ခြင်းဖြင့် ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြတာကို တွေ့ရပါတယ်။
ထို့အပြင် ရန်ကုန်မြို့ မင်္ဂလာဒုံတပ်မတော်စစ်ဆေးရုံမှာ ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြသည့် ညီတော်နောင်တော်များ မျိုးချစ် မောင်နှမများလည်း စိတ်အားတက်ကြွစွာ မွေးနေ့ပွဲကို ကျင်းပပေးတာ တွေ့ရပါတယ်။
တိုက်ဆိုင်စွာပင် ဦးပဉ္စင်း၏မွေးနေ့ပွဲ၌ မွန်ပြည်နယ်နှင့်ရှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့တို့မှ We Love Wira Thu လက်မှတ်ထိုးပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်မြို့မှာကျင်းပသည့်သွေးလှူဒါန်းပွဲမှာ သွေးအိတ်ပေါင်း ၁၁၀ လှူဒါန်းနိုင်ခဲ့ပြီး ကျောက်ဆည်မြို့ သွေးလှူဒါန်းပွဲမှာ သွေးအိတ်ပေါင်း ၂၃၀ ရရှိခဲ့ပါတယ်။
အဆိုပါသွေးအိတ်များကိုအကြောင်းပြု၍ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ လူနာအသီးသီး ရောဂါအန္တရာယ်များ ကင်းရှင်းကာ လူနာရှင်မိသားစုများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြမှာဖြစ်ပါတယ်။
ထို့အတူ ဖုန်းဆက်၍ ဆုတောင်းပေးကြသူများ၊ SMS စာတိုပို့၍ ဆုတောင်းပေးကြသူများ၊ လူကိုယ်တိုင် လာရောက် ဆုတောင်းပေးကြသူများ၊ CB မှ မက်ဆေ့ပို့၍ ဆုတောင်းပေးကြသူများလည်း ရှိပါတယ်။
သို့ဖြစ်ပါ၍ ဦးပဉ္စင်းဦးဝီရသူ၏ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် အဝေးတစ်နေရာမှ ဆုတောင်းပေးသူများမှစ၍ အစစအရာရာ ကာယကံမေတ္တာ ဝစီကံမေတ္တာဖြင့် ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြကုန်သော ချစ်မြတ်နိုး၍ လေးစားကြည်ညိုကြကုန်သော မျိုးချစ်ညီနောင်အပေါင်းနှင့် မျိုးချစ်ပြည်သူအပေါင်းတို့အား မွေးနေ့လက်ဆောင်အဖြစ် ဤကျေးဇူးတင်လွှာလေးကို သူတစ်ပါးအကောင့်များမှတစ်ဆင့် ပေးပို့ဆက်သလိုက် ပါသည် သူတော်ကောင်းအပေါင်းတို့။
(ဦးပဉ္စင်း၏အကောင့် အပိတ်ခံထားရ၍ CB မှတစ်ဆင့် ပြန်လည် ပြောကြားခွင့် မရသည့်အတွက် သူများအကောင့်မှတစ်ဆင့် အကြောင်းပြန်လိုက်ရခြင်းကို CB မှဆုတောင်းလာသူများ သိစေလိုပါသည်။)

ဝီရသူ(မစိုးရိမ်)
26.6.2017
PM 11:14