မန်းမဟော်သဓာသတင်း

ဥပုသ်နေ့တစ်နေ့တာ (၁)




 

“ဥပုသ်နေ့တစ်နေ့တာ (၁)”

ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီလောက်မှာ မန်း မဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိပါတယ်။

ရန်ကုန်မှ ဝင်းကိုကိုလတ်တို့ဇနီးမောင်နှံနှင့် အမျိုးသားရေးညီငယ် ညီမငယ်လေးများလည်း လိုက်ပါလာကြပါတယ်။ မဟော်သဓာမြေကွက်ထဲမှာ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးဖို့အတွက် နေရာသတ်မှတ်ခြင်း၊ ကျင်းတူးခြင်း စသည်ဖြင့် လုပ်အားပေးနေကြတာကိုလည်း တွေ့ရပါတယ်။

လုပ်အားပေးသူများကတော့ မျိုးချစ်သမဂ္ဂဥက္ကဋ္ဌ အရှင်ဣန္ဒကနှင့် ရန်အောင်မြင်ရွာ ကျောင်းသူကျောင်းသားလေးများ၊ မျိုးချစ်များပဲ ဖြစ်ပါတယ်။ ကျင်းတူးရေး သစ်ပင်စိုက်ပျိုးရေးအတွက် ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။