သတင္း

မဂၤလာသိဒၶိဆရာေတာ္ႀကီး

မဂၤလာသိဒၶိဆရာေတာ္ႀကီး ဘဒၵႏၲေသာဘိတမေထရ္ႀကီးဟာ သက္ေတာ္ ၉၀ အရြယ္ရွိၿပီး မ်က္စိေရာ နားေရာ ေကာင္းပါတယ္။ တရားေဟာလည္း ေဟာႏုိင္ပါေသးတယ္။ လမ္းလည္းေလွ်ာက္ႏုိင္ပါေသးတယ္။ ေရမုိးခ်ဳိးတာကအစ ကုိယ္တုိင္ ခ်ဳိးလုိ႔ရပါေသးတယ္။

ထုိင္တာ ထတာ ထူရတာတစ္ခုပဲ ရွိတာပါ။ ဆရာေတာ္ႀကီးႏွင့္ေတြ႕ဆုံကာ ဆရာေတာ္ႀကီးက်န္းမာေရးေစာင့္ေရွာက္ပုံေတြကုိ ေမးျမန္းခဲ့ပါတယ္။ ဆရာေတာ္ႀကီးက သားႀကီးငါးႀကီးမစားပါ။ ေခါင္းတစ္ရာသား ျဖစ္တဲ့ ငါးမႊားမႊားေလးေတြပဲ စားပါတယ္။

တစ္ေန႔လွ်င္ စႀကႍသုံးႀကိမ္ေလွ်ာက္ပါတယ္။ စႀကႍေလွ်ာက္ရင္း ကမၼ႒ာန္းစီးျဖန္းတာေၾကာင့္ စႀကႍကမၼ႒ာန္းလုိ႔ ဆုိရမွာပါ။
စႀကႍေလွ်ာက္တဲ့ေက်းဇူးေၾကာင့္ အသက္ရွည္ႀကီး က်န္းမာျခင္းလည္း ျဖစ္ႏုိင္ပါတယ္။ ဆရာေတာ္ႀကီးက စာလည္းခ်ပါတယ္။

တရားလည္းျပပါတယ္။ စာခ်စဥ္က စာခ်တန္းဆုိင္ရာ က်မ္းဂန္မ်ား ပုိ႔ခ်တတ္ၿပီး သႀကၤန္လုိအခါႀကီးရက္ႀကီးမ်ဳိးမွာ တရားစခန္း ဖြင့္ကာ တရားေဟာ တရားျပေၾကာင္းလည္း သိရပါတယ္။ ပရိယတ္ ပဋိပတ္ စြယ္စုံရေသာ က်မ္းႀကီးေပါက္ဆရာေတာ္ႀကီးပါ။

စာေရးသူရဲ႕ ငယ္ဆရာ က်ဳံးမေငးၿမဳိ႕ ဘုရားႀကီးေက်ာင္းတုိက္ဆရာေတာ္ႀကီး ဘဒၵႏၲေတဇရဲ႕ သူငယ္ခ်င္းလုိ႔ သိရပါတယ္။
အစားအစာ ဆင္ျခင္တဲ့အတြက္ေၾကာင့္ ေရာဂါကင္းရွင္း က်န္းမာျခင္းလည္း ျဖစ္ႏုိင္ပါတယ္။

သက္ေတာ္ရွည္ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားကုိ ဖူးခြင့္ရတာ ကံထူးသလုိ ဆရာေတာ္ႀကီးမ်ားရဲ႕ ေမတၱာကရုဏာ အရိပ္အာဝါသေအာက္မွာေနရတာလည္း လုံၿခဳံေအးျမပါတယ္။

 

“မင်္ဂလာသိဒ္ဓိဆရာတော်ကြီး”

မင်္ဂလာသိဒ္ဓိဆရာတော်ကြီး ဘဒ္ဒန္တသောဘိတမထေရ်ကြီးဟာ သက်တော် ၉၀ အရွယ်ရှိပြီး မျက်စိရော နားရော ကောင်းပါတယ်။ တရားဟောလည်း ဟောနိုင်ပါသေးတယ်။ လမ်းလည်းလျှောက်နိုင်ပါသေးတယ်။ ရေမိုးချိုးတာကအစ ကိုယ်တိုင် ချိုးလို့ရပါသေးတယ်။

ထိုင်တာ ထတာ ထူရတာတစ်ခုပဲ ရှိတာပါ။ ဆရာတော်ကြီးနှင့်တွေ့ဆုံကာ ဆရာတော်ကြီးကျန်းမာရေးစောင့်ရှောက်ပုံတွေကို မေးမြန်းခဲ့ပါတယ်။ ဆရာတော်ကြီးက သားကြီးငါးကြီးမစားပါ။ ခေါင်းတစ်ရာသား ဖြစ်တဲ့ ငါးမွှားမွှားလေးတွေပဲ စားပါတယ်။
တစ်နေ့လျှင် စင်္ကြံသုံးကြိမ်လျှောက်ပါတယ်။

စင်္ကြံလျှောက်ရင်း ကမ္မဋ္ဌာန်းစီးဖြန်းတာကြောင့် စင်္ကြံကမ္မဋ္ဌာန်းလို့ ဆိုရမှာပါ။ စင်္ကြံလျှောက်တဲ့ကျေးဇူးကြောင့် အသက်ရှည်ကြီး ကျန်းမာခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆရာတော်ကြီးက စာလည်းချပါတယ်။ တရားလည်းပြပါတယ်။
စာချစဉ်က စာချတန်းဆိုင်ရာ ကျမ်းဂန်များ ပို့ချတတ်ပြီး သင်္ကြန်လိုအခါကြီးရက်ကြီးမျိုးမှာ တရားစခန်း ဖွင့်ကာ တရားဟော တရားပြကြောင်းလည်း သိရပါတယ်။

ပရိယတ် ပဋိပတ် စွယ်စုံရသော ကျမ်းကြီးပေါက်ဆရာတော်ကြီးပါ။ စာရေးသူရဲ့ ငယ်ဆရာ ကျုံးမငေးမြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တတေဇရဲ့ သူငယ်ချင်းလို့ သိရပါတယ်။

အစားအစာ ဆင်ခြင်တဲ့အတွက်ကြောင့် ရောဂါကင်းရှင်း ကျန်းမာခြင်းလည်း ဖြစ်နိုင်ပါတယ်။ သက်တော်ရှည် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို ဖူးခွင့်ရတာ ကံထူးသလို ဆရာတော်ကြီးများရဲ့ မေတ္တာကရုဏာ အရိပ်အာဝါသအောက်မှာနေရတာလည်း လုံခြုံအေးမြပါတယ်။