သတင်း
ဥပုသ်နေ့တစ်နေ့တာ (၂)
“ဥပုသ်နေ့တစ်နေ့တာ (၂)”
ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။
ကျောင်းအုပ်ဆရာတော်လေး ဦးဝိလာသက (၂၈)ဝါ ရှိပါပြီ။ ဘကပညာရေးတည်ထောင်တာ (၁၅)နှစ်တောင် ရှိပါပြီ။ လက်ရှိမှာ ကျောင်းသားကျောင်းသူ (၂၂၈၀)ရှိပါတယ်။ အမြဲနေကျောင်းအိပ်ကျောင်းစား ကိုရင် သီလရှင် ကျောင်းသား ကောျင်းသူ (၃၀၀)ကျော်ရှိပါတယ်။
ဗမာစကားမတတ်သေးတဲ့ ကလေးငယ်တွေ၊ မူလတန်း အလယ်တန်းအောင်ပြီး ရွာမှာ တက်စရာကျောင်းမရှိတော့တဲ့ကငယ်တွေနှင့် စစ်ကိုင်းမြို့ဝန်းကျင်မှ ကျောင်းသူကျောင်းသားလေးများ တက်ရောက်သင်ယူကြတယ်လို့ ဆိုပါတယ်။
အဆောက်အဦးကလည်း များပြား၊ ကစားစရာတွေလည်းလုပ်ထား၊ စာကြည့်တိုက်ကလည်း သီးသန့် စုံနေလို့ပါပဲ။ ဗမာစကားမတတ်တဲ့ကိုရင်လေးတွေကို ဗမာဇာတ်ကားပြထားတာ တွေ့ရပါတယ်။ ကိုရင်လေးတွေ အလုအယက် ကြည့်ရှုနေကြတာ တွေ့ခဲ့ရပါတယ်။ ညီတော်မောင် အရှင်ဝိလာသ ဒီထက်မက အောင်မြင်ပါစေ။