သတင္း

ဘုရားအေနကဇာတင္ တုိက္သစ္တက္ အႏုေမာဒနာ

3.3.2018 မႏၲေလး ေအာင္ေျမသာစံၿမဳိ႕နယ္ နန္းေတာ္ေရွ႕ ေဒါနပြားရပ္ ၁၇ လမ္း×၆၄လမ္း အိမ္အမွတ္ ၁ ေဒၚေဌးေဌးျမင့္(လ/ထ ညႊန္ၾကားေရးမွဴး-ၿငိမ္း) အဆင့္ျမင့္ပညာဦးစီးဌာန ေနအိမ္မွာ က်င္းပပါတယ္။ မိဘႏွစ္ပါးျဖစ္ၾကေသာ ဦးဘသင္+ေဒၚယဥ္ယဥ္တုိ႔အား ဦးထိပ္ထား၍ သံဃာေတာ္မ်ားအား အရုဏ္ဆြမ္းကပ္လွဴဒါန္းတာပါ။ မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ႀကီး ဘဒၵႏၲကုသလ အမွဴးျပဳေသာ ဆရာေတာ္သံဃာေတာ္မ်ား တက္ေရာက္ခ်ီးေျမွာက္ပါတယ္။

ေဒၚေဌးေဌးျမင့္ေနအိမ္သုိ႔ ေန႔စဥ္ဆြမ္းခံၾကြေသာ ဆြမ္းခံသံဃာမ်ားအားလည္း ဆြမ္းကပ္လွဴဒါန္းပါတယ္။ ေဒၚေဌးေဌးျမင့္သည္ မန္း မေဟာ္သဓာဗဟုိေကာ္မတီဝင္ျဖစ္ေသာေၾကာင့္ မန္း မဘသႏွင့္ မန္းမေဟာ္သဓာ ဗဟုိေကာ္မတီဝင္မ်ားကုိလည္း ဖိတ္မံေကၽြးေမြးပါတယ္။

နိရုတၱိဆရာေတာ္ ဘဒၵႏၲဣႏၵာစကၠာဘိဝံသ အႏုေမာဒနာတရား ခ်ီးေျမွာက္ပါတယ္။ ေလးထပ္တုိက္ အေပၚဆုံးထပ္ လသာေဆာင္မွာ ဆြမ္းကပ္တာျဖစ္လုိ႔ မနက္ေစာေစာ ေဆာင္းေလေအးေလးေတြနဲ႔ ေနလုိ႔ထုိင္လုိ႔ အင္မတန္ေကာင္းပါတယ္။

 

ဘုရားအနေကဇာတင် တိုက်သစ်တက် အနုမောဒနာ”

3.3.2018 မန္တလေး အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ဒေါနပွားရပ် ၁၇ လမ်း×၆၄လမ်း အိမ်အမှတ် ၁ ဒေါ်ဌေးဌေးမြင့်(လ/ထ ညွှန်ကြားရေးမှူး-ငြိမ်း) အဆင့်မြင့်ပညာဦးစီးဌာန နေအိမ်မှာ ကျင်းပပါတယ်။ မိဘနှစ်ပါးဖြစ်ကြသော ဦးဘသင်+ဒေါ်ယဉ်ယဉ်တို့အား ဦးထိပ်ထား၍ သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူဒါန်းတာပါ။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ အမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ချီးမြှောက်ပါတယ်။

ဒေါ်ဌေးဌေးမြင့်နေအိမ်သို့ နေ့စဉ်ဆွမ်းခံကြွသော ဆွမ်းခံသံဃာများအားလည်း ဆွမ်းကပ်လှူဒါန်းပါတယ်။ ဒေါ်ဌေးဌေးမြင့်သည် မန်း မဟော်သဓာဗဟိုကော်မတီဝင်ဖြစ်သောကြောင့် မန်း မဘသနှင့် မန်းမဟော်သဓာ ဗဟိုကော်မတီဝင်များကိုလည်း ဖိတ်မံကျွေးမွေးပါတယ်။

နိရုတ္တိဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ အနုမောဒနာတရား ချီးမြှောက်ပါတယ်။ လေးထပ်တိုက် အပေါ်ဆုံးထပ် လသာဆောင်မှာ ဆွမ်းကပ်တာဖြစ်လို့ မနက်စောစော ဆောင်းလေအေးလေးတွေနဲ့ နေလို့ထိုင်လို့ အင်မတန်ကောင်းပါတယ်။