ထုတ်ပြန်ကြေညာချက်သတင်း

မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ် မေတ္တာသဝဏ်လွှာ

ဒီကနေ့ 26.6.2017 ရက်နေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အီးဒ်နေ့မှာ မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အလားတူပင် အခြားသော ကုရ်ဘာနီလို အီးဒ်ကြီးနေ့များမှာလည်း ဘာသာတရားနှင့် လုံးဝမအပ်စပ်သည့် သားသတ်ပူဇော်ခြင်း သားသတ်လှူဒါန်းထောက်ပံ့ခြင်းများ မပါဝင်စေဘဲ ယခုကဲ့သို့ပင် အပြစ်ကင်းစင်သည့် ဘာသာရေးပွဲတော်ကြီးတစ်ခုအဖြစ် ဆက်လက် ကျင်းပနိုင်ပါစေကြောင်းလည်း ထပ်လောင်းမေတ္တာပို့သလိုက် ပါသည်။
ဦးပဉ္စင်းသည် မူဆလင်အားလုံး အစ္စလာမ်ဘာသာဝင်အားလုံးကို ရည်ညွှန်း၍ ပို့စ်တင်ခြင်း စာရေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။
ဦးပဉ္စင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေရှိသည့် အမိမြန်မာပြည်ကိုချစ်သော မူဆလင်များကို တိုင်းရင်းသားမိသားစုနည်းတူ သဘောထားပြီး မေတ္တာသက်ဝင် ချစ်ခင်နိုင်ပါသည်။
မြန်မာ့ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး အာရဗ်ယဉ်ကျေးမှုကို ထူထောင်နေသည့် အမိမြန်မာပြည်ကို ချစ်ပုံမရသော မူဆလင်များကိုလည်း မိတ်ဆွေအဖြစ်ပေါင်းသင်းဆက်ဆံနိုင်ရေးအတွက် မျှော်လင့်ခဲ့ပါသည်။
မြန်မာပြည်မှာနေသော်လည်း မြန်မာပြည်ကို အစ္စလာမ္မစ်နိုင်ငံထူထောင်ဖို့အတွက် နည်းလမ်းများစွာ ကြံစည်နေသော ဂျီဟဒ်ဝါဒီ မူဆလင်များကို တိုင်းပြည်၏အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသနာအတွက် အင်မတန်အန္တရာယ်ကြီးသူများအဖြစ် သတ်မှတ်ထားပါသည်။
သို့ဖြစ်ပါ၍ အမိမြန်မာပြည်အတွင်းမှာ ဦးပဉ္စင်းတို့တိုင်းရင်းသားများနှင့်အတူ မှီတင်းနေထိုင်ကြကုန်သော မွတ်စလင်အားလုံးသည် အမှတ်တစ်မူဆလင်တွေချည်းသာဖြစ်စေချင်ပါသည်။
ထိုသို့ဖြစ်စေဖို့ရန်လည်း ဦးပဉ္စင်းအားထုတ်နေပါသည်။

မူဆလင်များကလည်း ဦးပဉ္စင်းနှင့်အတူ အမှတ်တစ်မူဆလင်ပြည်သူများစွာ ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါသည်။
ဤမေတ္တာသဝဏ်လွှာသည် မူဆလင်အားလုံးနှင့်သက်ဆိုင်သော်လည်း အမှတ်တစ်မူဆလင်ညီအစ်ကိုမောင်နှ များကို အထူးရည်ရွယ်ပါသည်။
ဦးပဉ္စင်းအား အကြမ်းပတမ်းနည်းများဖြင့် တိုက်ခိုက်ထိုးနှက် နည်းမျိုးစုံဖြင့် လုပ်ကြံနေကြသော မူဆလင်တွေကို ကား လိုအပ်လျှင်လိုအပ်သလို သတင်းများတင်ခြင်း ပို့စ်များတင်ခြင်း စာပေရေးသားခြင်း တရားဓမ္မဟောပြော ခြင်း ဆုံးမသြဝါဒပေးခြင်း အသံဖိုင်ဗီဒီယိုဖိုင်များတင်ခြင်းများဖြင့် ဆက်လက်တုန့်ပြန်သည့်အခါမှာလည်း အမှတ်တစ် မူဆလင်ညီအစ်ကိုမောင်နှမများက ဦးပဉ္စင်းအား နားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံ တိုက်တွန်း အပ်ပါသည်။
အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး အစ္စလာမ်ဟူသောဝေါဟာရနှင့်အညီ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းရေးကို လိုလားတောင့်တစွာ ဖော်ဆောင်နိုင်ပါစေသတည်း။

အမှတ်တစ်မူဆလင်များကို မိတ်ဆွေအရင်းကဲ့သို့ ချစ်မြတ်နိုးသော

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
27.6.2017
AM 12:03